Monday, June 29, 2020

ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်နေဒေသခံများ နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ

ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်နေဒေသခံများ နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ
By The Standard Time Daily -June 29, 2020
Share on Facebook

ရသေ့တောင်မြို့နယ် ကျောက်တန်း ကျေးရွာဝန်းကျင်ရှိ ကျေးရွာများတွင် တိုက်ပွဲ များ ပြင်းထန်နေပြီး ဒေသခံများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများ နှင့် လွှတ်တော်ကိုယ်စားလှယ်များထံမှ ဇွန် ၂၈ ရက်တွင် သိရသည်။

“အဲဒီထုတ်ပြန်ချက်စာ ထွက်လာပြီး တော့ အဲဒီဘက်တွေမှာ တိုက်ပွဲတော်တော် ပြင်းထန်နေတယ်လို့ သိရပါတယ်။ ထွက်ပြေး လာတဲ့သူတွေက ပြောပြတာ။ နယ်မြေရှင်း လင်းရေးလုပ်တာကို ကျေးရွာအုပ်ချုပ်ရေး မှူးမှတစ်ဆင့် သိရတဲ့အတွက် ဒီထက်မက တော်တော်ကြီးကျယ်တဲ့ တိုက်ပွဲတွေ ဖြစ်လာ မှာကို စိုးရိမ်တဲ့အတွက် အကုန်လုံး မိုးထဲ ရေထဲကြားထဲမှာ ထွက်ပြေးလာကြတာဖြစ် ပါတယ်”ဟု ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောဆိုသည်။

ရသေ့တောင်မြို့နယ် ကျောက်တန်းကျေးရွာဝန်းကျင်တစ်ဝိုက်ရှိ ကျေးရွာများ၌ နယ်မြေရှင်းလင်းရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့ ရှင်းလင်းစဉ် ဗဗ လက်နက် ကိုင်အဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပါက ကျေးရွာများတွင် နေထိုင်သည့် ကျေးရွာသူ၊ ကျေးရွာသားများ ထိခိုက်ဒဏ်ရာရရှိမှု မဖြစ်စေရန် ကျေးရွာများတွင် နေထိုင်ခြင်းမပြုဘဲ ခေတ္တတိမ်းရှောင်ကြရန် သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အကြောင်း ကြားစာ ထွက်လာခဲ့ပြီးနောက် တိုက်ပွဲများ ပြင်းထန်လာခြင်းဖြစ်ကြောင်း ၎င်းက ပြော ကြားသည်။

“အနီးနားကရွာတွေကို ထွက်ပြေးတိမ်းရှောင်နေတယ်ကြားတယ်။ သူတို့ရဲ့ နီးစပ် ရာတွေကိုပေါ့။ သင်္ဘောနဲ့လာပြီး တိမ်းရှောင်လာတဲ့သူတွေလည်းရှိတယ်။ လူပေါင်း ၁၀၀ နီးပါးလောက် စစ်တွေမြို့ကို ရောက်လာတာတွေရှိတယ်။ လောလောဆယ်မှာတော့ သူတို့ကို ဘုန်းကြီးကျောင်းတွေမှာ နေရာချထားတယ်။ လိုအပ်တဲ့ဟာတွေကို ဖြည့်ဆည်း ပေးထားတယ်။ အဲဒီအနီးနားမှာရှိတဲ့ ရပ်ကွက်တွေက ပြည်သူလူထုတွေ လိုအပ်တာလေး တွေ ဝိုင်းဝန်းပြီး ကူညီပေးထားပါတယ်”ဟု ဒေါ်ခင်စောဝေက ပြောဆိုသည်။

ပြီးခဲ့သည့် ဇွန် ၂၇ ရက်က ရသေ့တောင်မြို့နယ် ပြားချောင်းကြီး တံတားအနီးတွင် မိုင်းပေါက်ကွဲ ပြီးနောက် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ရသေ့တောင်မြို့တွင်းသို့ လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲခြင်းကြောင့် နေအိမ်အချို့ထိခိုက်မှုများ ရှိခဲ့ကြောင်း သိရ သည်။

သတင်း – စည်သူဟိန်း

http://sdtimedaily.com/2020/06/29/shp23-21/

No comments:

Post a Comment