Wednesday, July 1, 2020

အရာရှိ၊ စစ်သည်များ၏ လစာငွေများသွားရောက်ထုတ်ယူသည့် တပ်မတော်ယာဉ်တန်းကို AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များက မိုင်းဆွဲတိုက်ခိုက်၊ AA အကြမ်းဖက်သောင်းကျန်းသူ ၁ ဦးအား အသေဖမ်းဆီးရမိ

အရာရှိ၊ စစ်သည်များ၏ လစာငွေများသွားရောက်ထုတ်ယူသည့် တပ်မတော်ယာဉ်တန်းကို AA အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့များက မိုင်းဆွဲတိုက်ခိုက်၊ AA အကြမ်းဖက်သောင်းကျန်းသူ ၁ ဦးအား အသေဖမ်းဆီးရမိ

နေပြည်တော် ဇူလိုင် ၁
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စစ်တောကျေးရွာ အနီးရှိ နယ်မြေခံတပ်မှ အရာရှိ၊စစ်သည်များ၏ လစာငွေများ ထုတ်ယူရန် အတွက် ကျောက်ဖြူမြို့သို့ ထွက်ခွာ လာသော တပ်မတော်ယာဉ်တန်းတစ်ခုကို ဇွန် ၃၀ ရက် နံနက်ပိုင်းတွင် AA အကြမ်းဖက် သောင်းကျန်းသူများက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။
အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ကျောက်ဖြူ မြို့နယ်၊ စစ်တောကျေးရွာအနီးရှိ နယ်မြေခံတပ်မှ အရာရှိ၊ စစ်သည်များ၏ လစာငွေများ ထုတ်ယူရန်အတွက် ဇွန် ၃၀ ရက် နံနက်ပိုင်းတွင် စစ်တောကျေးရွာမှ ကျောက်ဖြူမြို့သို့ တပ်မတော် မော်တော် ယာဉ်များဖြင့် ထွက်ခွာလာခဲ့ကြောင်း၊ ကပ်သပြေကျေးရွာ၏ အနောက် တောင်ဘက် မီတာ ၃၀၀၀ ခန့်အကွာ စစ်တော-ကျောက်ဖြူသွားကားလမ်းပေါ်ရှိ သစ်သားတံတားအနီး အရောက်တွင် AA အကြမ်းဖက်သောင်းကျန်းသူများက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးလိုက်ပါလာသည့် တပ်ဖွဲ့ဝင် များက ပြန်လည်ပစ်ခတ်ခဲ့ရာ သောင်းကျန်းသူများမှာ အရှေ့ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်း၊ တပ်မတော်သားများက စနစ်တကျလုံခြုံရေး လိုက်ပါ ဆောင်ရွက်ခဲ့မှုကြောင့် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် AA အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်း တစ်လောင်းကို မိုင်းထောင်ရာတွင် အသုံးပြု သည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ၎င်းဖြစ်စဉ်နေရာ အနီးတစ်ဝိုက် မသင်္ကာဖွယ်အမျိုးသား ၁၀ ဦး၊ အမျိုး သမီး ၂ ဦးအား လည်းကောင်း ဖမ်းဆီးရမိပြီး မသင်္ကာဖွယ် ၁၂ ဦးအား လိုအပ်သည် များ ဆက်လက်စစ်ဆေးရန် ကျောက်ဖြူမြို့မရဲစခန်းသို့ လွှဲပြောင်းသွားမည်ဖြစ် ကြောင်း ဖော်ပြပါရှိသည်။
ယခုဖြစ်စဉ်သည် ကျောက်ဖြူမြို့နယ်အတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးအတွက် တပ်မတော်သားများက နယ်မြေလုံခြုံရေးများ ဆောင်ရွက် လျက်ရှိစဉ် ဇွန်လ ၂၆ ရက် ညပိုင်းတွင် သိုင်းချောင်း-သစ်ပုတ်တောင်သွားကားလမ်းပေါ်၌ ကပ်သပြေကျေးရွာ တွင်နေထိုင်သော AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ပတ်သက်ဆက်နွှယ်သူ ၇ ဦးကို မသင်္ကာဖွယ် အထောက်အထားများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ကျောက်ဖြူ မြို့မရဲစခန်းတွင် တရားဥပဒေအရ အရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိသည့်ဖြစ်စဉ်နှင့် ဆက်စပ် လျက်ရှိကြောင်းလည်း ယင်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

No comments:

Post a Comment