ရသေ့တောင်နှင့်ဘူးသီးတောင်အစပ် သဇင်မြိုင်ရဲကင်းစခန်းကို AA က ဝင်တိုက်၊ ရဲ ၁၀ ဦးနှင့် မိသားစုဝင် ၃ ဦး ပျောက်ဆုံးနေ
ရန်ကုန်၊ မေ ၂၉
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်နှင့် ဘူးသီးတောင်မြို့နယ် အစပ်ရှိ သဇင်မြိုင်ရဲကင်းစခန်းကို ရခိုင်တပ်တော်AA ယနေ့ နံနက် ၂ နာရီခန့်က ဝင်ရောက်တိုက်ခိုက်ပြီး ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ မိသားစုဝင် ၃ ဦး ပျောက်ဆုံးလျက်ရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
ရသေ့တောင်မြို့နယ်၊ သဇင်မြိုင် ရဲကင်းစခန်းရှိ ပင်မ စခန်းနေရာအား AA အဖွဲ့ဝင် ၁၀၀ ခန့်က စခန်း၏ အနောက်မြောက်ဘက်မှနေ၍ ယနေ့ နံနက် ၂ နာရီ ၁၀ မိနစ်က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၅ နာရီခန့်တွင် အင်အားခြင်းမမျှ၍ ပင်မစခန်းမှ ရဲတပ်ဖွဲ့ဝင်တချို့ ကာကင်းကုန်စခန်းသို့ သွားရောက်ပူးပေါင်းခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်တချို့ ပျောက်ဆုံးလျက်ရှိပြီး ရဲကင်းစခန်းနေရာသို့ ရဲတပ်ဖွဲ့နှင့် တပ်မတော်စစ်ကြောင်းများက စစ်ကူပေးနိုင်ရေး သွားရောက်ပူးပေါင်းလျက်ရှိကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရခိုင်ပြည်နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်လတ်ကမူ "အဲဒီသဇင်မြိုင်နေရာက အရမ်းခေါင်တယ်။ ဘူးသီးတောင်နဲ့ ရသေ့တောင်အစပ်။ ဟိုဘက်မှာ မွတ်စလင်တွေပဲရှိတော့တယ်။ ရွာကလည်း အိမ်ခြေ ၄၀ နဲ့ ၅၀ လောက်ပဲရှိတယ်။ တိုက်ပွဲဖြစ်တာကလည်း ဟုတ်တယ်။ အရမ်းဝေးတော့ဘယ်လိုတွေဖြစ်နေလဲ အသေးစိတ် မသိဘူး" ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
သဇင်မြိုင်ရဲစခန်း ဝင်ရောက်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး လတ်တလော AA အနေဖြင့် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးပေ။
Zawgyi Version

https://www.facebook.com/khitthitnews/posts/927787284325285?__cft__[0]=AZU5DbT6KnYw78MfbkRezRZd4ytN3VGbmmV818imdHB7sin-QwbVUCvUYKAslr11b5yR0tvy565ip_-s7X_ifBfMYUsVTVCi89m8hBmiYDUOfxuYUkzYrsTfCS819JVXoQb9RexhimmBYGCNKeD3HAJgwog5IPM1NOj2H7YhpwOt3Q&__tn__=%2CO%2CP-R
No comments:
Post a Comment