Monday, June 1, 2020

မြန်မာ့တပ်မတော်၏ ရခိုင်ဒေသအတွင်း ထိုးစစ်ဆင်တိုက်ခိုက်နေမှုများမှာ ဆက်လက်ရှိနေသောကြောင့် တိုက်ပွဲများဆက်လက်ရှိနေခဲ့သည်။

မြန်မာ့တပ်မတော်၏ ရခိုင်ဒေသအတွင်း ထိုးစစ်ဆင်တိုက်ခိုက်နေမှုများမှာ ဆက်လက်ရှိနေသောကြောင့် တိုက်ပွဲများဆက်လက်ရှိနေခဲ့သည်။
ဇွန်လ(၁) ရက်နေ့တွင်လည်း ယခင်ရက်သတ္တပတ်များအတွင်းတိုက်ပွဲများပြင်းထန်နေခဲ့သော မင်းပြားမြို့နယ်အတွင်းတိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့သည်။ ဇွန်လ(၁) ရက်၊ နေ့လယ် (၁) နာရီ (၄၀) မိနစ်တွင် ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ မေလွန်းရွာ၊ အရှေ့မြောက်ဖက်(၂) ကီလိုမီတာအကွာအဝေးရှိ တောင်တန်း၌ မြန်မာ့တပ်မတော်သည် မိမိတို့ရှိရာနေရာသို့ ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် မိနစ်(၃၀) ခန့်တိုက်ပွဲဖြစ်ပွားခဲ့သည်။ ရန်သူ(၆) ဦးအားသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။
၂၀၂၀ ပြည့်နှစ်၊ မေလ အတွင်း ရက္ခိုင့်တပ်တော်မှ သိမ်းဆည်းရမိသော ရန်သူ့လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင်ပစ္စည်းများထဲမှအချို့အား ထုတ်ပြန်လိုက်သည်။ သိမ်းဆည်းရမိ ရန်သူ့လက်နက်ခဲယမ်းပုံများကိုနောက်နေ့များ၌လည်း ထပ်မံထုတ်ပြန်ပါအုံးမည်။

https://www.arakanarmy.net/post/%E1%81%82%E1%81%80%E1%81%82%E1%81%80-%E1%80%95%E1%80%8A-%E1%80%85-%E1%80%87-%E1%80%94-%E1%80%9C-%E1%81%81-%E1%80%9B%E1%80%80-%E1%80%9B%E1%80%81-%E1%80%84-%E1%80%95%E1%80%8A-%E1%80%90-%E1%80%80-%E1%80%95-%E1%80%9E%E1%80%90%E1%80%84

No comments:

Post a Comment