Monday, June 29, 2020

ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ IDP စခန်းများတွင် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ

ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ရှိ IDP စခန်းများတွင် COVID-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ


နေပြည်တော် ဇွန် ၂၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင် စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။
ထိုသို့ဆောင်ရွက်လျှက်ရှိရာ ယနေ့တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ နောင်ဟီး IDP စခန်းနှင့် မံစီမြို့နယ်ရှိ မံပိန်းကြီးကက်သလစ်နှင့် မံပိန်းကြီးနှစ်ခြင်း စုစုပေါင်း IDP စခန်း(၃)ခုသို့ သွားရောက်၍ လက်ဆေးစင်(၁၀)ခု၊ ဗီနိုင်း(၂)ချပ်၊ အပူချိန်တိုင်းကိရိယာ(၄)ခု၊ Surgical Mask(၁၆၆၈)ခု၊ ကိုဗစ်-၁၉ အသိပညာပေးအသံဖိုင်ထည့်သွင်းထားသော Memory Stick (၂)ခု၊ Hand Speaker (၂)ခု၊ အဝတ် Mask (၈၇၂၄)ခု၊ လက်သန့်ဆေးရည်(၁၆၆၈)ဗူး၊ ထုံးအိတ် (၂၀) ၊ ဆပ်ပြာ(၆၄၁၄)ခဲတို့ကို သွားရောက် ထောက်ပံ့ခဲ့သည်။
ထို့အတူ ယမန်နေ့ကလည်း ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ဒါးပိုင်၊ အုန်းတောကြီး (မြောက်)နှင့် အုန်းတောကြီး(တောင်) စုစုပေါင်း IDP စခန်း(၃)ခုသို့ သွားရောက်၍ ဆပ်ပြာ (၃၅၀၂၈)တောင့်အား သွားရောက်ထောက်ပံ့ခဲ့သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့် ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်း များအပြင် အသိပညာပေး လုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများနှင့် စိတ်ဓါတ် ရေးရာမြှင့်တင်ပေးမှုဆိုင်ရာ လုပ်ငန်းများကို နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသ ကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment