ဇူလိုင်လအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းထဲက မြို့နယ် ၃ မြို့မှာ မိုင်းပေါက်ကွဲမှုကြောင့် သံဃာတော်(၁)ပါး၊ အသက် (၅)နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအ၀င် (၅)ဦးသေဆုံးပြီး (၁၃)ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူနဲ့ သေဆုံးသူတွေကတော့ ကျောက်မဲ၊ ကွတ်ခိုင်နဲ့ နမ့်ခမ်းမြို့နယ်ထဲက ဒေသခံတွေပဲ ဖြစ်ပါတယ်။
မနေ့ ဇူလိုင် ၃၀ ရက်က ကွတ်ခိုင်မြို့နယ် ခိုတင်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ မိုင်းပေါက်ကွဲမှုနဲ့ပတ်သက်ပြီးတော့ မိုင်းအန္တရာယ်အသိပညာပေးတာတွေ လုပ်ဆောင်နေတဲ့ တအာင်းကျောင်းသားနဲ့ လူငယ်များအဖွဲ့ (TSYU)ရဲ့ တွဲဖက်အထွေထွေ အတွင်းရေးမှူး လွေးပို့ဂျေက အခုလို ပြောပါတယ်။
“အရင်နှစ်က မြန်မာ့တပ်မတော် တပ်မ(၉၉)တွေ အဲဒီနေအိမ်မှာ တည်းခဲ့ဖူးတယ်။ သူတို့အဖွဲ့ကို သွားပြောရင်တောင် ဒါသေချာတယ် သူတို့၀န်ခံမှာ မဟုတ်ဘူး။ တခြားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြန်ပြီးပုံချမှာ နောက်ဆုံးက ပြည်သူလူထုတွေပဲ ထိခိုက်ခံစားနေရတယ်” လို့ လွေးပို့ဂျေက ပြောပါတယ်။
မည်သည့်လက်နက်ကိုင်မဆို ထောင်ထားတဲ့ မိုင်းရှိပါက ဒေသခံတွေကို ပြောပြဖို့နဲ့ ပြန်လည် ဖြုတ်သိမ်းသွားစေချင်တယ်လို့ ဆိုပါတယ်။
ဆက်လက်ပြီး လွေးပို့ဂျေက “ဒေသခံပြည်သူတွေ မတော်တဆ မိုင်းထိမိသွားရင်တောင် လုံး၀ တာ၀န်ယူမှု တာ၀န်ခံမှုရှိရမယ်။ အခု ဒီလထဲမှာ TSYU အဖွဲ့အနေနဲ့ မှတ်တမ်းရသလောက်က တအာင်းပြည်သူတွေပဲ ထိနေတယ်။ ဘယ်လက်နက်ကိုင်အဖွဲ့မှ လာရောက်တာ၀န်ယူပေးတာတွေ မရှိဘူး” လို့ ပြောပါတယ်။
https://web.facebook.com/shwepheemyaynews/photos/a.451237879025682/752807112202089/?type=3&__xts__%5B0%5D=68.ARCUIPsFSVV3u_Bz5ZIIgWb7tPm28fAiwIAsuR2d6RACacz1Rl1o69xcC7127MDP0oKGOTkUZL-muV00TutNQVHBOrAMlu1dnMxBJsMvkPVFdaO6vzS8NT98tHIYteRRcIyY9i0uIHOavGC8joSrq4dfEPFQdYYDRPtDE3RDzYzxrXWbYcEyv1TunlUFJ71tNZZolX5tuHZWAG1GLSqeTGMJx-sLQjv3P6ocd6o548ku-G4AKy2A0wXl06hklwWPk5btqJoCVT9_5_fjvb4G7IElYM1_Za8pk7-PQFPiCk0r9hkoJTsotiQbazHShUYy1E2c3muCCOz4oXe_h4iTMYk&__tn__=-R
No comments:
Post a Comment