ရခိုင္နယ္ေျမရွင္းလင္းေရးစစ္ အစုအျပံဳလိုက္ထြက္ေျပးမႈ ထပ္ျဖစ္လာႏိုင္
29 ဇြန္၊ 2020
ဗြီအိုေအ (ျမန္မာပုိင္း)
ရခိုင္ျပည္နယ္မွာ တပ္စဲြထားတဲ့ ျမန္မာစစ္တပ္က တပ္ဖဲြ႔၀င္တခ်ိဳ႕။ (ဇန္န၀ါရီ ၁၉၊ ၂၀၁၃)
ရခိုင္ျပည္နယ္မွာ တပ္စဲြထားတဲ့ ျမန္မာစစ္တပ္က တပ္ဖဲြ႔၀င္တခ်ိဳ႕။ (ဇန္န၀ါရီ ၁၉၊ ၂၀၁၃)
မွ်ေ၀ပါ
Print
[Zawgyi/Unicode]
ျမန္မာႏိုင္ငံ၊ ရခိုင္ျပည္နယ္ထဲ လတ္တေလာ လုပ္ေဆာင္ေနတဲ့ နယ္ေျမရွင္းလင္းေရး စစ္ဆင္ေရးေတြဟာ ႐ိုဟင္ဂ်ာေတြအေပၚ က်ဴးလြန္ခဲ့တဲ့ ရက္စက္ ၾကမ္းၾကဳတ္မႈေတြကို ျပန္လည္ ထင္ဟပ္ေစသလို၊ အရပ္ဘက္၊ စစ္ဘက္ မခဲြဘဲ ပစ္မွတ္ထားရွင္းလင္းမယ့္ အႏၲရာယ္ျဖစ္ေနတယ္ဆိုတာ ေဖာ္ျပေနေၾကာင္း REFUGEES INTERNATONAL အဖြဲ႕က ေျပာပါတယ္။
အခုအခါ ရခိုင္အရပ္သား ေထာင္ေပါင္းမ်ားစြာ အိုးအိမ္စြန္႔ခြာ ထြက္ေျပးေနၾကရၿပီး ဒီ စစ္ဆင္ေရးေတြ ရပ္ဆိုင္းဖို႔ ကမာၻ႔ႏိုင္ငံေတြက မေတာင္းဆိုဘူးဆိုရင္ ေနာက္ထပ္ အရပ္သားေတြ အမ်ားအျပား ထြက္ေျပးၾကရဖို႔ ရွိေၾကာင္း REFUGEES INTERNATONAL အဖြဲ႕ ထုတ္ျပန္ ေၾကညာခ်က္မွာ ပါရွိပါတယ္။
ရခိုင္စစ္ေဘးေရွာင္ ဒုကၡသည္မ်ား။
SEE ALSO:
အရပ္သားေတြရဲ႕ အသက္အိုးအိမ္စည္းစိမ္ ကာကြယ္ေရး ခ်က္ခ်င္းေဆာင္ရြက္ဖို႔ ကုလသမဂၢ ေတာင္းဆို
လြန္ခဲ့တဲ့ ၃ ႏွစ္က ပဋိပကၡေတြအတြင္း ႐ိုဟင္ဂ်ာ သိန္းဂဏန္း ထြက္ေျပးခဲ့ၾကရတာေၾကာင့္ ဒီလို ျဖစ္ရပ္မ်ိဳး ထပ္ မျဖစ္ပြားေအာင္ ႏိုင္ငံတကာ တရား႐ုံးက အမိန္႔ထုတ္ျပန္ထားေပမဲ့ အခု ေနာက္ဆုံး ျဖစ္ရပ္ ေတြက ျမန္မာႏိုင္ငံအတြင္း ေျပာင္းလဲမႈ တစ္စုံတစ္ရာ မရွိဘူးဆိုတာကို ျပသေနေၾကာင္းလည္း REFUGEE INTERNATIONAL က ေျပာပါတယ္။
အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီး Mike Pompeo
အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီး Mike Pompeo
ျမန္မာႏိုင္ငံအတြင္း အရင္က က်ဴးလြန္ခဲ့တဲ့ ရက္စက္ ၾကမ္းၾကဳတ္မႈေတြကို အေမရိကန္နဲ႔ တျခားႏိုင္ငံေတြက အသိအမွတ္ျပဳ ေျပာဆိုျခင္း မရွိတာေၾကာင့္ လူ႔အသက္ေတြ ေနာက္ထပ္ ဆုံးရႈံးမယ့္ အႏၲရာယ္ေတြ ရွိေနေၾကာင္းနဲ႔ ႐ိုဟင္ဂ်ာေတြအေပၚ က်ဴးလြန္မႈက လူမ်ိဳးတုန္း သတ္ျဖတ္မႈ ျဖစ္တယ္ဆိုတာကို အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီး Mike Pompeo လက္ခံအသိအမွတ္ျပဳဖို႔အေရး ေတာင္းဆိုမယ့္ လက္မွတ္ေရးထိုး အဆိုျပဳလႊာ တစ္ခု ေကာက္ယူေနၾကာင္း REFUGEE INTERNATIONAL အဖြဲ႕က ေျပာပါတယ္။
၂၀၁၇ ခုႏွစ္တုန္းက ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ျမန္မာစစ္တပ္နဲ႔ ARSA အၾကမ္းဖက္လက္နက္ကိုင္အဖြဲ႕ တိုက္ပြဲေတြအတြင္း နယ္ေျမရွင္းလင္းမႈေတြေၾကာင့္ ဒုကၡသည္ သိန္းနဲ႔ ခ်ီၿပီးေနရပ္စြန္႔ခြာ ထြက္ေျပးခဲ့ရပါတယ္။ ျမန္မာအစိုးရကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံေပမဲ့ ဒုကၡသည္ေတြကို ျပန္လည္ စိစစ္လက္ခံသြားမယ္လို႔ ေျပာဆိုထားပါတယ္။
ရခိုင္နယ္ေျမရွင္းလင္းေရးစစ္ အစုအျပံဳလိုက္ထြက္ေျပးမႈ ထပ္ျဖစ္လာႏိုင္ EMBED SHARE
ရခိုင္နယ္ေျမရွင္းလင္းေရးစစ္ အစုအျပံဳလိုက္ထြက္ေျပးမႈ ထပ္ျဖစ္လာႏိုင္
by ဗီြအိုေအ
EMBED SHARE
The code has been copied to your clipboard.
<iframe src="https://burmese.voanews.com/embed/player/0/5481598.html?type=audio" frameborder="0" scrolling="no" width="100%" height="144" allowfullscreen></iframe>
The URL has been copied to your clipboard
Facebook တြင္ျဖန္႔ေ၀ရန္
Twitter တြင္ျဖန္႔ေ၀ရန္
https://burmese.voanews.com/a/rahine-conflict/5481598.html
No media source currently available
0:001:32
0:00
တိုက္႐ိုက္ လင့္ခ္
သီးျခားခြဲထုတ္၍ နားဆင္ႏုိင္ပါသည္။
[Unicode Version]
ရခိုင်နယ်မြေရှင်းလင်းရေးစစ် အစုအပြုံလိုက်ထွက်ပြေးမှု ထပ်ဖြစ်လာနိုင်
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ထဲ လတ်တလော လုပ်ဆောင်နေတဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို ပြန်လည် ထင်ဟပ်စေသလို၊ အရပ်ဘက်၊ စစ်ဘက် မခွဲဘဲ ပစ်မှတ်ထားရှင်းလင်းမယ့် အန္တရာယ်ဖြစ်နေတယ်ဆိုတာ ဖော်ပြနေကြောင်း REFUGEES INTERNATONAL အဖွဲ့က ပြောပါတယ်။
အခုအခါ ရခိုင်အရပ်သား ထောင်ပေါင်းများစွာ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရပြီး ဒီ စစ်ဆင်ရေးတွေ ရပ်ဆိုင်းဖို့ ကမ္ဘာ့နိုင်ငံတွေက မတောင်းဆိုဘူးဆိုရင် နောက်ထပ် အရပ်သားတွေ အများအပြား ထွက်ပြေးကြရဖို့ ရှိကြောင်း REFUGEES INTERNATONAL အဖွဲ့ ထုတ်ပြန် ကြေညာချက်မှာ ပါရှိပါတယ်။
ရခုိင္ျပည္နယ္တြင္း ကင္းလွည့္ေနတဲ့ ျမန္မာ့တပ္မေတာ္သားတခ်ိဳ႕။ (ေအာက္တိုဘာ ၂၁၊ ၂၀၁၆)
SEE ALSO:
ရေသ့ေတာင္ၿမိဳ႕နယ္တြင္း စစ္ေရးတင္းမာမႈ အေျခအေန ကုလစုိးရိမ္
လွန်ခဲ့တဲ့ ၃ နှစ်က ပဋိပက္ခတွေအတွင်း ရိုဟင်ဂျာ သိန်းဂဏန်း ထွက်ပြေးခဲ့ကြရတာကြောင့် ဒီလို ဖြစ်ရပ်မျိုး ထပ် မဖြစ်ပွားအောင် နိုင်ငံတကာ တရားရုံးက အမိန့်ထုတ်ပြန်ထားပေမဲ့ အခု နောက်ဆုံး ဖြစ်ရပ် တွေက မြန်မာနိုင်ငံအတွင်း ပြောင်းလဲမှု တစ်စုံတစ်ရာ မရှိဘူးဆိုတာကို ပြသနေကြောင်းလည်း REFUGEE INTERNATIONAL က ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း အရင်က ကျူးလွန်ခဲ့တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကို အမေရိကန်နဲ့ တခြားနိုင်ငံတွေက အသိအမှတ်ပြု ပြောဆိုခြင်း မရှိတာကြောင့် လူ့အသက်တွေ နောက်ထပ် ဆုံးရှုံးမယ့် အန္တရာယ်တွေ ရှိနေကြောင်းနဲ့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုက လူမျိုးတုန်း သတ်ဖြတ်မှု ဖြစ်တယ်ဆိုတာကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Mike Pompeo လက်ခံအသိအမှတ်ပြုဖို့အရေး တောင်းဆိုမယ့် လက်မှတ်ရေးထိုး အဆိုပြုလွှာ တစ်ခု ကောက်ယူနေကြာင်း REFUGEE INTERNATIONAL အဖွဲ့က ပြောပါတယ်။
ရခုိင္ျပည္နယ္အတြင္း လုံၿခဳံေရးယူေနတဲ့ ျမန္မာ့တပ္မေတာ္သားမ်ား။ (ေအာက္တိုဘာ ၃၊ ၂၀၁၃)
SEE ALSO:
ရေသ့ေတာင္ၿမိဳ႕နယ္တြင္း နယ္ေျမရွင္းလင္းေရး ညႊန္ၾကားခ်က္ ျပန္လည္႐ုပ္သိမ္း
၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်နဲ့ ARSA အကြမ်းဖက်လက်နက်ကိုင်အဖွဲ့ တိုက်ပွဲတွေအတွင်း နယ်မြေရှင်းလင်းမှုတွေကြောင့် ဒုက္ခသည် သိန်းနဲ့ ချီပြီးနေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမဲ့ ဒုက္ခသည်တွေကို ပြန်လည် စိစစ်လက်ခံသွားမယ်လို့ ပြောဆိုထားပါတယ်။
https://burmese.voanews.com/a/rahine-conflict/5481473.html
No comments:
Post a Comment