တစ်ပြိုင်နက် အပစ်ရပ်စဲရေး ပူးတွဲကြေငြာရန် တပ်မတော်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ကမ်းလှမ်း
ရွှေဖီမြေ၊ ဇွန်လ ၁ ရက်၊ လားရှိုး
လက်တွေ့ကျတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ စတင်နိုင်ဖို့ တပ်မတော်နဲ့အတူ တစ်ပြိုင်နက် အပစ်ရပ်စဲရေး ပူးတွဲကြေငြာဖို့အတွက် ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ တအာင်းတပ်မတော်(TNLA)၊ ရက္ခိုင့်တပ်မတော်(AA)၊ ကိုးကန့်တပ်မတော်(MNDAA)တို့က ထုတ်ပြန်ချက်ထုတ်ပြီး ကမ်းလှမ်းလိုက်ပါတယ်။
ထို့အပြင် ဇွန်လ ၁ ရက်ကနေ လာမယ့် သြဂုတ်လ ၃၀ ရက်အထိ ၃ လကြာ အပစ်ရပ် ထပ်မံတိုးမြှင့်လိုက်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ပြိုင်တူအပစ်ခတ်ရပ်စဲရေး ကမ်းလှမ်းနေစဉ်အတွင်းမှာ တပ်မတော်ဘက်က တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိဘဲ ယခင်နည်းတူ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ဆက်လက်ပြုလုပ်မယ်ဆိုရင် တုံ့ပြန်ကာကွယ်သွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
တပ်မတော်ဘက်ကလည်း မေလ ၁၀ ရက်ကနေ သြဂုတ်လ ၃၁ ရက်အထိ ၃ လကျော်ကြာ အပစ်ရပ်ထားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ မေလ ၉ ရက်မှာ ကြေညာထားပါတယ်။
#အပစ်ရပ် #ညီနောင်မဟာမိတ် #တပ်မတော်
#ဓာတ်ပုံ- Google
https://m.facebook.com/story.php?story_fbid=710137339802400&id=451214215694715
https://www.facebook.com/shwepheemyaynews/photos/a.460577371425066/710137183135749/?type=3&__tn__=-R
No comments:
Post a Comment