Saturday, May 30, 2020

ချင်းပြည်နယ် ဆမီးမြို့တွင် ရောက်ရှိနေသော ပလက်ဝမြို့နယ် စစ်ဘေးရှောင် ကျောင်းသားကျောင်းသူများ ကျောင်းဖွင့်ချိန်တွင် ကျောင်းပြန်တက်ရန်ခက်ခဲနေ

ချင်းပြည်နယ် ဆမီးမြို့တွင် ရောက်ရှိနေသော ပလက်ဝမြို့နယ် စစ်ဘေးရှောင် ကျောင်းသားကျောင်းသူများ ကျောင်းဖွင့်ချိန်တွင် ကျောင်းပြန်တက်ရန်ခက်ခဲနေ
PUBLISHED 30 MAY 2020
 
အောင်သူထွန်း (ကလေး)

ချင်းပြည်နယ် ဆမီးမြို့၌ ရောက်ရှိနေသော ပလက်ဝမြို့နယ် စစ်ဘေးရှောင် ကျောင်းသားကျောင်းသူများအနေဖြင့် ကျောင်းပြန်ဖွင့်ချိန်တွင် ကျောင်းပြန်တက်ရန် ခက်ခဲနေသည်ဟု သိရသည်။
“ဇူလိုင်လ ၂၁ ရက်နေ့မှာ ကျောင်းဖွင့်မယ်လို့ သတင်းကြားတယ်။ ပြည်နယ်ပညာရေးမှူးကို ဖုန်းနဲ့စကားပြောဖြစ်တယ်။ သူတို့ ကတော့ သက်ဆိုင်ရာ ဆမီးမှာရှိတဲ့ အထက ကျောင်းတို့၊ အလကကျောင်းတို့မှာ စီစဉ်ပေး မှာပါလို့ ပြောတယ်။ အထက်ကညွှန်ကြား ချက်တော့ မရှိသေးဘူးလို့ ပြောပါတယ်။ စည် ပင် ဝန်ကြီးလာတော့ ကျောင်းသူကျောင်း သားတွေ ပညာရေးကိစ္စနဲ့ပတ်သက်လို့ ဘယ် လိုကလေးတွေ အချိန်မီ ကျောင်းတက်နိုင် မလဲလို့ပြောတော့ လက်ရှိမှာ ဆမီးတိုက်ပွဲ ရှောင် ကျောင်းသူကျောင်းသားက ၇၃၃ ယောက်ရှိတယ်။ ကေဂျီကနေ ဂရိတ် ၁၀ အထိပေါ့။ အများစုက အလယ်တန်းနဲ့ မူလ တန်းက အများစု ဖြစ်တယ်။ ကျွန်တော်တို့ အနေနဲ့ လက်ရှိအခြေအနေမှာ အလက လိပ် ကုန်းကျောင်းနဲ့ ဆမီးအထကကျောင်းမှာ သူ့ အနေအထားနဲ့သူ ကျောင်းသားအခြေအနေ နဲ့ အဆောက်အအုံအခြေအနေက နေရာ ထိုင်ခင်း မလုံလောက်ဘူး။ ဆမီးမှာရှိတဲ့ အထကကျောင်း နဲ့ အလကကျောင်းမှာတွဲဖို့ ဆိုတာမဖြစ်နိုင်ဘူး။ တိုက်ပွဲရှောင် ကျောင်း သားကျောင်းသူတွေနဲ့ မြို့ပေါ်ကျောင်းသူ ကျောင်းသားတွေ  အတူထားမယ်ဆိုရင်လည်း မလိုလားအပ်တဲ့ ပြဿနာတွေ၊ ခွဲခြားဆက် ဆံမှုတွေ တက်လာမှာကိုလည်း စိုးရိမ်ရတယ်။ တိုက်ပွဲရှောင် ကျောင်းသားကျောင်းသူတွေ ကို သီးသန့်ထားချင်တယ်လို့ ဝန်ကြီးကိုတင်ပြ ထားတယ်” ဟု  People Hope Organization ဒါရိုက်တာ ဦးဇော်လီအောင်က ဆိုသည်။
အဆိုပါ ကျောင်းသားကျောင်းသူများ ကျောင်းတက်ရန်အတွက် ပေ ၃၀၊ ပေ ၈၀၊ မျောတိုင်စိုက်၊ သွပ်မိုး၊ ၀ါးခင်းမည့် အဆောင် နှစ်ဆောင်ဆောက်လုပ်ပေးမည်ဟု ပြောဆို ထားသော်လည်း ထိုအဆောင်နှစ်ဆောင်နှင့် စာသင်ကြားမှု မလုံလောက်သေးဘဲ စားပွဲ၊ ထိုင်ခုံ၊ စာအုပ်များပါ  လိုအပ်နေသေးသည်ဟု သိရသည် ။
“ဆရာဆရာမနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ကျေးရွာအလိုက် ကျောင်းဆရာ၊ ကျောင်းဆရာမ အပြည့်ရှိပြီးသား။ အဲဒီ ဆရာ ဆရာမတွေကို ချင်းပြည်နယ်အစိုးရရဲ့ စီမံ ချက်နဲ့ ဆမီးမှာ ရောက်နိုင်အောင်လုပ်မယ်လို့ ဝန်ကြီးက ပြောသွားပါတယ်။ ပေ ၃၀၊ ပေ ၈၀ ယာယီကျောင်းဆောင်နှစ်ဆောင်ကို လုပ်နိုင် အောင်အတွက် ကြိုးစားမယ်လို့ပြောတယ်။ သွပ်မိုး၊ မျောတိုင်စိုက်၊ ၀ါးခင်းမယ်လို့ ပြော တယ်။ ကျောင်းဆောင်နှစ်ဆောင်ဆိုရင် လည်း လုံလောက်မှုတော့မရှိသေးဘူး ။ ကျောင်းသားတွေအတွက် စားပွဲထိုင်ခုံဆို တာ မရှိသေးဘူး။ စာအုပ်စာတန်းတွေက လည်း ကြိုတင်ပြင်ဆင်မှုမရှိသေးတော့ တကယ်လို့ ကျောင်းဖွင့်မယ်ဆိုရင်တောင် အချိန်မီပါ့မလားဆိုပြီး ကျောင်းသားကျောင်း သူ မိဘတွေက စိုးရိမ်မှုတွေရှိလာတယ်။ အခု အချိန်အထိက ဘာမှအကောင်အထည် ပေါ် မလာသေးဘူး။ နေရာထိုင်ခင်း အခက်အခဲ အများကြီးရှိတယ်” ဟု ဦးဇော်လီအောင်ကဆက်လက်ပြောကြားသည်။
ယခင်က ပလက်ဝဒေသခံ တိုက်ပွဲရှောင်များကို ဆမီးမြို့ပေါ်ရှိ ကျောင်းများတွင် ထားခဲ့သော်လည်း ယခုအခါ တိုက်ပွဲရှောင် များအတွက် လုံးချင်းအိမ်များ ဆောက်လုပ် ပေးထားသောကြောင့် ဆမီးမြို့ပေါ်ရှိ ကျောင်းများတွင် တိုက်ပွဲရှောင်များ မရှိတော့ ဟု သိရသည်။
“ဆမီးအထိက သွားလာအလုပ်လုပ်လို့ ရပါတယ်။ မိုးရာသီမှာဆိုရင်တော့ ဆမီးနဲ့ မတူပီက မြေလမ်းဆိုတော့ သွားလာရခက်ခဲ မယ်ထင်တယ်။ တိုက်ပွဲဖြစ်ခါစနဲ့ နောက်ပိုင်း ပလက်ဝက အဆက်အသွယ် ပြတ်နေတယ်။ ချင်းပြည်နယ်အစိုးရနဲ့ WFP ကဆန်ပို့ထား တယ်။ ဆမီးနဲ့ ပလက်ဝ၊ ပလက်ဝနဲ့ ကျောက် တော်က အခုအချိန်အထိ အဆက်အသွယ် မရှိဘူး။ ပလက်ဝပြည်သူတွေက စားဝတ်နေ ရေးက အခက်အခဲနဲ့ ကြုံနေရတယ်။ လုံခြုံမှု လည်း မရှိဘူး။ ဆမီးမှာကျတော့ စားဝတ်နေ ရေးကျတော့ အခုနေဖို့ စီစဉ်ပေးနေတယ်။ စားဖို့က ပြည်တွင်းပြည်ပက အလှူရှင်တွေက လှူထားတဲ့ဆန်ကို နပ်မှန်အောင် စားနိုင်ပါ တယ်” ဟု ဦးဇော်လီအောင်က ဆက်လက်ပြောကြားသည်။ 

No comments:

Post a Comment