ရသေ့တောင်မြို့နယ်မှ ကျောက်တန်းနယ်မြေကို စစ်ဆင်ရေးပြုလုပ်မည်ဖြစ်သဖြင့် ကျေးရွာသားများ ရှောင်တိမ်းရန် အမိန့်စာအား ရုပ်သိမ်းကြောင်းထုတ်ပြန်ခဲ့သော်လည်း ထောင်နှင့်ချီသော ကျေးရွာသားများ ထွက်ပြေးနေ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ ကျောက်တန်းနယ်မြေအား စစ်ဆင်ရေးပြု လုပ်မည်ဖြစ်သဖြင့် ကျေးရွာသားများ ကျေး ရွာမှ ရှောင်တိမ်းပေးကြရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန် ကြီးက အမိန့်စာထုတ်ပြန်ခဲ့သော်လည်း ယင်း အမိန့်ကို ရုပ်သိမ်းလိုက်ပြီဖြစ်သည့်တိုင် အ ဆိုပါနယ်မြေရှိ ကျေးရွာများမှ ထောင်နှင့်ချီ သော ကျေးရွာသားများမှာ ရွာများကို စွန့်ခွာ ထွက်ပြေးနေကြရာ စစ်တွေမြို့အထိရောက်ရှိ လာခဲ့သူများရှိကြောင်း သတင်းရရှိသည်။
အဆိုပါနယ်မြေအတွင်း AA အဖွဲ့လှုပ် ရှားမှုများရှိနေသဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပါက ရွာသားများထိခိုက်မည်ကို စိုးရိမ်သည့် အတွက် ကျေးရွာများမှ ခေတ္တရှောင်တိမ်းပေး ကြရန် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးမင်းသန့်က ဇွန် ၂၃ ရက်က ထုတ်ပြန်ခဲ့ကြောင်း၊ ယင်းအမိန့်စာကို ရုပ်သိမ်းသည့်အမိန့်စာအား ဇွန်၂၆ ရက်တွင်ထုတ်ပြန်ခဲ့သော်လည်း ပြည်သူများ ထံသို့ အရောက်နောက်ကျခဲ့သည့်အတွက် ဇွန် ၂၇ ရက်တွင် ကျောက်တန်းတိုက်နယ် အတွင်းရှိ ရေပုတ်၊ မောင်ဖြူရွာ၊ ကျောက်ရံ၊ အိုးဖောက်နှင့်သမီးလှစသည့် ကျေးရွာငါးရွာမှ ဒေသခံများ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
“တိုက်ပွဲဖြစ်တာလည်းရှိတယ်။ လက် နက်ကြီးတွေလည်း ရွာထဲမှာကျတယ်။ နယ် မြေရှင်းလင်းရေးလည်းလုပ်မယ်လို့ အမိန့်ထုတ် ထားတာရှိတယ်လို့ သိရတယ်။ ဒါကြောင့် ထွက်ပြေးလာခဲ့တာ။ အဲဒီဘက်မှာ ရွာပေါင်း ၄၀ လောက်ရှိတယ်။ အားလုံးထွက်ပြေးကြ တယ်လို့သိရတယ်။ ပြီးတော့ လယ်လုပ်ဖို့လည်း မရတော့ဘူး။ တိုက်ပွဲတွေကဖြစ်နေတော့ ရွာမှာ နေရတာကလည်း သေမလားရှင်မလား မတွေးဝံ့စရာဖြစ်လာတယ်။ ဒါကြောင့် အခု လို ကိုယ့်အိုးကိုယ့်အိမ်ကို မစွန့်ခွာချင်ဘဲ စွန့် ခွာလာခဲ့ရတာပါ” ဟု သမီးလှကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်အရေ အတွက် ၁၇၀၀၀၀ နီးပါး ရှိကြောင်း ရခိုင်တိုင်း ရင်းသားမျိုးနွယ်များအစည်းအရုံး၏ ထုတ်ပြန်ချက်အရသိရသော်လည်း အရေအတွက်မှာ ယင်းထက်များပြားလာနေကြောင်း လေ့လာသူများက ပြောကြားသည်။
စစ်တွေမြို့သို့ ရောက်ရှိလာသည့် အဆိုပါထွက်ပြေးတိမ်းရှောင်လာသူများကို ကျေး တောကျေးရွာအုပ်စု၊ ရွှေပြည်သာကျေးရွာ ဘုန်းကြီးကျောင်းသို့ ယာယီခိုလှုံရန်ပို့ဆောင် ထားရကြောင်းနှင့် စားသောက်ရေးအခက်အ ခဲများကို ဖြေရှင်းရန်ခက်ခဲလာကြောင်း၊ အလားတူ ထွက်ပြေးလာကြသူများမှာလည်း ရ သေ့တောင်မြို့နှင့်အခြားကျေးရွာများသို့ ရောက်ရှိလာသူများလည်းရှိကြောင်း သိရ သည်။ထုတ်ပြန်ချက်ထုတ်ပြန်သည့်အချိန် တွင် ကျောက်တန်းကျေးရွာ အနီးတစ်ဝိုက်ရှိ ကျေးရွာများကိုသာ ဖယ်ရှားပေးရန်သာ ထုတ် ပြန်ခဲ့သော်လည်း မြို့နယ်အဆင့်က ကျေးရွာ ပေါင်း ၄၀ ကျော်ကို ထုတ်ပြန်စာများ ဖြန့်ဝေ လိုက်သည့်အတွက် ပြန်လည်ရုပ်သိမ်းလိုက် ခြင်းဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment