Monday, June 29, 2020

ဂူတာပြင်ဖြစ်စဉ်အပေါ် စစ်ဆေးဆောင်ရွက်သည့် စစ်တရားရုံး၏ ဆုံးဖြတ်ချက်နှင့် ပြစ်ဒဏ်ချမှတ်ချက်များ အတည်ပြု

ဂူတာပြင်ဖြစ်စဉ်အပေါ် စစ်ဆေးဆောင်ရွက်သည့် စစ်တရားရုံး၏ ဆုံးဖြတ်ချက်နှင့် ပြစ်ဒဏ်ချမှတ်ချက်များ အတည်ပြု

နေပြည်တော် ဇွန် ၂၉
ဂူတာပြင်ကျေးရွာဖြစ်စဉ်နှင့်စပ်လျဉ်းသည့် စစ်တရားရုံး (Court-Martial)သည် သက်သေစုံလင် စွာဖြင့် စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၃၀ ရက်တွင် စစ်ဆေးမှုများ ပြီးစီးခဲ့ကြောင်း၊ စစ်တရားရုံး(CourtMartial)၏ စစ်ဆေးစီရင်မှုများအား သက်ဆိုင်ရာ အတည်ပြု အာဏာပိုင်၏ ပြစ်ဒဏ်အတည်ပြုချက်ရရှိပါက ဆက်လက်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း၊ မောင်နု ကျေးရွာနှင့် ချွတ်ပြင်ကျေးရွာဖြစ်စဉ်များကို စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry) ဖြင့် စစ်ဆေးဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ မေ ၈ ရက်တွင် သတင်းထုတ်ပြန်ပြီး ဖြစ်ပါသည်။
ယခုအခါ ဂူတာပြင်ကျေးရွာဖြစ်စဉ်နှင့် စပ်လျဉ်းသည့် စစ်တရားရုံး (Court-Martial) က အရာရှိကြီးတစ်ဦး၊ အရာရှိတစ်ဦးနှင့် အခြားအဆင့် စစ်သည်တစ်ဦးတို့အပေါ် သက်ဆိုင်ရာစွဲချက်အရ အပြစ်ရှိကြောင်း ဆုံးဖြတ်ချက်နှင့် ပြစ်ဒဏ်ချမှတ်ချက်တို့ကို သက်ဆိုင်ရာအတည်ပြု အာဏာပိုင်က အတည်ပြုပြီးဖြစ်ကြောင်း၊ မောင်နုကျေးရွာနှင့် ချွတ်ပြင်ကျေးရွာဖြစ်စဉ်များကို စုံစမ်းစစ်ဆေးရေးခုံရုံး (Court of Inquiry) ဖြင့် စစ်ဆေး ဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment