Saturday, May 30, 2020

ပလက္ဝတြင္ အမ်ိဳးသမီးတစ္ဦး က်ည္ထိမွန္ေသဆံုး

ပလက္ဝတြင္ အမ်ိဳးသမီးတစ္ဦး က်ည္ထိမွန္ေသဆံုး

ဝင္းညြန္႔ ၊ ႏွင္းႏြယ္ | DMG
ေမ ၃၀၊ စစ္ေတြ

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္၊ ေအာက္မီးလက္ဝေက်း႐ြာမွ အမ်ိဳးသမီးတစ္ဦး ယေန႔(ေမလ ၃၀ ရက္) နံနက္ပိုင္းက က်ည္ထိမွန္ၿပီး ေသဆံုးသြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

ပလက္ဝၿမိဳ႕ေပၚတြင္ စစ္ေဘးေ႐ွာင္ေနသည့္ ေအာက္မီးလက္ဝေက်း႐ြာသား ၁၃ ဦးတို႔မွာ မိမိတို႔ေက်း႐ြာသို႔သြားေရာက္ၿပီး အျပန္လမ္းတြင္ ပစ္ခတ္ခံရသျဖင့္ တစ္ဦးေသဆံုးသြားခဲ့ျခင္းျဖစ္ေၾကာင္း ပစ္ခတ္မႈအား ႀ
ကံဳေတြ႕ခဲ့ရသည့္ ဦးေက်ာ္ၿငိမ္းက DMG သို႔ ေျပာသည္။

“က်ေနာ္တုိ႔ ႐ြာကုိထင္းယူဖုိ႔သြားတယ္။ ထင္းယူၿပီးအျပန္မွာ က်ေနာ္တုိ႔ ပစ္ခတ္သံၾကားတယ္။ ပစ္ခတ္သံၾကားေတာ့ က်ေနာ္တုိ႔ ပလက္ဝဖက္ကမ္းကိုကူးတယ္။ အဲဒီမွာ က်ည္က်သြားတာ။ အခုေတာ့ ပလက္ဝၿမိဳ႕ေပၚမွာ သၿဂိဳလ္လုိက္ပါၿပီ” ဟု ၄င္းကဆုိသည္။

က်ည္ထိမွန္ေသဆံုးသြားသူမွာ ေအာက္မီးလက္ဝေက်း႐ြာမွ ေဒၚေဟြ႕မ (၆၂ ႏွစ္) ျဖစ္ၿပီး ၎၏ဝမ္းဗိုက္တြင္ က်ည္ထိမွန္သြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ခ်င္းျပည္နယ္အစိုးရအဖြဲ႕မွ စည္ပင္ဝန္ႀကီး ဦးစိုးထက္က ယင္းသို႔အမ်ိဳးသမီးတစ္ဦး က်ည္ထိမွန္ေသဆံုးမႈအား အတည္ျပဳေျပာၾကားၿပီး မည္သည့္အဖြဲ႕က ပစ္ခတ္သည္ကိုမသိေၾကာင္း ေျပာသည္။

“ေအာက္မီးလက္ဝေက်း႐ြာက အမ်ိဳးသမီး က်ည္ထိလုိ႔ေသသြားတာေတာ့မွန္တယ္။ ဒါေပမဲ့ ဘယ္အဖြဲ႕က ပစ္တာကုိေတာ့ က်ေနာ္မသိဘူး။ ဒီေန႔ေတာ့ ပလက္ဝမွာ တုိက္ပြဲျဖစ္တာမ႐ွိဘူး” ဟု ၄င္းကဆုိသည္။

အဆုိပါကိစၥနဲ႔ပတ္သက္ၿပီး အေနာက္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္မွ ဗုိလ္မွဴးႀကီးဝင္းေဇာ္ဦးႏွင့္ တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕မွ ဗုိလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းတုိ႔ကုိ DMG က ဆက္သြယ္ခဲ့ေသာ္လည္း ဖုန္းလက္ခံ ေျဖၾကားျခင္း မ႐ွိခဲ့ေပ။

ေမလ ၂၆ ရက္ေန႔က ေအာက္မီးလက္ဝေက်း႐ြာ မီး႐ွိဳ႕ခံရမႈေၾကာင့္ ေနအိမ္အလံုး ၆၀ ခန္႔ မီးေလာင္ ပ်က္စီးသြားခဲ့ေၾကာင္း ၎ေက်း႐ြာသားမ်ား၏ ေျပာၾကားခ်က္အရ သိရသည္။

ေအာက္မီးလက္ဝေက်း႐ြာတြင္ အိမ္ေျခ ၁၀၀ ေက်ာ္၊ လူဦးေရ ၅၀၀ ေက်ာ္႐ွိၿပီး မတ္လ ၂၁ ရက္ေန႔က ေက်း႐ြာအနီးတိုက္ပြဲျဖစ္ပြားရာတြင္ ေလေၾကာင္းတိုက္ခိုက္မႈမ်ား႐ွိသျဖင့္ ပလက္ဝၿမိဳ႕ေပၚသို႔ ႐ြာလံုးကၽြတ္ ထြက္ေျပးတိမ္းေ႐ွာင္လ်က္႐ွိေနသည္။

လက္႐ွိမွာ ႐ြာအတြင္းေနအိမ္မ်ားမီးေလာင္သြားသျဖင့္ မိုးရာသီတြင္ေနရပ္ျပန္ရန္ အခက္အခဲမ်ား႐ွိေနေၾကာင္း စစ္ေဘးေ႐ွာင္ေနၾကသည့္ ေအာက္မီးလက္ဝေက်း႐ြာသားမ်ားက ေျပာဆိုထားသည္။

{Unicode}

ပလက်ဝတွင် အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံး

ဝင်းညွန့် ၊ နှင်းနွယ် | DMG
မေ ၃၀၊ စစ်တွေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ အောက်မီးလက်ဝကျေးရွာမှ အမျိုးသမီးတစ်ဦး ယနေ့(မေလ ၃၀ ရက်) နံနက်ပိုင်းက ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပလက်ဝမြို့ပေါ်တွင် စစ်ဘေးရှောင်နေသည့် အောက်မီးလက်ဝကျေးရွာသား ၁၃ ဦးတို့မှာ မိမိတို့ကျေးရွာသို့သွားရောက်ပြီး အပြန်လမ်းတွင် ပစ်ခတ်ခံရသဖြင့် တစ်ဦးသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ပစ်ခတ်မှုအား ြ
ကုံတွေ့ခဲ့ရသည့် ဦးကျော်ငြိမ်းက DMG သို့ ပြောသည်။

“ကျနော်တို့ ရွာကိုထင်းယူဖို့သွားတယ်။ ထင်းယူပြီးအပြန်မှာ ကျနော်တို့ ပစ်ခတ်သံကြားတယ်။ ပစ်ခတ်သံကြားတော့ ကျနော်တို့ ပလက်ဝဖက်ကမ်းကိုကူးတယ်။ အဲဒီမှာ ကျည်ကျသွားတာ။ အခုတော့ ပလက်ဝမြို့ပေါ်မှာ သဂြိုလ်လိုက်ပါပြီ” ဟု ၄င်းကဆိုသည်။

ကျည်ထိမှန်သေဆုံးသွားသူမှာ အောက်မီးလက်ဝကျေးရွာမှ ဒေါ်ဟွေ့မ (၆၂ နှစ်) ဖြစ်ပြီး ၎င်း၏ဝမ်းဗိုက်တွင် ကျည်ထိမှန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်ဝန်ကြီး ဦးစိုးထက်က ယင်းသို့အမျိုးသမီးတစ်ဦး ကျည်ထိမှန်သေဆုံးမှုအား အတည်ပြုပြောကြားပြီး မည်သည့်အဖွဲ့က ပစ်ခတ်သည်ကိုမသိကြောင်း ပြောသည်။

“အောက်မီးလက်ဝကျေးရွာက အမျိုးသမီး ကျည်ထိလို့သေသွားတာတော့မှန်တယ်။ ဒါပေမဲ့ ဘယ်အဖွဲ့က ပစ်တာကိုတော့ ကျနော်မသိဘူး။ ဒီနေ့တော့ ပလက်ဝမှာ တိုက်ပွဲဖြစ်တာမရှိဘူး” ဟု ၄င်းကဆိုသည်။

အဆိုပါကိစ္စနဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဝင်းဇော်ဦးနှင့် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းတို့ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိခဲ့ပေ။

မေလ ၂၆ ရက်နေ့က အောက်မီးလက်ဝကျေးရွာ မီးရှို့ခံရမှုကြောင့် နေအိမ်အလုံး ၆၀ ခန့် မီးလောင် ပျက်စီးသွားခဲ့ကြောင်း ၎င်းကျေးရွာသားများ၏ ပြောကြားချက်အရ သိရသည်။

အောက်မီးလက်ဝကျေးရွာတွင် အိမ်ခြေ ၁၀၀ ကျော်၊ လူဦးရေ ၅၀၀ ကျော်ရှိပြီး မတ်လ ၂၁ ရက်နေ့က ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားရာတွင် လေကြောင်းတိုက်ခိုက်မှုများရှိသဖြင့် ပလက်ဝမြို့ပေါ်သို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်လျက်ရှိနေသည်။

လက်ရှိမှာ ရွာအတွင်းနေအိမ်များမီးလောင်သွားသဖြင့် မိုးရာသီတွင်နေရပ်ပြန်ရန် အခက်အခဲများရှိနေကြောင်း စစ်ဘေးရှောင်နေကြသည့် အောက်မီးလက်ဝကျေးရွာသားများက ပြောဆိုထားသည်။

https://www.facebook.com/dmgnewsagency/photos/a.466679383484478/1712091058943298/?type=3&__tn__=-R

No comments:

Post a Comment