အငြင်းပွားမှုနှင့် တိုင်ကြားစာများဖြေရှင်းရေးအစည်းအဝေး JMC-S(ကရင်) ကျင်းပ
..................................................................
ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည်ရေးကော်မတီ[JMC-S(ကရင်)]၏ အတွင်းရေးမှူးများ၊ ကော်မတီဝင် အရပ်သားကိုယ်စားလှယ်များနှင့် နည်းပညာအထောက်အကူပြု ဝန်ထမ်းများသည် အငြင်းပွားမှုများနှင့် တိုင်ကြားစာများအား ဖြေရှင်းဆောင်ရွက်နိုင်ရန် ပုံမှန်ဖြစ်စဉ်သုံးသပ်ရေးအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ (၂၉) ရက်နေ့၌ ကျင်းပခဲ့ပါသည်။
.
ဘားအံမြို့ရှိ JMC-S(ကရင်) ရုံးတွင်ကျင်းပသည့် အဆိုပါအစည်းအဝေးသို့ JMC-S(ကရင်) ဒုတိယဥက္ကဋ္ဌ(၂) နန်းအေးမြိုင်၊ အတွင်းရေးမှူး (၁) ပဒိုစောရွှေမောင်း၊ အတွင်းရေးမှူး(၂) ဒုတိယဗိုလ်မှူးကြီး သန်းထွန်းအောင်၊ ကော်မတီဝင် အရပ်သားကိုယ်စားလှယ် နန်းလှယဉ်မေနှင့် နည်းပညာအထောက်အကူပြုရုံး ဝန်ထမ်းများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
#JMC_S_Kayin
#JointCeasefireMonitoringCommittee
https://www.facebook.com/JointCeasefireMonitoringCommittee/posts/1124978914541878?__tn__=-R
No comments:
Post a Comment