ကျောက်တော်မြို့နယ် ကန်စောက်ကျေးရွာအနီး AA အကြမ်းဖက်သောင်းကျန်းသူတစ်ဦး ဖမ်းဆီးရမိ

နေပြည်တော် ဇွန် ၂၉
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကန်စောက်ကျေးရွာအနီး AA အကြမ်းဖက် သောင်းကျန်းသူတစ်ဦးအား ဇွန် ၂၈ ရက်တွင် ဖမ်းဆီးရမိကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ကျောက်တော်မြို့နယ်ရှိ နယ်မြေခံတပ်နှင့် ကန်စောက်ရဲကင်းစခန်းတို့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကန်စောက်ကျေးရွာအနီး လုံခြုံရေးဆောက်ရွက်နေစဉ် ဇွန် ၂၈ ရက် နံနက် ၉ နာရီခွဲတွင် ကျောက်တော်မှ စစ်တွေသို့ မောင်းနှင်လာသော မသင်္ကာဖွယ်ရာ ယာဉ်တစ်စီးအား ရပ်တန့်စစ်ဆေးခဲ့ရာ လိုင်စင်မဲ့ယာဉ်ဖြစ်နေသောကြောင့် ယာဉ်ပေါ်တွင် လိုက်ပါလာသူများအား ဆက်လက်စစ်ဆေးရာ ဦးဘိုကျော်သန်း ကိုင်ဆောင်သည့် VIVO အနက်ရောင် ဖုန်းအတွင်းမှ ဖောက်ခွဲရေးပိုင်း ပြုလုပ်ထားသည့် မှတ်တမ်းဓာတ်ပုံများ၊ ၎င်းကိုယ်တိုင် ဖောက်ခွဲရေးရီမုတ်ကိုင်ဆောင်ထားသည့် မှတ်တမ်းဓာတ်ပုံများ၊ အပေါက်ဝကျေးရွာအနီး ထောင်ထားသည့်မိုင်းနှင့် မိုင်းထောင်ထားသည့်နေရာပြ GPS မြေပုံညွှန်း Screenshot မှတ်တမ်းဓာတ်ပုံများ၊ အသက် ၃၅ နှစ်ခန့်ရှိ အမျိုးသားတစ်ဦးအား လက်ထိပ်ခတ် ဖမ်းဆီးထားသည့် မှတ်တမ်းဓာတ်ပုံများအား စစ်ဆေးတွေ့ရှိရကြောင်း ဖော်ပြပါရှိသည်။
No comments:
Post a Comment