AA ဖမ္းဆီးခဲ့သည့္ နယ္ျခားေစာင့္ရဲမိသားစုဝင္သံုးဦးႏွင့္ က်န္းမာေရးဝန္ထမ္းတစ္ဦး ျပန္လြတ္လာ
ဝင္းညြန္႔ | DMG
ေမ ၃၀၊ ရေသ့ေတာင္
ရေသ့ေတာင္ၿမိဳ႕နယ္၊ သဇင္ၿမိဳင္နယ္ျခားေစာင့္ရဲကင္းစခန္း တိုက္ခိုက္မႈျဖစ္စဥ္အတြင္း ဖမ္းဆီးခဲ့သူ ၉ ဦးထဲမွ ရဲတပ္ဖြဲ႕မိသားစုဝင္ ၃ ဦးႏွင့္ ယခင္က ဖမ္းဆီးထားသည့္ က်န္းမာေရးဝန္ထမ္းတစ္ဦးတို႔ကို ယမန္ေန႔(ေမလ ၂၉ ရက္) ညေနပိုင္းတြင္ ျပန္လႊတ္ေပးလိုက္ေၾကာင္း ရကၡိဳင့္တပ္ေတာ္(AA)က ထုတ္ျပန္ထားသည္။
ရဲမိသားစုမ်ားျဖစ္သည့္ မခင္ေ႐ႊဇင္ႏွင့္ ၄င္း၏ အသက္ ၂ ႏွစ္အ႐ြယ္သမီးျဖစ္သူအပါအဝင္ မမိုင္းစိုးစႏၵာတို႔ကို လံုၿခံဳစိတ္ခ်ရသည့္ေနရာ၌ တစ္ဦးကို ေငြေလးေသာင္းက်ပ္ေပးကာ ျပန္လႊတ္ေပးခဲ့ေၾကာင္း AA ၏ ထုတ္ျပန္ခ်က္တြင္ ပါ႐ွိသည္။
ယင္းသို႔ လႊတ္ေျမာက္လာသူ ၃ ဦးမွာ ယေန႔(ေမလ ၃၀ ရက္) နံနက္ (၈)နာရီေက်ာ္တြင္ ရေသ့ေတာင္ၿမိဳ႕နယ္ ေစတီျပင္ရဲစခန္းသုိ႔ ေရာက္႐ွိေနၿပီျဖစ္ေၾကာင္း ရေသ့ေတာင္ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္ျမင့္သိန္းက DMG သို႔ ေျပာသည္။
“သူတုိ႔ကုိ မေန႔ကတည္းက ေအာက္ေက်ာင္းေတာင္႐ြာရဲ႕ ရပ္မိ၊ ရပ္ဖအိမ္မွာ ေရာက္ေနၿပီ။ ဒီေန႔ နံနက္က က်ေနာ္တုိ႔ ေစတီျပင္ရဲစခန္းကုိ ပုိ႔လုိက္ပါၿပီ”ဟု ၄င္းကဆုိသည္။
ေမလ ၂၉ ရက္ေန႔ နံနက္ ၂ နာရီခန္႔က သဇင္ၿမိဳင္ နယ္ျခားေစာင့္ရဲကင္းစခန္းကို AA အင္အား ၁၀၀ ခန္႔က ဝင္ေရာက္တိုက္ခိုက္ခဲ့သျဖင့္ ရဲတပ္ဖြဲ႕ဝင္မ်ားမွ ျပန္လည္ခုခံတိုက္ခိုက္ခဲ့ေၾကာင္း၊ အင္အားခ်င္းမမွ်သျဖင့္ ပင္မစခန္းမွ ရဲတပ္ဖြဲ႕ဝင္အခ်ိဳ႕မွာ ကာကင္းကုန္းစခန္းသို႔ သြားေရာက္ပူးေပါင္းခဲ့ရာ ရဲတပ္ဖြဲ႕ဝင္အခ်ိဳ႕ ေပ်ာက္ဆံုးလ်က္႐ွိေၾကာင္း တပ္မေတာ္က သတင္းထုတ္ျပန္ခဲ့သည္။
ယင္းသို႔ ရဲကင္းစခန္းတိုက္ခိုက္မႈျဖစ္စဥ္အတြင္း ရဲတပ္ဖြဲ႕ဝင္ ၄ ဦးက်ဆံုးခဲ့ၿပီး က်န္ရဲတပ္ဖြဲ႕ဝင္ ၆ ဦးႏွင့္ မိသားစုဝင္ ၃ ဦးမွာ ေပ်ာက္ဆံုးလ်က္႐ွိေနေၾကာင္း တပ္မေတာ္ေျပာခြင့္ရသူမ်ားက သတင္းမီဒီယာမ်ားအား အတည္ျပဳေျပာဆိုထားသည္။
သဇင္ၿမိဳင္ေက်း႐ြာတြင္ အိမ္ေျခ ၅၀ ခန္႔႐ွိၿပီး ရဲကင္းစခန္းတိုက္ခိုက္ခံရမႈျဖစ္စဥ္ေၾကာင့္ ေက်း႐ြာသားမ်ားမွာ ေဘးလြတ္ရာသို႔ ထြက္ေျပးတိမ္းေ႐ွာင္ေနရေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။
၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ ၄ ရက္ေန႔က ဘူးသီးေတာင္ၿမိဳ႕နယ္ ကထီးလွ၊ ငျမင္းေဘာ္၊ ဂုပၸိႏွင့္ ေက်ာင္းေတာင္ နယ္ျခားေစာင့္ရဲကင္းစခန္း ၄ ခုကို AA က တိုက္ခိုက္ခဲ့ၿပီး ရဲတပ္ဖဲြ႕ဝင္ ၁၃ ဦး က်ဆံုးကာ ၉ ဦးဒဏ္ရာရ႐ွိခဲ့သည္။
မတ္လ ၉ ရက္ေန႔တြင္ ပုဏၰားကၽြန္းၿမိဳ႕နယ္ ယိုးတ႐ုပ္ရဲစခန္းကို AA က ဝင္တိုက္ခဲ့ၿပီး ရဲတပ္ဖဲြ႕ဝင္ ၉ ဦး က်ဆံုးခဲ့သည္။
ဧၿပီလ ၁၀ ရက္ေန႔တြင္ ေျမာက္ဦးၿမိဳ႕႐ွိ ရဲတပ္ရင္းဌာနခ်ဳပ္ႏွင့္ ဇူလိုင္လ ၁၆ ရက္ေန႔တြင္ ဘူးသီးေတာင္ၿမိဳ႕႐ွိ ေညာင္ေခ်ာင္းနယ္ေျမရဲကင္းစခန္းတို႔အား AA က တိုက္ခိုက္မႈမ်ား႐ွိခဲ့သည္။
ယင္းသို႔ တိုက္ခိုက္မႈျဖစ္စဥ္မ်ားအတြင္း ရဲတပ္ဖြဲ႕ဝင္ ၂၅ ဦးက်ဆံုးၿပီး ၁၆ ဦး ဒဏ္ရာရ႐ွိခဲ့ကာ ရဲတပ္ဖြဲ႕ဝင္အခ်ိဳ႕ ဖမ္းဆီးခံခဲ့ရေၾကာင္း တပ္မေတာ္က သတင္းထုတ္ျပန္ထားသည္။
AA မွ ယခုကဲ့သို႔ ရဲစခန္းမ်ားႏွင့္ ရဲတပ္ဖြဲ႕ဝင္မ်ားအား ပစ္မွတ္ထားတိုက္ခိုက္ျခင္းမွာ စစ္ရာဇဝတ္မႈအား က်ဴးလြန္ျခင္းျဖစ္ေၾကာင္း တပ္မေတာ္က ထုတ္ျပန္ခဲ့သည္။
ၿပီးခဲ့သည့္၂၀၂၀ ခုႏွစ္၊ ေမလ ၂၅ ေန႔က ဒဏ္ရာရလူနာမ်ားကုိ ေဆးကုသေနေသာ AA စခန္းငယ္ႏွင့္ ကာကင္းစခန္းအား ျမန္မာ့တပ္မေတာ္က တိုက္ခိုက္ခဲ့သျဖင့္ AA တပ္ဖြဲ႕ဝင္တစ္ခ်ိဳ႕ ထိခိုက္က်ဆံုးမႈမ်ား႐ွိခဲ့သျဖင့္ ရေသ့ေတာင္ၿမိဳ႕နယ္႐ွိ သဇင္ၿမိဳင္နယ္ေျမေစာင့္ရဲစခန္းအား လက္တုံ႔ျပန္သည့္အေနျဖင့္ တုိက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း AA က ထုတ္ျပန္ထားသည္။
ယမန္ေန႔က AA မွ ျပန္လႊတ္ေပးသူမ်ားထဲတြင္ ရေသ့ေတာင္ၿမိဳ႕နယ္ ကုန္တန္းေက်း႐ြာတြင္ တာဝန္က်ေနသည့္ က်န္းမာေရးမွဴး ကိုစိုးဝင္းသူ ၂၉ ႏွစ္လည္း ပါဝင္ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ေမလ ၁၆ ရက္ေန႔က ကုိစုိးဝင္းသူအပါအဝင္ ေဆးခန္းအေစာင့္လင္မယားႏွစ္ဦးႏွင့္ သမီးျဖစ္သူ စုစုေပါင္း ၄ ဦးတို႔ကို ၄င္းတို႔၏ေနအိမ္၌႐ွိေနစဥ္ AA မွ လာေရာက္ေခၚေဆာင္သြားျခင္း ျဖစ္သည္။
ယင္းသို႔ဖမ္းဆီးခံရၿပီး ေဆးခန္းအေစာင့္လင္မယားႏွစ္ဦးႏွင့္ သမီးျဖစ္သူတို႔ ျပန္လည္လႊတ္ေျမာက္လာခဲ့ကာ က်န္းမာေရးမွဴး ကိုစိုးဝင္းသူမွာ ၁၄ ရက္ခန္႔ၾကာမွ ျပန္လည္လြတ္ေျမာက္လာျခင္းျဖစ္သည္။
https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80…/wd.html
{Unicode}
AA ဖမ်းဆီးခဲ့သည့် နယ်ခြားစောင့်ရဲမိသားစုဝင်သုံးဦးနှင့် ကျန်းမာရေးဝန်ထမ်းတစ်ဦး ပြန်လွတ်လာ
ဝင်းညွန့် | DMG
မေ ၃၀၊ ရသေ့တောင်
ရသေ့တောင်မြို့နယ်၊ သဇင်မြိုင်နယ်ခြားစောင့်ရဲကင်းစခန်း တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ဖမ်းဆီးခဲ့သူ ၉ ဦးထဲမှ ရဲတပ်ဖွဲ့မိသားစုဝင် ၃ ဦးနှင့် ယခင်က ဖမ်းဆီးထားသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးတို့ကို ယမန်နေ့(မေလ ၂၉ ရက်) ညနေပိုင်းတွင် ပြန်လွှတ်ပေးလိုက်ကြောင်း ရက္ခိုင့်တပ်တော်(AA)က ထုတ်ပြန်ထားသည်။
ရဲမိသားစုများဖြစ်သည့် မခင်ရွှေဇင်နှင့် ၄င်း၏ အသက် ၂ နှစ်အရွယ်သမီးဖြစ်သူအပါအဝင် မမိုင်းစိုးစန္ဒာတို့ကို လုံခြုံစိတ်ချရသည့်နေရာ၌ တစ်ဦးကို ငွေလေးသောင်းကျပ်ပေးကာ ပြန်လွှတ်ပေးခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယင်းသို့ လွှတ်မြောက်လာသူ ၃ ဦးမှာ ယနေ့(မေလ ၃၀ ရက်) နံနက် (၈)နာရီကျော်တွင် ရသေ့တောင်မြို့နယ် စေတီပြင်ရဲစခန်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ရသေ့တောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်သိန်းက DMG သို့ ပြောသည်။
“သူတို့ကို မနေ့ကတည်းက အောက်ကျောင်းတောင်ရွာရဲ့ ရပ်မိ၊ ရပ်ဖအိမ်မှာ ရောက်နေပြီ။ ဒီနေ့ နံနက်က ကျနော်တို့ စေတီပြင်ရဲစခန်းကို ပို့လိုက်ပါပြီ”ဟု ၄င်းကဆိုသည်။
မေလ ၂၉ ရက်နေ့ နံနက် ၂ နာရီခန့်က သဇင်မြိုင် နယ်ခြားစောင့်ရဲကင်းစခန်းကို AA အင်အား ၁၀၀ ခန့်က ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များမှ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြောင်း၊ အင်အားချင်းမမျှသဖြင့် ပင်မစခန်းမှ ရဲတပ်ဖွဲ့ဝင်အချို့မှာ ကာကင်းကုန်းစခန်းသို့ သွားရောက်ပူးပေါင်းခဲ့ရာ ရဲတပ်ဖွဲ့ဝင်အချို့ ပျောက်ဆုံးလျက်ရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။
ယင်းသို့ ရဲကင်းစခန်းတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးခဲ့ပြီး ကျန်ရဲတပ်ဖွဲ့ဝင် ၆ ဦးနှင့် မိသားစုဝင် ၃ ဦးမှာ ပျောက်ဆုံးလျက်ရှိနေကြောင်း တပ်မတော်ပြောခွင့်ရသူများက သတင်းမီဒီယာများအား အတည်ပြုပြောဆိုထားသည်။
သဇင်မြိုင်ကျေးရွာတွင် အိမ်ခြေ ၅၀ ခန့်ရှိပြီး ရဲကင်းစခန်းတိုက်ခိုက်ခံရမှုဖြစ်စဉ်ကြောင့် ကျေးရွာသားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က ဘူးသီးတောင်မြို့နယ် ကထီးလှ၊ ငမြင်းဘော်၊ ဂုပ္ပိနှင့် ကျောင်းတောင် နယ်ခြားစောင့်ရဲကင်းစခန်း ၄ ခုကို AA က တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၁၃ ဦး ကျဆုံးကာ ၉ ဦးဒဏ်ရာရရှိခဲ့သည်။
မတ်လ ၉ ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ရဲစခန်းကို AA က ဝင်တိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦး ကျဆုံးခဲ့သည်။
ဧပြီလ ၁၀ ရက်နေ့တွင် မြောက်ဦးမြို့ရှိ ရဲတပ်ရင်းဌာနချုပ်နှင့် ဇူလိုင်လ ၁၆ ရက်နေ့တွင် ဘူးသီးတောင်မြို့ရှိ ညောင်ချောင်းနယ်မြေရဲကင်းစခန်းတို့အား AA က တိုက်ခိုက်မှုများရှိခဲ့သည်။
ယင်းသို့ တိုက်ခိုက်မှုဖြစ်စဉ်များအတွင်း ရဲတပ်ဖွဲ့ဝင် ၂၅ ဦးကျဆုံးပြီး ၁၆ ဦး ဒဏ်ရာရရှိခဲ့ကာ ရဲတပ်ဖွဲ့ဝင်အချို့ ဖမ်းဆီးခံခဲ့ရကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။
AA မှ ယခုကဲ့သို့ ရဲစခန်းများနှင့် ရဲတပ်ဖွဲ့ဝင်များအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှာ စစ်ရာဇဝတ်မှုအား ကျူးလွန်ခြင်းဖြစ်ကြောင်း တပ်မတော်က ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့်၂၀၂၀ ခုနှစ်၊ မေလ ၂၅ နေ့က ဒဏ်ရာရလူနာများကို ဆေးကုသနေသော AA စခန်းငယ်နှင့် ကာကင်းစခန်းအား မြန်မာ့တပ်မတော်က တိုက်ခိုက်ခဲ့သဖြင့် AA တပ်ဖွဲ့ဝင်တစ်ချို့ ထိခိုက်ကျဆုံးမှုများရှိခဲ့သဖြင့် ရသေ့တောင်မြို့နယ်ရှိ သဇင်မြိုင်နယ်မြေစောင့်ရဲစခန်းအား လက်တုံ့ပြန်သည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။
ယမန်နေ့က AA မှ ပြန်လွှတ်ပေးသူများထဲတွင် ရသေ့တောင်မြို့နယ် ကုန်တန်းကျေးရွာတွင် တာဝန်ကျနေသည့် ကျန်းမာရေးမှူး ကိုစိုးဝင်းသူ ၂၉ နှစ်လည်း ပါဝင်ကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ ၁၆ ရက်နေ့က ကိုစိုးဝင်းသူအပါအဝင် ဆေးခန်းအစောင့်လင်မယားနှစ်ဦးနှင့် သမီးဖြစ်သူ စုစုပေါင်း ၄ ဦးတို့ကို ၄င်းတို့၏နေအိမ်၌ရှိနေစဉ် AA မှ လာရောက်ခေါ်ဆောင်သွားခြင်း ဖြစ်သည်။
ယင်းသို့ဖမ်းဆီးခံရပြီး ဆေးခန်းအစောင့်လင်မယားနှစ်ဦးနှင့် သမီးဖြစ်သူတို့ ပြန်လည်လွှတ်မြောက်လာခဲ့ကာ ကျန်းမာရေးမှူး ကိုစိုးဝင်းသူမှာ ၁၄ ရက်ခန့်ကြာမှ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။
https://www.dmgburmese.com/%E1%80%9E%E1%80%90%E1%80…/wd.html
https://www.facebook.com/dmgnewsagency/photos/a.466679383484478/1711908635628207/?type=3&__tn__=-R
No comments:
Post a Comment