Sunday, May 31, 2020
ဝင်းညွန့် | DMG
မေ ၃၁၊ စစ်တွေ
{Unicode}
ရသေ့တောင်တွင် ကျည်ထိမှန်မူကြောင့် အရပ်သား(၄)ဦး ဒဏ်ရာရ
ဝင်းညွန့် | DMG
မေ ၃၁၊ စစ်တွေ
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် မနေ့က (မေလ ၃၀ ရက်နေ့) ညနေ့ ၈ နာရီကျော်အချိန်တွင် လက်နက်ကျည် ထိမှန်မှုကြောင့် အရပ်သားလေးဦး ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများထံမှ သိရသည်။
ရသေ့တောင်မြို့နယ်၊ စဖိုကျွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဦးကျော်ငြိမ်း က “ မနေ့က ညနေ့ ၈ နာရီကျော်မှာ တပ်မတော်ရေတပ်က မေယုမြစ်တစ်လျှောက်ပစ်လာတာ။ ပစ်တာကတော့ နာရီခွဲကျော်လောက်ပစ်သွားတယ်။ အခုတော့ သူတို့ကို စေတီပြင်တိုက်နယ်ဆေးခန်းမှာ ဆေးကုသနေတယ်။ ဒဏ်ရာတွေကတော့ သိပ်မပြင်းဘူး”ဟု ဆိုသည်။
အဆိုပါပစ်ခတ်မှုကြောင့် ရသေ့တောင်မြို့နယ် ကံပြင်စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေသူ မောင်သန်းထွန်း (နဖူး) ၊ ဒိုးဝေချောင်းကျေးရွာမှ အောင်ငြိမ်း(နှာခေါင်း) ၊ စိုးနိုင်ထွန်း (ဘယ်ခြေသလုံး) နှင့် ဒိုးဝေချောင်းကျေးရွာမှ ခင်မျိုးအေး (ဘယ်ဖက်နား) တို့မှာ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။
ပစ်ခတ်မူကြောင့် ဒေသခံများ ဒဏ်ရာရှိသွားသည်ကို ရသ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကို်ယ်စားလှယ် ဒေါ်ခင်စောဝေ က “ ဒဏ်ရာရသွားတာကတော့ ဟုတ်တယ်။ မနေ့က ၉ နာရီလောက်မှာ သူတို့ စေတီပြင်ဆေးခန်းမှာ ဆေးကုသနေတယ်။ မနေ့က တိုက်ပွဲဖြစ်တာတော့ မရှိဘူး” ဟု DMG ကို အတည်ပြုပြောဆိုသည်။
ထိုသို့ တပ်မတော်ရေယာဉ်မှ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများ၏ ပြောဆိုချက်နှင့် ပတ်သက်ပြီး တပ်မတော်ပြောခွင့်ရပုဂ္ဂိုလ်များကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိခဲ့ပေ။
https://www.facebook.com/dmgnewsagency/photos/a.466679383484478/1712895605529510/?type=3&__tn__=-R
ပလက်ဝကို စိုးမိုးထားသည့် ပွိုင့်ကုန်း ၃ ခုနှင့် ကာကင်း စခန်း ၄ ခု သိမ်းပိုက်ခဲ့ဟု တပ်မတော်ပြော
ပလက်ဝကို စိုးမိုးထားသည့် ပွိုင့်ကုန်း ၃ ခုနှင့် ကာကင်း စခန်း ၄ ခု သိမ်းပိုက်ခဲ့ဟု တပ်မတော်ပြော
ရန်ကုန်၊မေ ၃၁
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းအတွင်း ခြေကုပ်ယူထားသော ရခိုင်လက်နက်ကိုင်အဖွဲ့(AA)၏ မဟာ ဗျူဟာ ကျသည့် ပွိုင့်ကုန်း သုံးခုနှင့် ကာကင်းစခန်း လေးခုကို ယနေ့ နံနက်ပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ချင်းပြည်နယ်၊ ပလက်ဝမြို့၏ အနောက်တောင်ဘက် မီတာ ၂၅၀၀ ခန့်အကွာရှိ ပလက်ဝမြို့အား စိုးမိုးထားသည့် ပွိုင့် ၆၀၂၊ ပွိုင့် ၅၆၅ နှင့် ပွိုင့် ၅၄၀ သုံးခုနှင့် ကာကင်းစခန်းများကို ယနေ့ နံနက် ၈ နာရီခန့်တွင် တပ်မတော်က အပြီးတိုင် သိမ်းပိုက်ရရှိခဲ့သည်ဟု ဖော်ပြထားသည်။
တပ်မတော်က “ ပလက်ဝ ဒေသ နယ်မြေလုံခြုံရေး၊ လမ်းကြောင်းလုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံရေး ကို ခြိမ်းခြောက် လျက်ရှိပြီး ချင်းပြည်နယ်အစိုးရနှင့် အလှူရှင်များက ပလက်ဝ ဒေသခံများအတွက် ပေးပို့ လှူဒါန်းသည့် ထောက် ပံ့ ရေး ပစ္စည်းများနှင့် WFP မှ လှူဒါန်းသည့် ထောက်ပံ့ရေးရိက္ခာပစ္စည်းများကိုလည်း နည်းလမ်းမျိုးစုံဖြင့် ခြိမ်း ခြောက်ရယူသုံးစွဲနေကြောင်း သတင်း ဖော်ထုတ်ရရှိသဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက မေလ ၂၄ ရက်မှ စတင်၍ ပလက်ဝမြို့ဝန်းကျင် နယ်မြေ စိုးမိုးရေးလုပ်ငန်းများကို အသေးစိတ်ဆောင်ရွက်ခဲ့ သည်”ဟု ပြောသည်။
ထိုသို့ ဆောင်ရွက်ခဲ့ရာ မေ ၂၄ ရက်တွင် ပွိုင့် ၅၄၉ တောင်ကုန်းအား စတင် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး အဆင့် ဆင့် ခြေကုပ်ယူတိုက်ခိုက်ခဲ့ရာ မေ ၂၅ ရက်တွင် ၎င်းစခန်း၏ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်ရှိ ကာကင်း စခန်း နှစ်ခုအားလည်းကောင်း၊ မေ ၃၀ ရက်တွင် ပွိုင့် ၆၀၂ ၏ ရှေ့ကာကင်းစခန်းအားလည်းကောင်း အသီးသီး သိမ်းပိုက်ရရှိခဲ့ကာ တပ်မတော်စစ်ကြောင်းများအနေဖြင့် ပွိုင့် ၅၆၅၊ ပွိုင့် ၆၀၂ နှင့် ၎င်းတောင်ကုန်း နှစ်ခုကို အထောက်အကူပြုထားသည့် ကြား ကာကင်းကုန်းတို့အား ရင်ဆိုင်ထိန်းချုပ်ထားရှိခဲ့ပြီး ဆက်လက်တိုက်ခိုက်ခဲ့ ရာ ပွိုင့် ၆၀၂ ၊ ပွိုင့် ၅၆၅၊ ပွိုင့် ၅၄၀ အခိုင်အမာနေရာများနှင့် ကာကင်းစခန်း လေးခုတို့အား ယနေ့ နံနက်ပိုင်း အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ပွိုင့်ကုန်းများနှင့် ကာကင်းစခန်းများ သိမ်းပိုက်နိုင်ရေး တိုက်ပွဲတွင် AA ဘက်မှ အလောင်း၊ လက်နက် ကြီးများ အပါအဝင် လက်နက်မျိုးစုံ၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် တချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။
ထို စိုးမိုးပွိုင့်ကုန်း သုံးခုနှင့် ကာကင်းစခန်း လေးခုသည် ပလက်ဝဒေသ နယ်မြေလုံခြုံရေး၊ ကုလားတန်မြစ် ကြောင်း တလျှောက် လမ်းကြောင်းလုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံရေးများ အပါအဝင် ကုလားတန် မြစ်ကူး တံတားနှင့် လမ်းဖောက်လုပ်ရေး စီမံကိန်းတို့အား နှောင့်ယှက်ခြိမ်းခြောက်နိုင်သည့် မဟာဗျူဟာမြောက် ခြေကုပ်စခန်းများဖြစ်ကြောင်း သိရသည်။
AA သည် ပလက်ဝမြို့အနီးရှိ စိုးမိုးတောင်ကုန်းများဖြစ်သည့် ပွိုင့် ၆၀၂ ၊ ပွိုင့် ၅၆၅ နှင့် ပွိုင့် ၅၄၀ တောင်ကုန်း နေရာများ၌ အခိုင်အမာ နေရာယူ၍ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်တွင် ချင်းပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၁၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား ဖမ်းဆီးခေါ်ဆောင်ခဲ့သည့်ဖြစ်စဉ်၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်တွင် ပလက်ဝ- ဇိုရမ်ပူကာလမ်းဖောက်လုပ်နေသည့် C&C ကုမ္ပဏီမှ အိန္ဒိယနိုင်ငံသား ရှစ်ဦး၊ စကားပြန် နှစ်ဦးနှင့် လုပ်သား ငါးဦးတို့အား ဖမ်းဆီးခေါ်ဆောင်သွားသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း တပ်မတော်က ဆိုသည်။
ထို့ပြင် ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၂၂ ရက်တွင် ပလက်ဝမြို့အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ နှောင့်ယှက်ပစ်ခတ်မှုကြောင့် မြို့တွင်းရှိ မြန်မာ့စီးပွားရေးဘဏ်အနီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဘဏ်ဝန်ထမ်းများနှင့် မိသားစုဝင်များ သေဆုံး၊ ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့သလို ဧပြီ ၁၂ ရက်တွင် အရပ်သားများ အသွင် အယောင်ဆောင်၍ ပလက်ဝမြို့အတွင်း ဝင်ရောက်ကာ မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဖြစ်သူ ဦးမြင့်မောင်အား ဖမ်းဆီး ခေါ်ဆောင်သွားသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်ဟု တပ်မတော်က ထုတ်ပြန် ထားသည်။
http://www.mizzimaburmese.com/article/70311
တိုက်ပွဲဖြစ်မှာ စိုးရိမ်မှုကြောင့် ရခိုင်ဒေသခံ ထောင်ချီ တိမ်းရှောင်
တိုက်ပွဲဖြစ်မှာ စိုးရိမ်မှုကြောင့် ရခိုင်ဒေသခံ ထောင်ချီ တိမ်းရှောင်
31 မေ၊ 2020
နိုင်ကွန်းအိန်
၂၀၁၈ ခုနှစ်က ရခိုင်ပြည်နယ်တွင်း မြန်မာ့တပ်မတော်နဲ့ AA တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများ။ (ဒီဇင်ဘာ ၂၃၊ ၂၀၁၈)
၂၀၁၈ ခုနှစ်က ရခိုင်ပြည်နယ်တွင်း မြန်မာ့တပ်မတော်နဲ့ AA တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံများ။ (ဒီဇင်ဘာ ၂၃၊ ၂၀၁၈)
မျှဝေပါ
 Print
(Zawgyi / Unicode)
ရခိုင်ပြည်နယ်မှာ နယ်ခြားစောင့်စခန်းတခုကို AA ရခိုင်လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် နောက်ဆက်တွဲ တိုက်ပွဲတွေဖြစ်မှာ စိုးရိမ်မှုတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ တိမ်းရှောင်နေကြပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။
ရခိုင်လက်နက်ကိုင် AA အဖွဲ့ (ဓာတ်ပုံ - ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
SEE ALSO:
ရသေ့တောင်က နယ်ခြားစောင့်ရဲကင်းစခန်း AA ဝင်တိုက်
ရသေ့တောင်မြို့နယ်ထဲက သဇင်မြိုင် နယ်ခြားစောင့်စခန်းကို ပြီးခဲ့တဲ့ သောကြာနေ့တုန်းက တိုက်ခိုက်ခဲ့တဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို မြန်မာစစ်တပ်က လိုက်လံရှင်းလင်းနေချိန်မှာပဲ တိုက်ပွဲတွေ ကြီးထွားလာမှာကို ဒေသခံတွေ စိုးရိမ်နေကြတာပါ။ ဒီအတွက်လည်း ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ် အစပ်က ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေ ရသေ့တောင်မြို့နယ် စေတီပြင် စစ်ရှောင်စခန်းဘက်ကို တိမ်းရှောင်လာနေကြောင်း စခန်းတာဝန်ရှိသူတဦးက ပြောပါတယ်။
“ဘူးသီးတောင်မြို့နယ်က အတွင်းပြင်၊ အိုးသည်မ၊ ဒိုးဝေရွာ၊ နောက် အောင်ဇေယျ အဲဒီရွာတွေက ဘူးသီးတောင်မြို့နယ်က ပြေးလာတဲ့ရွာတွေ။ ရသေ့တောင်မြို့နယ်ကျတော့ ဟိုတနေ့က ရဲစခန်းကို ဝင်တိုက်တုန်းကရွာ သဇင်မြိုင်၊ ငလှမ်းပြင်၊ ပြင်ရှည်၊ ချွတ်ပြင် အဲဒီဘက် ရွာတော်တော်များများကတော့ စေတီပြင် ပြေးလာကြတယ်။ ၂၀၀၀ ကျော်ကျော်လောက်တော့ ရှိမယ်ထင်တယ်။ ဖက်လိပ်ဘက်ကိုလည်း ဆင်းပြေးတာရှိတယ်။ တိုက်ပွဲဖြစ်မှာကိုစိုးလို့။ ရွာနားမှာ တိုက်ပွဲဖြစ်ရင် ရွာသားတွေက ကြားညပ်မှာစိုးလို့ပေါ့။”
မနေ့က အောင်ဇေယျကျေးရွာဘက်က ပေါက်ကွဲသံနဲ့အတူ သေနတ်ပစ်သံ ကြားရလို့ စိုးရိမ်စိတ်နဲ့ တိမ်းရှောင်လာကြတာပါ။
ဒါ့အပြင် ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်အစပ် မေယုမြစ်ဘက်မှာ တပ်မတော် ရေတပ်သင်္ဘောတွေ တက်လာတာကြောင့် အိုးဖောက် ဇေယျာမြိုင်ဘက်က ရွာသား ၃၀၀ ခန့်ဟာ ဘူးသီးတောင်မြို့နယ် သေကံခွဆုံ ရွာဘက်ကို တိမ်းရှောင်နေကြတယ်လို့ ခွဆုံကျေးရွာဆရာတော် ဦးပညာဗလက မိန့်ပါတယ်။
“အခုရောက်နေတယ် ဒကာကြီး။ အိုးဖောက်ကရယ် ပြီးရင် ဇေယျာမြိုင်က ရောက်ကြတယ်။ လူဦးရေကတော့ အခု ရောက်လာတာက ၃၀၀ ကျော်လောက်ရှိတယ်။ ဘာဖြစ်လဲဆိုတော NAVY တက်လာလို့လေ။ မြစ်ကြောင်း တက်လာလို့လေ။ တက်လာလို့ရှိရင် ပစ်လည်း ပစ်တက်လာတယ်။ သူတို့က စိုးရိမ်လို့ ရှောင်လာကြတယ်လေ။”
မနေ့က ရေတပ်ကနေ ပစ်ခတ်မှုကြောင့် ရသေ့တောင်မြို့နယ်၊ မယူကမ်း စေတီပြင်ကျေးရွာ အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာဘက်မှာ လက်နက်ကျည် ကျရောက်ပေါက်ကွဲခဲ့လို့ ကလေးငယ် မိခင် အမျိုးသမီးတဦး အပါအဝင် လူ ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ဒီဒဏ်ရာရရှိသူတွေကို စေတီပြင်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ စေတီပြင် စစ်ရှောင်စခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
“မနေ့က စစ်တပ်က NAVY ကနေပြီးတော့ မြစ်ကို စုန်ဆန်သွားပြီးတော့ ရွာတွေကို လှမ်းပစ်တာရှိတယ်။ ရွာသားတွေ ဒဏ်ရာရတာ ၅ ယောက်လောက်ရှိတယ်။ ခံရတာက ရသေ့တောင်မြို့နယ် ဒိုးဝေချောင်း၊ နောက်ပြီး အောင်ဇေကုန်း၊ စဖိုကျွန်း၊ ကံပြင်၊ အဲဒီရွာတွေကလူတွေ ၅ ယောက်လောက် ဒဏ်ရာရတယ်။ စေတီပြင်ဆေးရုံ တင်ထားတယ် အခု။”
ဒဏ်ရာရရှိသူတွေကတော့ စဖိုကျွန်းကျေးရွာက ကလေးမိခင် မမျိုးသူဇာ ၂၃ နှစ်၊ အောင်ဇေကုန်းကျေးရွာက ၉ တန်းကျောင်းသား မောင်ကျော်ဝင်းထွန်း၊ ကံပြင်ကယ်ဆယ်ရေးစခန်းက ဦးမောင်သန်းထွန်း၊ ဒိုးဝေချောင်း ကျေးရွာက ၉ တန်းကျောင်းသား မောင်ငြိမ်းသန်းနဲ့ ကိုစိုးလှိုင်ထွန်း (၂၆) နှစ်တို့ ဖြစ်ကြပါတယ်။
ဒေသခံတွေကတော့ တိုက်ပွဲဖြစ်ပွားတာ မဟုတ်ဘဲ အကြောင်းမဲ့ ပစ်ခတ်တာလို့ ဆိုပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရသေ့တောင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်ကို မသိရှိသေးဘူးလို့ ပြောပါတယ်။
AA အဖွဲ့ လာရောက်ပစ်ခတ်ခဲ့တဲ့ သဇင်မြိုင် ရဲကင်းစခန်း တည်နေရာပြမြေပုံ။ (မေ ၂၉၊ ၂၀၂၀။ ဓာတ်ပုံ - ပြန်ကြားရေးဝန်ကြီးဌာန)
SEE ALSO:
AA ဖမ်းသွားတဲ့ သဇင်မြိုင် ရဲကင်းစခန်းက မိသားစုဝင်တွေ ပြန်လွတ်လာ
မေလ ၂၉ ရက်နေ့ မနက်ပိုင်းမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကနေ သဇင်မြိုင် နယ်ခြားစောင့်စခန်းကို တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးသွားခဲ့ပါတယ်။ ဒီဖြစ်စဉ်အပြီး ရသေ့တောင်မြို့နယ်ဘက်မှာ တပ်မတော်ဘက်ကနေ တန်ပြန် နှိမ်နင်းရေးတွေ လုပ်ဆောင်မှုတွေ ရှိနေတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။
“လုံခြုံရေး အကာအကွယ်ပေးနေတဲ့ စခန်းငယ်တွေကို တိုက်ခိုက်ခဲ့တာဖြစ်တယ်။ တပ်မတော်အနေနဲ့တော့ တန်ပြန် အကြမ်းဖက်တိုက်ဖျက်မှု နှိမ်နင်းရေး စစ်ဆင်ရေးကို ထိရောက်စွာ ဆက်လက်ဆောင်ရွက်နေပါတယ်။”
လက်ရှိ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့အကြား ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်မှာ တိုက်ပွဲပြင်းထန် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၂၀ မေလ ၂၈ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက် စစ်ရေးတင်းမာမှုအတွင်း အရပ်သား ၂၅၆ ဦး သေဆုံး၊ ၅၅၅ ဦး ဒဏ်ရာရပြီး ၂ သိန်းနီးပါး စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံးကနေ ထုတ်ပြန်ထားပါတယ်။
---------------------------------
(Unicode)
ရခိုင်ဒေသတွင်းစစ်ပွဲတွေကြောင့် နေရပ်ခွာ ထွက်ပြေးခဲ့ကြရတဲ့ ရခိုင်ဒုက္ခသည် မိသားစု (ဖေဖော်ဝါရီ ၀၇၊ ၂၀၁၉)
SEE ALSO:
ရခိုင်မြောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေ စိတ်မအေးဖွယ်ဖြစ်နေရဆဲ
ရဲတပ်ဖွဲ့ဝင်များ
SEE ALSO:
ရခိုင်မြောက်ပိုင်းမှာ အကြမ်းဖက်ဥပဒေနဲ့ ဖမ်းဆီး တရားစွဲခံရသူဦးရေတိုးလာ
https://burmese.voanews.com/a/rakhine-refugees/5442954.html
AA စခန်းတွေကို တပ်မတော်သိမ်းလိုက်တယ်လို့ ကြေညာ
မြန်မာဌာန | သတင်းဆောင်းပါးများ
AA စခန်းတွေကို တပ်မတော်သိမ်းလိုက်တယ်လို့ ကြေညာ
2020-05-31အီးမေးလ်မှတ်ချက်ပေးပါShareပုံနှိပ်ပါ
ပုံနှိပ်ပါရှယ်ပါမှတ်ချက်ပေးပါအီးမေးလ်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မေယုမြစ်ထဲမှာ စနေနေ့ညက ခုတ်မောင်းသွားတဲ့ တပ်မတော်ရေယာဉ်ပေါ်ကနေ မြစ်ကမ်းဘေးကရွာတချို့ကို ပစ်ခတ်လို့ အရပ်သား ငါးဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ လူမှုကူညီရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ မြန်မာ့တပ်မတော်ကတော့ သူတို့ကို AA အဖွဲ့ကတိုက်လို့ ပြန်တိုက်တာလို့ မနေ့က မေလ ၃၁ ရက်ညမှာ သတင်းထုတ်ပြန်ပါတယ်။ အဲဒီအပြင် ပလက်ဝမြို့အနောက်ဘက်က AA ခြေကုတ် စခန်း သုံးခုကို တပ်မတော်ကသိမ်းလိုက်တယ်လို့ ကြေညာပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး RFA ဝိုင်းတော်သား ကိုရဲစည်သူကာ တင်ပြထားပါတယ်။
https://www.rfa.org/burmese/program_2/army-occupied-aa-camp-05312020233247.html
တပ်ကပစ်ခတ်မှုကြောင့် ရသေ့တောင် ဒေသခံ ငါးဦး ထိခိုက်ဒဏ်ရာရ
မြန်မာဌာန | သတင်းများ
တပ်ကပစ်ခတ်မှုကြောင့် ရသေ့တောင် ဒေသခံ ငါးဦး ထိခိုက်ဒဏ်ရာရ
2020-05-31အီးမေးလ်မှတ်ချက်ပေးပါShareပုံနှိပ်ပါ
ပုံနှိပ်ပါရှယ်ပါမှတ်ချက်ပေးပါအီးမေးလ်
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မေယုမြစ်အတွင်း မနေ့ညက ခုတ်မောင်းသွားတဲ့ တပ်မတော်ရေယာဉ်ကနေ ကမ်းဘေးက ကျေးရွာတချို့ကို ပစ်ခတ်ခဲ့လို့ အရပ်သား ငါးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
မေလ ၃၀ ရက် စနေနေ့ညက သောင်းဒရားရွာအနီး မေယုမြစ်ကြောင်းတလျှောက် ခုတ်မောင်းသွားတဲ့ တပ်မတော်ရေယာဉ်ကနေ မြစ်အနောက်ဘက်ကမ်းက ရွာတချို့ကို လှမ်းပစ်ခဲ့တာလို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများအစည်းအရုံး REC က ပြောပါတယ်။ ရွာ ငါးရွာက နေအိမ်တချို့ပျက်စီးပြီး၊ ၉ တန်းကျောင်းသား တစ်ဦး အပါအဝင် အရပ်သား ငါးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ REC အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက RFA ကို ပြောပါတယ်။
“သောင်းဒရားကျေးရွာကနေ အဲဒီမေယုမြစ်အတိုင်းဖြတ်ပြီး ပစ်ခတ်သွားတာ ကျေးရွာ ငါးရွာလောက် ထိသွားတယ် မြစ်ရဲ့ အနောက်ဘက်ကမ်းကိုပဲ ရွေးပစ်သွားတာ၊ ဘာ့ကြောင့်လဲဆိုတော့ တစ်ခြားနေရာက ဒေသခံတွေ မရှိတော့ဘူး၊ အကုန်ထွက်ပြေးကုန်ကြပြီ မီးရှို့ခံရတဲ့ ရွာတွေလည်းပါတယ်။ အဲရွာတွေမှာ လူတွေရှိနေတယ်၊ တပ်မတော်က ဒီရွာတွေမှာ အေအေဖက်ကလူတွေ ခိုလှုံနေတယ်ဆိုပြီးတော့များ တိုက်ခိုက်သွားလား ဒါလဲ ယူဆချက်ပါ”
ကံပြင်စစ်ဘေးရှောင်စခန်း၊ စဖိုကျွန်း၊ အောင်ဇေကုန်းကျေးရွာတွေက တစ်ဦးစီနဲ့ ဒိုးဝေချောင်း ကျေးရွာက နှစ်ဦး ကျည်ဆံထိမှန်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒဏ်ရာရသူ ငါးဦးထဲက စစ်ဘေးဒုက္ခသည်စခန်းက တစ်ဦးကတော့ ဒဏ်ရာမပြင်းထန်ဘဲ ကျန်တဲ့ ဒေသခံ လေးဦးကတော့ စေတီပြင်တိုက်နယ်ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ စေတီပြင်ကျေးရွာ ပရဟိတလူငယ်အဖွဲ့က ကိုအောင်မင်းစိုးက  ပြောပါတယ်။
“လေးယောက် စေတီပြင်တိုက်နယ်ဆေးရုံကို တင်ထားတယ်၊ ကံပြင်ကယ်ဆယ်ရေးစခန်းက တစ်ယောက်က သိပ်ဒဏ်ရာမများလို့ စေတီပြင်ကို မလာတော့ဘူးလို့ ပြောတယ်”
အဲဒီကျေးရွာတွေမှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ တပ်မတော်က မြစ်ကြောင်းတလျှောက် သွားလာရင်း ပစ်ခတ်သွားတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲမဖြစ်ဘဲ ဒေသခံတွေ ပစ်ခတ်ခံရတာ လက်ခံနိုင်စရာ မရှိဘူးလို့ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဆိုပါတယ်။
“တိုက်ပွဲဖြစ်တာ မဟုတ်ဘဲ ညမိုးချုပ်မှပစ်တာဖြစ်တယ်၊ တိုက်ပွဲမရှိဘဲပစ်တာ လက်ခံနိုင်စရာမရှိဘူး၊ တစ်ဖက်နဲ့တစ်ဖက် အနိုင်ရအောင်တိုက်တာမျိုး မဟုတ်ဘဲ ကြားကနေ ပြည်သူတွေခံရတာ မဖြစ်သင့်ဘူးလို့ ပြောချင်တယ်”
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က မြန်မာစံတော်ချိန် ညနေ ၅ နာရီအထိ အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ခေါ်ဆိုလို့မရခဲ့ပါဘူး။
AA ရက္ခိုင့်တပ်တော် ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခကတော့ ရသေ့တောင်မြို့နယ်အတွင်း မနေ့က တိုက်ပွဲ ဖြစ်ပွားတာ မရှိကြောင်းနဲ့ မေယုမြစ်အတွင်း တပ်မတော်ရေယာဉ်ရဲ့ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း RFA ကို ပြောပါတယ်။
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA အဖွဲ့တို့ စစ်ရေးပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ နေ့စဉ်နဲ့အမျှ ပစ်ခတ်မှုတွေရှိနေပြီး အရပ်သား ထိခိုက်မှုတွေကလည်း ရှိနေပါတယ်။
RFA က ရရှိထားတဲ့ အချက်အလက်တွေအရ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာလကနေ ၂၀၂၀ မေလ ၂၈ ရက်နေ့အထိ သေဆုံးတဲ့အရပ်သား ၂၅၆ ဦး ထိခိုက်ဒဏ်ရာရရှိတဲ့ အရပ်သား ၅၅၅ ဦး ရှိနေပြီ ဖြစ်ပါတယ်။
https://www.rfa.org/burmese/news/rathedaung-villagers-injured-05312020071257.html
ပလက်ဝမြို့အနီး AA ခြေကုပ်စခန်းသုံးခုနှင့် ကာကင်းစခန်းများအားသိမ်းပိုက်ရရှိဟု တပ်မတော်သတင်းထုတ်ပြန်
ပလက်ဝမြို့အနီး AA ခြေကုပ်စခန်းသုံးခုနှင့် ကာကင်းစခန်းများအားသိမ်းပိုက်ရရှိဟု တပ်မတော်သတင်းထုတ်ပြန်
နေပြည်တော်၊ မေ - ၃၁
ချင်းပြည်နယ်၊ ပလက်ဝမြို့၏ အနောက်တောင်ဘက် မီတာ ၂၅၀၀ ခန့်အကွာရှိ ပလက်ဝမြို့အား စိုးမိုးထားသည့် ပွိုင့်-၆၀၂ ၊ ပွိုင့်-၅၆၅နှင့် ပွိုင့်-၅၄၀ နေရာများမှ AA အခိုင်အမာခြေကုပ်စခန်း ၃ ခုနှင့် ကာကင်းစခန်းများကို ယနေ့နံနက် ၈ နာရီခန့်တွင် တပ်မတော်မှ အပြီးတိုင်သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
မေ ၂၄ ရက်တွင် ပွိုင့်-၅၄၀ တောင်ကုန်းအား စတင်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး အဆင့်ဆင့်ခြေကုပ်ယူတိုက်ခိုက်ခဲ့ရာ မေ ၂၅ ရက်တွင် ၎င်းစခန်း၏ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်ရှိ ကာကင်းစခန်း ၂ ခုအားလည်းကောင်း၊ မေ ၃၀ ရက်တွင် ပွိုင့်-၆၀၂၏ ရှေ့ကာကင်းစခန်းအားလည်းကောင်း အသီးသီးသိမ်းပိုက် ရရှိခဲ့ကာ တပ်မတော်စစ်ကြောင်းများအနေဖြင့် ပွိုင့်-၅၆၅ ၊ ပွိုင့်-၆၀၂ နှင့် ၎င်းတောင်ကုန်း ၂ ခုကို အထောက်အကူပြုထားသည့် ကြားကာကင်းကုန်းတို့အား ရင်ဆိုင်ထိန်းချုပ် ထားရှိခဲ့ကြောင်း၊ ပွိုင့်-၆၀၂၊ ပွိုင့်-၅၆၅နှင့် ပွိုင့်-၅၄၀ အခိုင်အမာနေရာများနှင့် ကာကင်းစခန်း ၄ ခုတို့အား ယနေ့ မေ ၃၁ ရက် နံနက်ပိုင်းတွင် အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
AA အဖွဲ့ထံမှ အလောင်း၊ လက်နက်ကြီးများအပါအဝင် လက်နက် မျိုးစုံ၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခ ဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်မတော်၏ သတင်းထုတ်ပြန်မှုနှင့်ပတ်သက်ပြီး AA ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးဘဲ ရန်ကုန်ခေတ်သစ်အနေဖြင့် AA ထံသို့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပေ။
https://www.facebook.com/khitthitnews/posts/929607740809906?__cft__[0]=AZXmeV13rkJ9_-vhbrwHDb9OJQg0MbEoy7afc6f2YQm7DpKPGuYjBIDsOqJchYiguoUtuK6e7nvVCSE3y_gSTqPyEx2b7R6R7Pymd2cwqgjZbq3wU4Gmb7i8n_qv9YTGE1W4tXye5wMA6KG-ThyugRuDEh_PhoW6z92dPFRErg6VCA&__tn__=%2CO%2CP-R
ရသေ့တောင်မြို့နယ် မယူကမ်းတွင် လက်နက်ကြီးကျည်ကျ၍ ကလေးငယ်မိခင်တစ်ဦး အပါအဝင် လူ ၅ ဦးဒဏ်ရာရ
ရသေ့တောင်မြို့နယ် မယူကမ်းတွင် လက်နက်ကြီးကျည်ကျ၍ ကလေးငယ်မိခင်တစ်ဦး အပါအဝင် လူ ၅ ဦးဒဏ်ရာရ
အိမ်စိုးဖြူ
နိရဥၥရာ၊ ေမ ၃၁/၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်း စေတီပြင်ကျေးရွာ အနီးဝန်းကျင်ရှိ ကျေးရွာများအတွင်းသို့ ယမန်နေ့ (မေ ၃ဝ ရက်) ညနေ ၈ နာရီခွဲခန့်က လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲသဖြင့် ကလေးငယ် မိခင်အမျိုးသမီးတစ်ဦးအပါအဝင် လူ ၅ ဦး ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။
ဒဏ်ရာရရှိသူများမှာ စဖိုကျွန်းကျေးရွာမှ ၂ နှစ်အရွယ် ကလေးမိခင် မမျိုးသူဇာ(၂၃) နှစ်၊ အောင်ဇေကုန်းကျေးရွာမှ ၉ တန်းကျောင်းသား မောင်ကျော်ဝင်းထွန်း(၁၈)နှစ်၊ ကံပြင်ကယ်ဆယ်ရေးစခန်းမှ ဦးမောင်သန်းထွန်း(၄၁)နှစ်၊ ဒိုးဝေချောင်းကျေးရွာမှ နှစ်ယောက်မှာ ၉ တန်းကျောင်းသားမောင်ငြိမ်းသန်း(၁၆)နှစ်နှင့် ကိုစိုးလှိုင်ထွန်း(၂၆) နှစ်တို့ဖြစ်ကြသည်။
ကယ်ဆယ်ရေးလုပ်ဆောင်နေသည့် စေတီပြင်ပရဟိတအဖွဲ့ဝင်တစ်ဦးက “ကျွန်တော်တို့ ဒဏ်ရာရတဲ့ လူနာတွေကို ဆေးရုံပို့ထားပါတယ်။ အခု စဖိုကျွန်းက မမျိုးသူဇာကို လာခေါ်တာပါ။ သူ့မှာ ဦးခေါင်းမှာ ကျည်စ နှစ်နေရာ ထိထားပါတယ်။ လက်နက်ကြီးကျည်စထိကြတာပါ အကုန်မှာ သုံးယောက် ကိုတော့ ဆေးရုံ ပို့လိုက်ပါပြီ ”ဟု ယမန်နေ့ ည ၁ဝ နာရီခွဲက နိရဥ္စရာသတင်းဌာနက ဆက်သွယ်စဉ် ပြောကြားသည်။
၎င်းတို့ကယ်ဆယ်ရေးလုပ်နေစဉ် ပစ်ခတ်မှုများ ရှိနေခဲ့သဖြင့် ကျေးရွာ ၄ခုမှ ရွာသားများမှာ ပြေးလွှား ပုန်းခိုနေခဲ့ရကြောင်း၊ ၎င်းတို့ စက်လှေပေါ်တွင် ရွာသားအချို့ကို ကယ်ထုတ်လာနိုင်ခဲ့ကြောင်းနှင့် ဒဏ်ရာ ရရှိသူများအား စေတီပြင်တိုက်နယ်ဆေးရုံတွင် ပို့ဆောင်ထားကြောင်း သူကဆက်ပြောသည်။
ဒဏ်ရာရရှိနေသည့် သားဖြစ်သူ ကိုစိုးလှိုင်ထွန်းနှင့်အတူ လူနာစောင့် အဖြစ်လိုက်ပါလာသော ဦးလှဖြူဇံ က “ဘယ်လိုဖြစ်တာလဲဆိုတာက ဇက်သင်္ဘောက မယူမြစ်ကြောင်းအတိုင်း ပစ်လို့လာတာ။ ရွာနဲ့ မြစ်နဲ့ဝေးတယ်။ လက်နက်ကြီး ကျည်ထိတာ။ ဦးလေးတို့ ရွာသားတွေ ရွာထဲကဓမ္မာရုံမှာ စုပြီး ပုန်းနေကြတာ။ အဲဒီမှာ လက်နက်ကြီးက အပင်ကိုထိတယ်။ အပင်ကနေ ကျည်စလွင့်စင်ပြီး ကလေးတွေကိုထိတာ။ အောင်ဇေကုန်းက ကလေးက ရွာကိုအလည်ရောက်နေတာမှာ ထိတာပါ။ ဘယ်လိုပြောရမလဲ ဖြစ်ဖို့ပါလို့ဖြစ်ရတယ်လို့ မှတ်ရတော့မယ်” ဟုပြောသည်။
အောင်ဇေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးကလည်း “ စဖိုကျွန်းအနီး မေယူမြစ်ထဲကနေစပြီး ဇက်နှစ်စီးနဲ့ ပစ်တာပဲ။ ရွာကလူတွေကလည်း အကြောက်လွန်ပြီးထွက်ပြေးကြတာမှာ မိန်းကလေး တစ်ယောက်ဆီ ထိတယ်။ ဒီကံပြင် ကယ်ဆယ်ရေးစခန်းမှာလည်း ယောက်င်္ကျားတစ်ယောက် နဖူးကို ရှပ်ထိသွားတယ်လို့ ကြားတယ်။ တိုက်ပွဲဖြစ်တာလည်းမဟုတ်ဘူး။ ဦးလေးတို့ရွာသားတွေ ရွာပြင်တွေနဲ့ တောထဲတွေကို ထွက်ပြေးသွားကြတယ်” ဟုပြောသည်။
အောင်ဇေကုန်းကုန်းကျေးရွာတွင် အိမ်ခြေ၁၆၄ ဆောင်နှင့် လူဦးရေ ၈ဝဝ ကျော်ရှိပြီး ရွာလုံးကျွတ် ထွက်ပြေးနေကြကြောင်း သက်ကြီးရွယ်အိုအချို့သာ ရွာတွင်ကျန်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။
ဒိုးဝေချောင်းကျေးရွာတွင်လည်း အိမ်ခြေ ၆၇ ဆောင်နှင့် လူဦးရေ ၃၆၆ ဦးရှိပြီး တစ်ရွာလုံးသားမှာ ဘုန်းတော်ကြီးကျောင်းတွင် ပုန်းခိုနေခဲ့ရကြောင်း ပြောဆိုသည်။
ကျည်ဆံဒဏ်ရာများမှာ အောင်ဇေကုန်းရွာမှ မောင်ကျော်ဝင်းထွန်းတွင် ဘယ်ဖဝါးနှင့် ဘယ်လက် တို့တွင် ကျည်စထိမှန်၊ စဖိုကျွန်းရွာမှ မမျိုးသူဇာတွင် ဦးခေါင်းတွင် နှစ်ချက်ကျည်စ လျှပ်ထိ၊ ဒိုးဝေချောင်းကျေးရွာမှ ကိုစိုးလှိုင်ထွန်းတွင် ညာခြေသလုံးနှင့် ဘယ်လက်မောင်း ၂ချက် ကျည်စ ထိမှန်ကာ ဝမ်းဗိုက်လျှပ်ထိ၊ ဒိုးဝေချောင်းကျေးရွာမှ မောင်ငြိမ်းသန်းတွင် နှာခေါင်းလျှပ်ထိဒါဏ်ရာနှင့် စေတီပြင် တိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေပြီး ကံပြင်ကယ်ဆယ်ရေးစခန်းမှ ဦးမောင်သန်းထွန်းမှာ မစိုးရိမ်ရဒဏ်ရာရရှိသဖြင့် ကံပြင် ကယ်ဆယ်ရေး စခန်းတွင် ဆေးကုသမှုခံယူနေကြောင်းသိရသည်။
ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက "တိုက်ပွဲဖြစ်တာ မရှိဘူး။ ဒီလိုပဲ ရမ်းသမ်း ပစ်သွားတာလို့ ရွာသားတွေကပြောတယ်။ ဒဏ်ရာရတဲ့ လူတွေကို ရသေ့တောင် ဆေးရုံကို ခေါ်လာမလားလို့။ မခေါ်လာဘူး စေတီပြင်ဆေးရုံမှာလို့ သိရတယ်။ လူနာ သုံးလေး ယောက်က စေတီပြင် တိုက်နယ်ဆေးရုံကို ရောက်နေတယ်။ ဘယ်နှစ်ယောက် ဒဏ်ရာရတယ်ဆိုတာတော့ မေးကြည့် ရအုန်းမယ်"ဟုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မေးမြန်းရန် တပ်မတော်ပြောရေးဆိုခွင့်ရှိသူ သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား ယနေ့နံနက် ၁၁ နာရီကျော်က ဖုန်းဖြင့်အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဆက်သွယ်မှုမရရှိခဲ့သဖြင့် တပ်မတော်ဘက်က သဘောထားကို တင်ပြနိုင်ခြင်း မရှိသေးပါ။
ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး REC မှ သတင်းထုတ်ပြန်ချက်တွင်လည်း ရသေ့တောင်မြို့နယ် မယူမြစ်အတွင်းဖြတ်မောင်သွားသည့် ရေတပ်ဇက်ရေယာဉ်မှ ယနေ့ ည ၉ နာရီ ၂ဝ ခန့်က မြစ်ကြောင်း တစ်လျှောက် ပစ်ခတ်မှုကြောင့် အနည်းဆုံး ဒေသခံ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်းကို နာမည်၊ ရောက်ရှိနေသည့် ဆေးရုံနာမည်နှင့်အတူ ဖော်ပြထားသည်။
----------------------------------------------------
Unicode -
ရသေ့တောင်မြို့နယ် မယူကမ်းတွင် လက်နက်ကြီးကျည်ကျ၍ ကလေးငယ်မိခင်တစ်ဦး အပါအဝင် လူ ၅ ဦးဒဏ်ရာရ
အိမ်စိုးဖြူ
နိရဉ်စရာ၊ မေ ၃၁/၂ဝ၂ဝ
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ မယူကမ်း စေတီပြင်ကျေးရွာ အနီးဝန်းကျင်ရှိ ကျေးရွာများအတွင်းသို့ ယမန်နေ့ (မေ ၃ဝ ရက်) ညနေ ၈ နာရီခွဲခန့်က လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲသဖြင့် ကလေးငယ် မိခင်အမျိုးသမီးတစ်ဦးအပါအဝင် လူ ၅ ဦး ဒဏ်ရာ ရရှိသွားကြောင်း သတင်းရရှိသည်။
ဒဏ်ရာရရှိသူများမှာ စဖိုကျွန်းကျေးရွာမှ ၂ နှစ်အရွယ် ကလေးမိခင် မမျိုးသူဇာ(၂၃) နှစ်၊ အောင်ဇေကုန်းကျေးရွာမှ ၉ တန်းကျောင်းသား မောင်ကျော်ဝင်းထွန်း(၁၈)နှစ်၊ ကံပြင်ကယ်ဆယ်ရေးစခန်းမှ ဦးမောင်သန်းထွန်း(၄၁)နှစ်၊ ဒိုးဝေချောင်းကျေးရွာမှ နှစ်ယောက်မှာ ၉ တန်းကျောင်းသားမောင်ငြိမ်းသန်း(၁၆)နှစ်နှင့် ကိုစိုးလှိုင်ထွန်း(၂၆) နှစ်တို့ဖြစ်ကြသည်။
၄င်းတို့ကယ်ဆယ်ရေးလုပ်နေစဉ် ပစ်ခတ်မှုများ ရှိနေခဲ့သဖြင့် ကျေးရွာ ၄ခုမှ ရွာသားများမှာ ပြေးလွှား ပုန်းခိုနေခဲ့ရကြောင်း၊ ၄င်းတို့ စက်လှေပေါ်တွင် ရွာသားအချို့ကို ကယ်ထုတ်လာနိုင်ခဲ့ကြောင်းနှင့် ဒဏ်ရာ ရရှိသူများအား စေတီပြင်တိုက်နယ်ဆေးရုံတွင် ပို့ဆောင်ထားကြောင်း သူကဆက်ပြောသည်။
ဒဏ်ရာရရှိနေသည့် သားဖြစ်သူ ကိုစိုးလှိုင်ထွန်းနှင့်အတူ လူနာစောင့် အဖြစ်လိုက်ပါလာသော ဦးလှဖြူဇံ က “ဘယ်လိုဖြစ်တာလဲဆိုတာက ဇက်သင်္ဘောက မယူမြစ်ကြောင်းအတိုင်း ပစ်လို့လာတာ။ ရွာနဲ့ မြစ်နဲ့ဝေးတယ်။ လက်နက်ကြီး ကျည်ထိတာ။ ဦးလေးတို့ ရွာသားတွေ ရွာထဲကဓမ္မာရုံမှာ စုပြီး ပုန်းနေကြတာ။ အဲဒီမှာ လက်နက်ကြီးက အပင်ကိုထိတယ်။ အပင်ကနေ ကျည်စလွင့်စင်ပြီး ကလေးတွေကိုထိတာ။ အောင်ဇေကုန်းက ကလေးက ရွာကိုအလည်ရောက်နေတာမှာ ထိတာပါ။ ဘယ်လိုပြောရမလဲ ဖြစ်ဖို့ပါလို့ဖြစ်ရတယ်လို့ မှတ်ရတော့မယ်” ဟုပြောသည်။
အောင်ဇေကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးကလည်း “ စဖိုကျွန်းအနီး မေယူမြစ်ထဲကနေစပြီး ဇက်နှစ်စီးနဲ့ ပစ်တာပဲ။ ရွာကလူတွေကလည်း အကြောက်လွန်ပြီးထွက်ပြေးကြတာမှာ မိန်းကလေး တစ်ယောက်ဆီ ထိတယ်။ ဒီကံပြင် ကယ်ဆယ်ရေးစခန်းမှာလည်း ယောက်င်္ကျားတစ်ယောက် နဖူးကို ရှပ်ထိသွားတယ်လို့ ကြားတယ်။ တိုက်ပွဲဖြစ်တာလည်းမဟုတ်ဘူး။ ဦးလေးတို့ရွာသားတွေ ရွာပြင်တွေနဲ့ တောထဲတွေကို ထွက်ပြေးသွားကြတယ်” ဟုပြောသည်။
အောင်ဇေကုန်းကုန်းကျေးရွာတွင် အိမ်ခြေ၁၆၄ ဆောင်နှင့် လူဦးရေ ၈ဝဝ ကျော်ရှိပြီး ရွာလုံးကျွတ် ထွက်ပြေးနေကြကြောင်း သက်ကြီးရွယ်အိုအချို့သာ ရွာတွင်ကျန်ခဲ့ကြောင်း ၄င်းကဆက်ပြောသည်။
ဒိုးဝေချောင်းကျေးရွာတွင်လည်း အိမ်ခြေ ၆၇ ဆောင်နှင့် လူဦးရေ ၃၆၆ ဦးရှိပြီး တစ်ရွာလုံးသားမှာ ဘုန်းတော်ကြီးကျောင်းတွင် ပုန်းခိုနေခဲ့ရကြောင်း ပြောဆိုသည်။
ကျည်ဆံဒဏ်ရာများမှာ အောင်ဇေကုန်းရွာမှ မောင်ကျော်ဝင်းထွန်းတွင် ဘယ်ဖဝါးနှင့် ဘယ်လက် တို့တွင် ကျည်စထိမှန်၊ စဖိုကျွန်းရွာမှ မမျိုးသူဇာတွင် ဦးခေါင်းတွင် နှစ်ချက်ကျည်စ လျှပ်ထိ၊ ဒိုးဝေချောင်းကျေးရွာမှ ကိုစိုးလှိုင်ထွန်းတွင် ညာခြေသလုံးနှင့် ဘယ်လက်မောင်း ၂ချက် ကျည်စ ထိမှန်ကာ ဝမ်းဗိုက်လျှပ်ထိ၊ ဒိုးဝေချောင်းကျေးရွာမှ မောင်ငြိမ်းသန်းတွင် နှာခေါင်းလျှပ်ထိဒါဏ်ရာနှင့် စေတီပြင် တိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေပြီး ကံပြင်ကယ်ဆယ်ရေးစခန်းမှ ဦးမောင်သန်းထွန်းမှာ မစိုးရိမ်ရဒဏ်ရာရရှိသဖြင့် ကံပြင် ကယ်ဆယ်ရေး စခန်းတွင် ဆေးကုသမှုခံယူနေကြောင်းသိရသည်။
ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက "တိုက်ပွဲဖြစ်တာ မရှိဘူး။ ဒီလိုပဲ ရမ်းသမ်း ပစ်သွားတာလို့ ရွာသားတွေကပြောတယ်။ ဒဏ်ရာရတဲ့ လူတွေကို ရသေ့တောင် ဆေးရုံကို ခေါ်လာမလားလို့။ မခေါ်လာဘူး စေတီပြင်ဆေးရုံမှာလို့ သိရတယ်။ လူနာ သုံးလေး ယောက်က စေတီပြင် တိုက်နယ်ဆေးရုံကို ရောက်နေတယ်။ ဘယ်နှစ်ယောက် ဒဏ်ရာရတယ်ဆိုတာတော့ မေးကြည့် ရအုန်းမယ်"ဟုပြောသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မေးမြန်းရန် တပ်မတော်ပြောရေးဆိုခွင့်ရှိသူ သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းအား ယနေ့နံနက် ၁၁ နာရီကျော်က ဖုန်းဖြင့်အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဆက်သွယ်မှုမရရှိခဲ့သဖြင့် တပ်မတော်ဘက်က သဘောထားကို တင်ပြနိုင်ခြင်း မရှိသေးပါ။
ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံး REC မှ သတင်းထုတ်ပြန်ချက်တွင်လည်း ရသေ့တောင်မြို့နယ် မယူမြစ်အတွင်းဖြတ်မောင်သွားသည့် ရေတပ်ဇက်ရေယာဉ်မှ ယနေ့ ည ၉ နာရီ ၂ဝ ခန့်က မြစ်ကြောင်း တစ်လျှောက် ပစ်ခတ်မှုကြောင့် အနည်းဆုံး ဒေသခံ ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်းကို နာမည်၊ ရောက်ရှိနေသည့် ဆေးရုံနာမည်နှင့်အတူ ဖော်ပြထားသည်။
https://www.facebook.com/narinjara.info/posts/3280671375278250?__cft__[0]=AZUz_U4-IesWNlghg49oCZ1pOdGsu63n2NqnF4PylwRdii35O4lLfRUrJFfNRxqJy4YIst1idBg95p21gPeuw8sh2vnlQlyTd9ES0G0tddVahv7hwXIePAg4DWlwu_Ro7JylHB2vNoYQcIy1xqoScsOh8uOKP4UwOOVfzY2RcqqgKQ&__tn__=%2CO%2CP-R
မူဆယ်မြို့နယ် TNLA နှင့် အစိုးရတပ်မတော် တိုက်ပွဲ ၂ကြိမ်ဖြစ်ပွား
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့နယ် နမ့်အွမ်ရွာ အနီး တွင် ယနေ့မနက်ပိုင်း တိုက်ပွဲ ၂ကြိမ် ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။မေလ ၃၁ ရက် ယနေမနက်ပိုင်းက တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့်အစိုးရတပ်မတော်တို့ကြာတိုက်ပွဲဖြစ်ပွါးခြင်းဖြစ်သည်။
“ ဒီမနက် ၆ နာရီခွဲ မှာ မူဆယ်မြို့ နမ့်အွမ်ရွာ အထက် တောထဲမှာ တကြိမ်၊ နောက် ၇ နာရီခွဲကျော်မှာ နမ့်အွမ်ရွာ အထွက် သကြားစက်ရုံ နားမှာ တကြိမ် ဖြစ်ပွားခဲ့တယ်” ဟု TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတာ့အိုက်ကျော် က သျှမ်းသံတော်ဆင့် သို့ပြောသည်။
အစိုးရတပ်မတော်မှ TNLA လှုပ်ရှားသည့် တောပိုင်းသို့ဝင်ရောက်လာသဖြင့် ထိတွေ့မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲသည် ၁၀ မိနစ်ခန့်သာ ကြာမြင့်ခဲ့ကြောင်း ဗိုလ်မှူး တာ့အိုက်ကျော် က ပြောသည်။
လက်ရှိ မှာ တိုက်ပွဲများ မဖြစ်ပွားသော်လည်း ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ အခြေစိုက် မြန်မာ့တပ်မတော် က နမ့်အွမ်ရွာ ဘက်သို့လက်နက်ကြီးများ ဆက်တိုက်ပစ်ခတ်နေကြောင်း ဗိုလ်မှူး တာ့အိုက်ကျော် က ထပ်လောင်းပြောသည်။
“နမ့်ဖတ်ကာ ဘက်ကနေ တော့ လက်နက်ကြီးတွေ ပစ်နေတုန်းပဲ” ဟု ဗိုလ်မှူး တာ့အိုက်ကျော် က ဆိုသည်။
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင် မြို့နယ် နှင့် မူဆယ်မြို့နယ် အတွင်း တိုက်ပွဲများ ဆက်တိုက်ပြန်လည် ဖြစ်ပွားမှုကြောင့် ခရီးသွားပြည်သူများနှင့် ဒေသခံများ စိုးရိမ်မှု ဖြင့် သွားလာနေရကြောင်း သိရသည်။
“ ဒီမနက် သေနတ်သံတော့ ပြန်ကြားတယ်။ သေနတ်သံက သိပ်မကြာဘူး၊ လက်နက်ကြီးသံရောပဲ။ တိုက်ပွဲတွေ ဒီထက်ဆိုးလာမှာတော့ ကြောက်နေရတယ်” ဟု နမ့်အွမ်ဒေသခံတဦး က သျှမ်းသံတော်ဆင့် သို့ပြောသည်။
TNLA နှင့် မြန်မာ တပ်မတော်သည် လက်ရှိကမ္ဘာတဝှမ်းနှင့် အတူ မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသည့် ကူးစက်မြန် အဆုတ်ရောင် ရောဂါ ကိုဗစ်-၁၉ ကာကွယ် တားဆီးရန် အတွက် တိုက်ပွဲများရပ်တန့်ရန် သက်တမ်းတိုးထားသည် ကို ကြေညာထားသည့် တပ်ဖွဲ့များဖြစ်ကြောင်းသိရသည်။
မေ ၂၉ ရက်တွင်လည်း သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်-နမ့်ဖတ်ကာ ကြား တွင် TNLA နှင့် မြန်မာတပ်မတော်တို့တိုက်ပွဲဖြစ်ပွားကာ မြန်မာ့တပ်မတော်ဘက်မှ ကားတစီး လက်နက်ထိမှန်ခဲ့ကြောင်း သိရသည်။
လာမည့်ဇူလိုင်လတွင် ၂၁ ရာစုပင်လုံ-စတုတ္ထအစည်းအဝေးကျင်းပရန် အစိုးရအဆိုပြု
လာမည့်ဇူလိုင်လတွင် ၂၁ ရာစုပင်လုံ-စတုတ္ထအစည်းအဝေးကျင်းပရန် အစိုးရအဆိုပြု
မွန်သတင်းအေဂျင်စီ (မေ ၃၁)
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ စတုတ္တအစည်းအဝေးကို လာမည့်ဇူလိုင်လအတွင်း နောက်ဆုံးထား၍ကျင်းပရန် အစိုးရဘက်က အဆိုပြုထားကြောင်း မေလ ၃၀ ရက်က ပြုလုပ်သည့် သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲ၌ အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
ပြီးခဲ့သည့် ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇူလိုင်လလယ်အတွင်း နောက်ဆုံးကျင်းပခဲ့ပြီးနောက် အစိုးရ(တပ်မတော်အပါဝင်) နှင့် NCA လက်မှတ်ထိုးတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအကြား “ခွဲမထွက်ရေးနှင့် တစ်ခုတည်းသောတပ်မတော်” စကားရပ်နှင့်ပတ်သက်၍ တစ်ဆို့မှုများဖြစ်ပေါ်လာပြီးနောက် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ရပ်တန့်လာခဲ့ခြင်း ဖြစ်သည်။
လက်ရှိ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာလဖြစ်ပွားနေချိန်တွင် ယခုလွှတ်တော်အစည်းအဝေးများ ကျင်းပနေသည့်ပုံစံအတိုင်း ပြုလုပ်သွားရန်နှင့် တက်ရောက်မည့်ကိုယ်စားလှယ် ဦးရေကိုလည်း သုံးပုံတစ်ပုံသို့လျှော့ချသွားရန် အစိုးရဘက်က အဆိုပြုထားသည်ဟု ဦးဇော်ဌေးက ဆိုသည်။
အကယ်၍သာ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကောင်းမွန်လာပါက အစိုးရ(လွှတ်တော်၊ တပ်မတော်အပါအဝင်) အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးပါတီများ မျက်နှာစုံညီအစည်းအဝေးကျင်းပဖြစ်လာမည်ဟု ငြိမ်းချမ်းရေးဖော်ဆောင်မှုအလုပ်ကော်မတီအဖွဲ့ဝင် မွန်ပြည်သစ်ပါတီကိုယ်စားလှယ် နိုင်အောင်မငေးက ယခုမေလဆန်းပိုင်းတွင် မွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။
နိုင်အောင်မငေးက “အခုမေလထဲမှာ တကယ်လို့ ရောဂါအခြေအနေကို ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင် ဒီဇွန်လထဲမှာ ကျနော်တို့ မျက်နှာချင်းဆိုင်ပြီး အစည်းအဝေးကျင်းပဖြစ်ပါလိမ့်မယ်၊ ဇွန်လထဲမှာ လုပ်ငန်းစဉ်တွေ စတင်ဆောင်ရွက်လို့ရမယ်ဆိုရင် ဆုံးဖြတ်ချက်တွေချမှတ်လို့ ရပါပြီ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်အကောင်အထည်ဖော်လို့ရပြီ ဆိုတာနဲ့ ကျနော်တို့ချမှတ်တာဝန်ပေးထားတဲ့ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေ လူထုတွေ့ဆုံပွဲ Public Consultation တွေ ကျင်းပပြီးတယ် ဆိုတာနဲ့ ကျနော်တို့ ပြည်ထောင်စုသဘောတူစာချုပ်အတွက် ဆောင်ရွက်လို့ရပါပြီ” ဟု ဆိုခဲ့သည်။
လာမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၃ ကို ဆက်လက်ချုပ်ဆိုသည့်အခါ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်သဘောတူညီချက်များ၊ ၂၀၂၀ ရွေးကောက်ပွဲအလွန် နောင်တက်လာမည့်အစိုးရလက်ထက်တွင် အကောင်အထည်ဖော်ဆောင်ရမည့် အဆင့်လိုက်လုပ်ငန်းစဉ်များနှင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများ ထည့်သွင်းချုပ်ဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
http://burmese.monnews.org/2020/05/31/%e1%80%9c%e1%80%ac%e1%80%99%e1%80%8a%e1%80%b7%e1%80%ba%e1%80%87%e1%80%b0%e1%80%9c%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%9c%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%81%82%e1%81%81-%e1%80%9b%e1%80%ac/
ပလက်ဝမြို့အနီး နေရာယူ၍ နယ်မြေလုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်မှုလုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိသည့် AA အကြမ်းဖက်သောင်းကျန်းသူများ၏ အခိုင်အမာ ခြေကုပ်စခန်းသုံးခုနှင့် ကာကင်းစခန်းများအားသိမ်းပိုက်ရရှိ
ပလက်ဝမြို့အနီး နေရာယူ၍ နယ်မြေလုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်မှုလုံခြုံရေးကို ခြိမ်းခြောက်လျက်ရှိသည့် AA  အကြမ်းဖက်သောင်းကျန်းသူများ၏ အခိုင်အမာ ခြေကုပ်စခန်းသုံးခုနှင့် ကာကင်းစခန်းများအားသိမ်းပိုက်ရရှိ
နေပြည်တော်၊ မေ - ၃၁
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ပလက်ဝနယ်မြေအတွင်း နယ်မြေတည်ငြိမ် အေးချမ်းရေး၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ချင်းပြည်နယ်၊ ပလက်ဝမြို့၏ အနောက်တောင်ဘက် မီတာ ၂၅၀၀ ခန့်အကွာရှိ ပလက်ဝမြို့အား စိုးမိုးထားသည့် ပွိုင့်-၆၀၂ ၊ ပွိုင့်-၅၆၅နှင့် ပွိုင့်-၅၄၀ နေရာများ၌ အခိုင်အမာနေရာယူ၍ ပလက်ဝဒေသနယ်မြေလုံခြုံရေး၊ ကုလားတန်မြစ်ကြောင်းတစ်လျှောက် လမ်းကြောင်းလုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံရေးများ အပါအဝင် ကုလားတန်မြစ်ကူးတံတားနှင့် လမ်းဖောက်လုပ်ရေးစီမံကိန်း တို့အား နှောင့်ယှက်ခြိမ်းခြောက်ခဲ့သည့် AA အကြမ်းဖက်သောင်းကျန်းသူများ၏ အခိုင်အမာခြေကုပ်စခန်း ၃ ခုနှင့် ကာကင်းစခန်းများကို ယနေ့နံနက် ၈ နာရီခန့်တွင် တပ်မတော်မှ အပြီးတိုင်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ AA  အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် မတ်လ မှစတင်၍ ပလက်ဝမြို့ကို ဖြတ်တောက် ပိတ်ဆို့ရန် ကျောက်တော်-ပလက်၀ လမ်းကြောင်း၊ မတူပီ-ဆမီး-ပလက်၀ လမ်းကြောင်းများကို ဖြတ်တောက် ပိတ်ဆို့မှုများ ဆောင်ရွက်ခဲ့ပြီး နိုင်ငံတော် အစိုးရနှင့်တပ်မတော်တို့အား အကြပ်အတည်းဖြစ်စေရေး အများပြည် သူ အသုံးပြုသွားလာ လျက်ရှိသည့် စစ်တွေ-ရန်ကုန် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ မင်းပြား၊ ရာမောင်တံတား အနီးတစ်ဝိုက်ရှိ ပွိုင့်-၁၁၄ တောင်ကုန်းတွင်နေရာယူကာ လမ်းပန်းဆက်သွယ်မှုအား ပြတ်တောက်စေရန် နှောင့်ယှက်တိုက်ခိုက်မှုများစသည့် အကြမ်းဖက်လုပ်ရပ်များအား ဆက်လက်ဆောင်ရွက်ခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ၎င်းတို့နေရာယူထားသည့် ပွိုင့်-၁၁၄ တောင်ကုန်းအနီးရှိ ၎င်းင်းတို့အခိုင်အမာ နေရာယူထားသည့် နေရာ ၅ နေရာကို  မေလ ၈ ရက်တွင် အဆင့်ဆင့်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သည်။
ထို့ပြင် AA အကြမ်းဖက်သောင်းကျန်းသူများသည် ပလက်ဝမြို့အနီးရှိ စိုးမိုး တောင်ကုန်းများဖြစ်သည့် ပွိုင့်-၆၀၂ ၊ ပွိုင့်-၅၆၅ နှင့် ပွိုင့်-၅၄၀ တောင်ကုန်းနေရာများ၌ အခိုင်အမာ နေရာယူ၍ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်တွင် ချင်းပြည်နယ်၊ မဲဆန္ဒနယ် အမှတ်(၁၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား ဖမ်းဆီးခေါ် ဆောင်ခဲ့ သည့်ဖြစ်စဉ်၊ ၂၀၂၀ ပြည့်နှစ် မတ် ၂၃ ရက်တွင် ပလက်၀ - ဇိုရမ်ပူကားလမ်း ဖောက်လုပ် နေသည့် C&C ကုမ္ပဏီမှ အိန္ဒိယနိုင်ငံသား ၈ ဦး၊ စကားပြန် ၂ ဦးနှင့် လုပ်သား ၅ ဦး တို့အား အကြောင်းမဲ့ ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်ခဲ့သည့်ဖြစ်စဉ်၊ ဧပြီ ၂၂ ရက်တွင် ပလက်ဝမြို့အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ နှောင့်ယှက် ပစ်ခတ်မှုကြောင့် မြို့တွင်းရှိ မြန်မာ့စီးပွားရေးဘဏ်အနီး ကျရောက်ပေါက်ကွဲခဲ့သဖြင့် ဘဏ်ဝန်ထမ်းများနှင့် မိသားစုဝင်များ သေဆုံး၊ ဒဏ်ရာရရှိမှုဖြစ်စဉ်နှင့် ဧပြီ ၁၂ ရက်တွင် အရပ်သားများအသွင် အယောင်ဆောင်၍ ပလက်ဝမြို့အတွင်း ဝင်ရောက်ကာ မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌဖြစ်သူ ဦးမြင့်မောင် (ဘ)ဦးတင်မြင့်အား အတင်းအဓမ္မ ခြိမ်းခြောက်ဖမ်းဆီးခေါ်ဆောင်သွားသည့်ဖြစ်စဉ်အပါအဝင် ပလက်၀ဒေသ နယ်မြေလုံခြုံရေး၊ လမ်းကြောင်းလုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်မှုလုံခြုံရေးကို ခြိမ်းခြောက် လျက်ရှိပြီး ချင်းပြည်နယ်အစိုးရနှင့် အလှူရှင်များက ပလက်ဝဒေသခံများ အတွက် ပေးပို့လှူဒါန်းသည့် ထောက်ပံ့ရေးပစ္စည်းများနှင့် WFP မှ လှူဒါန်းသည့် ထောက်ပံ့ရေးရိက္ခာပစ္စည်းများကိုလည်း နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်ရယူသုံးစွဲနေကြောင်း သတင်းဖော်ထုတ်ရရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မေလ ၂၄ ရက်မှ စတင်၍ ပလက်ဝမြို့ဝန်းကျင်နယ်မြေ စိုးမိုးရေးလုပ်ငန်းများကို အသေးစိတ်ဆောင်ရွက် ခဲ့သည်။
ထိုသို့ဆောင်ရွက်ခဲ့ရာ မေ ၂၄ ရက်တွင် ပွိုင့်-၅၄၀ တောင်ကုန်းအား စတင်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး အဆင့်ဆင့်ခြေကုပ်ယူတိုက်ခိုက်ခဲ့ရာ မေ ၂၅ ရက်တွင် ၎င်းစခန်း၏ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်ရှိ ကာကင်းစခန်း ၂ ခုအားလည်းကောင်း၊ မေ ၃၀ ရက်တွင် ပွိုင့်-၆၀၂၏ ရှေ့ကာကင်းစခန်းအားလည်းကောင်း အသီးသီးသိမ်းပိုက် ရရှိခဲ့ကာ တပ်မတော်စစ်ကြောင်းများအနေဖြင့် ပွိုင့်-၅၆၅ ၊ ပွိုင့်-၆၀၂ နှင့် ၎င်းတောင်ကုန်း ၂ ခုကို အထောက်အကူပြုထားသည့် ကြားကာကင်းကုန်းတို့အား ရင်ဆိုင်ထိန်းချုပ် ထားရှိခဲ့ပြီး ဆက်လက် တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ မဆုတ်မနစ် သက်စွန့် ကြိုးပမ်း ရွပ်ရွပ်ချွံချွံဆောင်ရွက်မှုများကြောင့် ပွိုင့်-၆၀၂၊ ပွိုင့်-၅၆၅နှင့် ပွိုင့်-၅၄၀ အခိုင်အမာနေရာများနှင့် ကာကင်းစခန်း ၄ ခုတို့အား ယနေ့ မေ ၃၁ ရက် နံနက်ပိုင်းတွင် အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့သည်။  
ဖြစ်စဉ်များတွင် AA အကြမ်းဖက်သောင်းကျန်းသူများထံမှ အလောင်း၊ လက်နက်ကြီးများအပါအဝင် လက်နက် မျိုးစုံ၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခ ဲ့ကြောင်းနှင့် နယ်မြေ ဒေသလုံခြုံရေး၊ လမ်းပန်းဆက်သွယ်မှုလုံခြုံရေး၊ နယ်မြေစိုးမိုးရေးလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သဇင်မြိုင်ရဲကင်းစခန်းအား ဝင်ရောက်တိုက်ခိုက်ဆုတ်ခွာထွက်ပြေးသွားသော AA အကြမ်းဖက်သောင်းကျန်းသူများအား လိုက်လံပိတ်ဆို့နှိမ်နင်း
သဇင်မြိုင်ရဲကင်းစခန်းအား ဝင်ရောက်တိုက်ခိုက်ဆုတ်ခွာထွက်ပြေးသွားသော AA အကြမ်းဖက်သောင်းကျန်းသူများအား လိုက်လံပိတ်ဆို့နှိမ်နင်း
နေပြည်တော် ၊  မေ - ၃၁
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ သဇင်မြိုင်ရဲကင်းစခန်းအား မေ ၂၉ ရက် နံနက် ၂ နာရီခန့်တွင် အင်းအားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဆုတ်ခွာ ထွက်ပြေးသွားသော AA အကြမ်းဖက်သောင်းကျန်းသူများအား တပ်မတော်စစ်ကြောင်း များက ကုန်းလမ်း၊ ရေလမ်းတစ်လျှောက် လိုက်လံပိတ်ဆို့နှိမ်နင်းလျက်ရှိသည်။
ထိုသို့ လိုက်လံပိတ်ဆို့နှိမ်နင်းလျက်ရှိရာ မေယုမြစ်အတွင်း စစ်ရေယာဉ်များဖြင့် လိုက်လံပိတ်ဆို့ရှင်းလင်းစဉ် မေ ၃၀ ရက် ည ၉ နာရီခန့်တွင် ရသေ့တောင်မြို့နယ်၊ ရပ်ခုံတိုင်ကျေးရွာအနီး ရောက်ရှိစဉ် မေယုမြစ်၏ အနောက်ဘက်ကမ်းစပ်မှ AA အကြမ်းဖက်သောင်းကျန်းသူများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် စတင်ပစ်ခတ် တိုက်ခိုက်သဖြင့် စစ်ရေယာဉ်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။    
အဆိုပါ ရပ်ခုံတိုင်ကျေးရွာသည် AA အကြမ်းဖက်သောင်းကျန်းသူများ စိမ့်ဝင် လှုပ်ရှားလျက်ရှိသည့် ကျေးရွာဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ သြဂုတ် ၈ ရက်တွင်လည်း ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူ၏ နေအိမ်အတွင်းမှ WY စာတမ်းပါစိတ်ကြွရူးသွပ်ဆေးပြား ၂ သန်း ၅ သိန်းခန့်နှင့် ကြိုးဆွဲလက်ပစ်ဗုံး ၃၆ လုံး၊ လမ်းလျှောက်စကားပြောစက် ၅၂ လုံး၊ မိုင်းပြုလုပ် ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန် ပြီးဖြစ်သည်။
ထို့ပြင် တပ်မတော်စစ်ကြောင်းများက ကုန်းလမ်းတစ်လျှောက် လိုက်လံပိတ်ဆို့ ရှင်းလင်းစဉ် မေ ၃၀ ရက် နံနက်ပိုင်းတွင် သဇင်မြိုင်ရဲစခန်း၏ အနောက်မြောက်ဘက် မီတာ ၄၀၀၀ ခန့်အကွာသို့ အရောက်၌ AA အကြမ်းဖက်သောင်းကျန်းသူများ ယာယီ နေရာယူထားသည့် ပွိုင့်-၇၇ တောင်ကုန်းကို တွေ့ရှိရသဖြင့် လက်နက်ကြီးပစ်ကူရယူ၍ တိုက်ခိုက်ချေမှုန်းခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူများ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး ပွိုင့်-၇၇ တောင်ကုန်းကို သိမ်းပိုက်ရရှိခဲ့သည်။ အဆိုပါတောင်ကုန်းကို အသေးစိတ်ရှင်းလင်းရာ ၁ ယောက်ပစ်ကျင်း ၇၂ ကျင်း၊ ၂ ယောက်အိပ်တဲ ၂၀ လုံးနှင့် စစ်အသုံးအဆောင်ပစ္စည်း အချို့တို့ကို ရှင်းလင်းတွေ့ရှိခဲ့သည်။
တပ်မတော်စစ်ကြောင်းများက ဆုတ်ခွာထွက်ပြေးသွားသော AA  အကြမ်းဖက် သောင်းကျန်းသူများကို ထပ်ကြပ်လိုက်လံပိတ်ဆို့ရှင်းလင်းလျက်ရှိကြောင်းနှင့် နယ်မြေ စိုးမိုးရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
စစ်ဘေးရှောင်စခန်း ၂၃ ခုအတွက် စားနပ်ရိက္ခာများ ထောက်ပံ့
စစ်ဘေးရှောင်စခန်း ၂၃ ခုအတွက် စားနပ်ရိက္ခာများ ထောက်ပံ့
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဘေးရှောင်စခန်း ၂၃ ခုအတွက် စားနပ်ရိက္ခာတွေကို လားရှိုးမြို့ မြို့တော်ခန်းမမှာ ကိုဗစ်-၁၉ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရးကော်မတီက မေလ ၂၉ ရက်မှာ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။
ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ကမ္ဘောဇဘဏ် နာယကကြီးတို့က နမ္မတူမြို့နယ်က စစ်ဘေးရှောင်စခန်း ၃ ခု၊ ကွတ်ခိုင် မြို့နယ် ၁၂ ခု၊ နမ့်ခမ်းမြို့နယ်က ၆ ခုနဲ့ မန်တုံမြို့နယ်က စခန်း ၂ ခုတို့အတွက် ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။
အစိုးရအနေနဲ့ ထောက်ပံ့တာမဟုတ်ဘဲ စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီက ထောက်ပံ့တာဖြစ်ပြီး အစိုးရထောက်ပံ့မှုလည်း သတ်သတ်ပေးထားတယ်လို့ ဗမာတိုင်းရင်းသား ရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က ပြောပါတယ်။
ကိုဗစ်-၁၉ ကာလမှာ စစ်ရှောင်စခန်းတွေက ပြည်သူတွေ အထောက်အပံ့ ပိုမိုလိုအပ်တဲ့အတွက် အခုလို ထောက်ပံ့ပေးတာလို့ ကိုဗစ်-၁၉ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီ ဒုဥက္ကဋ္ဌ ကိုတူးငယ်က ပြောပါတယ်။
ရှမ်းပြည်နယ် တိုက်ပွဲရှောင်စခန်း ၂၃ ခုရှိပြီး အိမ်ထောင်စု ၁၃၁၀ အတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲတွေ ပါဝင်တဲ့ ရိက္ခာထုပ်ပေါင်း ၁၃၁၀၊ ဆန်အိတ် ၁၀၀၀ နဲ့ ဆီပုံး ၁၀၀၊ ဆားအိတ် ၁၀၀၊ ကုလားပဲ အိတ် ၁၀ဝ တို့ကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။
ရှမ်းမြောက်ဒေသအတော်များများဟာ စိုက်ပျိုးသီးနှံပိုးကျတဲ့အတွက် အခက်ခဲရှိသလို ကိုဗစ်-၁၉ ကာလ အပြင်မထွက်ရတဲ့အတွက် စားဝတ်နေရေး အခက်ခဲရှိနေကြတယ်လို့ မန်စိန်ကျ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းလင်းက ပြောပါတယ်။
ဒါ့အပြင် ကိုဗစ်-၁၉ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မန်ဆူရှမ်းကျောင်း၊ အထက်မန်အိုင်၊ ရှန်ခိုက်၊ လွယ်လွမ့် စတဲ့ ဘုန်းကြီးကျောင်းတွေက ဒေသခံတိုင်းသားတွေအတွက်လည်း ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။
ကိုဗစ်-၁၉ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရးကော်မတီ ရှမ်းပြည်နယ် မြောက်ပိုင်း ထောက်ပံ့ရေးခရီးစဉ်ကို မေ ၂၉ ရက်က ၃၀ ရင်အထိ တိုက်ပွဲရှောင်စခန်း၊ စားဝတ်နေရေး ခက်ခဲတဲ့ဒေသခံနဲ့ ဘုန်းတော်ကြီး ကျောင်းတိုက်တွေမှာ ထောက်ပံ့ပေးအပ် ခဲ့ပါတယ်။
AA ခြေကုတ်စခန်းသုံးခုကို သိမ်းလိုက်ကြောင်း တပ်မတော်ထုတ်ပြန်
ချင်းပြည်နယ် ပလက်ဝဒေသတွင် ရခိုင်လက်နက်ကိုင်အဖွဲ့(AA) အခိုင်အမာခြေကုတ်ယူထားသော တပ်စခန်း ၃ ခုကို ထိန်းသိမ်းလိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့မေ ၃၁ ရက် ညပိုင်းတွင် သိရသည်။
ပလက်ဝမြို့ အနောက်တောင်ဘက် မီတာ ၂၅၀ဝ အကွာက ပွိုင့် ၆၀၂၊ ပွိုင့် ၅၆၅၊ ပွိုင့် ၅၄၀ နေရာများ၌ AA က တပ်စခန်းချကာ အခိုင်အမာခြေကုတ်ယူထားပြီး ပလက်ဝမြို့ကို စိုးမိုးထားသည်။
ပလက်ဝ ဒေသနှင့် ကုလားတန်မြစ်စီမံကိန်း တို့ကို ခြိမ်းခြောက်နိုင်သည့် ယင်းနေရာများကို ယနေ့ ၃၁ ရက် နံနက်ပိုင်းက တပ်မတော်က သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ယင်းနေရာများတွင် ခြေကုတ်ယူထားသော AA သည် ချင်းပြည်နယ် အမှတ် (၁၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း အပါအဝင် စည်ပင်ကော်မတီဝင် ဦးမြင့်မောင်နှင့် အရပ်သားများ၊ကုလားတန်မြစ်စီမံကိန်းမှ အိန္ဒိယ နိုင်ငံသားများကို ဖမ်းဆီးခေါ်ဆောင်မှုများပြုလုပ်ခဲ့ကြောင်း၊ထို့ပြင် ပလက်ဝဒေသသို့ ရိက္ခာများသယ်ဆောင်လာသည့် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP) ၏ ယာဉ်တန်းကို ပစ်ခတ်ခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။
ယင်း စခန်းများတိုက်ခိုက်ခံရမှုတွင် AA တပ်ဖွဲ့ ဝင်များ ကျဆုံးခဲ့သည်ဟု AA က မေ ၃၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
၎င်းတိုက်ခိုက်ခံရမှုကို လက်တုန့်ပြန်သည့်အနေဖြင့် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ သဇင်မြိုင် ရဲကင်းစခန်းကို မေ ၂၉ ရက် နံနက်အစောပိုင်းက AA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
ယင်းတိုက်ခိုက်မှုတွင် ရဲတပ်ဖွဲ့ဝင် ၄ ဦးကျဆုံးကာ ၆ ဦးကို AA က ဖမ်းဆီးထားသည်။ ရဲကင်းစခန်းတိုက်ခိုက်ခံရမှုကြောင့် တပ်မတော်စစ်ကြောင်းက ကုန်းကြောင်း၊ရေကြောင်းဖြင့် AA ကို ပြန်လည်တိုက်ခိုက်ရာ မေ ၃၀ ရက်တွင် ရသေ့တောင်မြို့နယ် ရပ်ခုံတိုင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ရပ်ခုံတိုင်ရွာသည် AA အဖွဲ့ ဝင်များ ဝင်ရောက်ခိုလှုံသည့်ရွာဖြစ်သည်ဟု တပ်မတော်က ဆိုသည်။
ရခိုင်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများ၏ အဆိုအရ ယင်းတိုက်ပွဲတွင် အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
https://myanmar.mmtimes.com/news/139790.html
Saturday, May 30, 2020
အစိုးရလက်နက်ကိုင်အဖွဲ့များနှင့်တပ်မတော် ရခိုင်ပြည်နယ်မှ ထွက်ခွာရန် AA ကြေညာမှု အပေါ် စစ်ဆင်နှိမ်နင်းရေးများ ဆက်လက်ဆောင်ရွက်မည်ဟု သမ္မတရုံးတုံ့ပြန်
အစိုးရလက်နက်ကိုင်အဖွဲ့များနှင့်တပ်မတော် ရခိုင်ပြည်နယ်မှ ထွက်ခွာရန် AA ကြေညာမှု အပေါ် စစ်ဆင်နှိမ်နင်းရေးများ ဆက်လက်ဆောင်ရွက်မည်ဟု သမ္မတရုံးတုံ့ပြန်
ရန်ကုန်၊ မေ ၃၀
ရခိုင်ပြည်နယ်မှ အစိုးရလက်နက်ကိုင်များနှင့် တပ်မတော်တို့ ထွက်ခွာသွားရန် ရခိုင်တပ်တော်AA က ယမန်နေ့ ကထုတ်ပြန်ကြေညာမှုအပေါ် သမ္မတရုံးက ပယ်ချလိုက်ပြီး အကြမ်းဖက်နှိမ်နင်းရေးနှင့်စစ်ဆင်ရေးများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သမ္မတရုံးညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက ပြောဆိုသည်။
သတင်းထောက်များနှင့် ယနေ့ ပြုလုပ်သော အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ၎င်းက RFA သတင်းဌာန၏ မေးမြန်းချက်ကို ဖြေဆိုစဉ် အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ရက္ခိတလမ်းစဉ်ကို AA က အကောင်အထည်ဖော်နေပြီး ရခိုင်ပြည်နယ်တွင် တပ်စွဲထားသော မြန်မာအစိုးရ၏ မည်သည့်လက်နက်ကိုင်တပ်ဖွဲ့ကိုမှ AA က လက်မခံလိမ့်မည်မဟုတ်ကြောင်း၊ ရခိုင်ပြည်နယ်မှ အစိုးရလက်နက်ကိုင်တပ်ဖွဲ့အားလုံး ခြွင်းချက်မရှိ လုံးဝထွက်ခွာရန် အသိပေးကြောင်း AA က ယမန်နေ့က ထုတ်ပြန်ကြေညာသည်။
အဆိုပါကြေညာချက်နှင့်ပတ်သက်ပြီး သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက လက်နက်ကိုင်လမ်းစဉ်သည် အောင်မြင်လိမ့်မည်မဟုတ်ကြောင်း၊ စစ်ပွဲများရှည်ကြာပြီး ဒေသခံ ပြည်သူများ ဒုက္ခရောက်မည်ဖြစ်ကြောင်း၊ တေ့ွဆုံဆွေးနွေးရေးအတွက် လမ်းဖွင့်ထားဆဲဖြစ်ကြောင်း ပြောဆိုသည်။
"AA ဆိုတာက မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ပေါ်ပေါက်ခဲ့သမျှတစ်လျှောက်လုံး EAO တွေထဲမှာ ဘယ် EAO မှ မတူတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အဲဒီတော့ အဲဒါကြောင့်လည်း AA ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ နောက်ဆုံး AA က Statement ထုတ်တယ် အုပ်ချုပ်ရေးယန္တရားတွေ လက်နက်ကိုင်အဖွဲ့အစည်းတွေ ရခိုင်ပြည်နယ်ကနေ ထွက်ခွာသွားဖို့ဆိုတဲ့ဟာတွေပေါ့။ ကျနော်တို့ အနေနဲ့ နှစ်ပေါင်း ၇၀ ကျော် ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေမှာ လက်နက်ကိုင်လမ်းစဉ်က အောင်မြင်မှာမဟုတ်ဘူး။ နှစ်ကြာရင် ကြာမယ်။ စစ်ပွဲတွေ မပြီးပြတ်ရင် မပြီးပြတ်မယ်။ သို့သော်ဒေသခံလူထုနဲ့ ဒေသက လူငယ်တွေ အားလုံးဒုက္ခရောက်မှာဖြစ်ပါတယ်။ အဲဒါကြောင့်လည်း ကျနော်တို့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ Bilateral Ceasefire ရဖို့ ကမ်းလှမ်းပါတယ်။ ကမ်းလှမ်းတော့လည်း မြစ်ကြီးနားလုပ်မယ်။ ကျိုင်းတုံမှာလုပ်မယ်။တရားဝင်ဆွေးနွေးပွဲကြီးတွေ မလုပ်ခင် အလွတ်သဘောဆွေးနွေးပွဲတွေကို လုပ်ဖို့ မေးပါတယ်။ သို့သော်တုံ့ပြန်မှုက အားရစရာမရှိဘူး။ တိုင်းရင်းသားအခွင့်အရေးကို လက်နက်ကိုင်တောင်းဆိုတာမဟုတ်တော့ဘူး။ အဲဒါကြောင့် အကြမ်းဖက်လုပ်ရပ် လုပ်နေတာဖြစ်တယ်။ အဲဒီတော့ ဒီအပေါ်မှာ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတယ်။ အကြမ်းဖက်လုပ်ရပ်တွေနဲ့ပတ်သက်လို့တော့ အစိုးရအနေနဲ့ အကြမ်းဖက်သောင်းကျန်းသူ နှိမ်နင်းရေး စစ်ဆင်ရေး ဒါတွေကို တပ်မတော်က ဆက်လက် ဆောင်ရွက်သွားဖို့ရှိပါတယ်။ သို့သော်လည်းပဲ တွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းကိုမ ပိတ်ထားဘူး။ ကျန်တဲ့အဖွဲ့အစည်းတွေကိုလည်းကျနော်တို့ မကြာသေးခင်ကပဲ Peace Creation Group ကနေ ထပ်မေးတယ်။ တွေ့ဆုံဆွေးနွေးရေး လိုလိုလားလားရှိရဲ့လား မေးပါတယ်။ လတ်တလော တုံ့ပြန်မှုက အားရစရာအခြေအနေမရှိပါဘူး" ဟု ၎င်းက ပြောဆိုသည်။
ယမန်နေ့ က ရသေ့တောင်ရှိ သဇင်မြိုင်စခန်းကို AA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၆ ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးထားကြောင်း၊ အမျိုးသမီး ၂ ဦးနှင့် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးကို ငွေလေးသောင်းပေး၍ ပြန်လွှတ်ပေးလိုက်ကြောင်း၊ မေလ ၂၉ ရက်နေ့ ကလည်း ရသေ့တောင်မြို့နယ်၊ ဈီးကုန်းတန်းကျေးရွာမှ ကျေးလက်ကျန်းမာရေးမှူး ဦးစိုးသူဝင်းကို ပြန်လည် လွှတ်ပေးလိုက်ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
https://www.facebook.com/khitthitnews/posts/928674987569848?__cft__[0]=AZX18mQIHcZCTZu2Y_2vKq50Wcqvli1UM7MZIysYeld5vXjwLthJAUr_yM9XazdrusF3zdWh9lGhT5hXff3DsYnPLHhaEKJMk7nLmH-V8iBe3jGm01zotMNpxpsL6eRU0mDle-rWCRNV_uep-hEsm6YtWJXWID_D6KCObnJGjDvaHw&__tn__=%2CO%2CP-R
သဇင်မြိုင်နယ်ခြားစောင့်စခန်းမှ ဖမ်းဆီးခေါ်ဆောင်ခံရသူအမျိုးသမီးနှစ်ဦးနှင့် ကလေးငယ်တစ်ဦးတို့ကို စေတီပြင်ရဲစခန်းတွင်အပ်နှံ
သဇင်မြိုင်နယ်ခြားစောင့်စခန်းမှ ဖမ်းဆီးခေါ်ဆောင်ခံရသူအမျိုးသမီးနှစ်ဦးနှင့် ကလေးငယ်တစ်ဦးတို့ကို စေတီပြင်ရဲစခန်းတွင်အပ်နှံ
နိရဥၥရာ၊ ေမ ၃ဝ/ ၂ဝ၂ဝ
သဇင်မြိုင်နယ်ခြားရဲစခန်းမှ AA မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် အမျိုးသမီးနှစ်ဦးနှင့် ၄ နှစ်အရွယ် မိန်းခလေးငယ်တစ်ဦးတို့ကို ရသေ့တောင်မြို့နယ်၊ အောက်ကျောင်းတောင်ကျေးရွာ ရပ်မိရပ်ဖများက ယနေ့နံနက် ၈ နာရီအချိန်တွင် စေတီပြင်နယ်ခြားစောင့်စခန်းတွင် အပ်နှံခဲ့သည်ဟုသတင်းရရှိသည်။
၎င်းအမျိုးသမီးများမှာ ဒေါ်ရွှေဇင်(၂၆) နှစ်၊ သူမ၏ သမီးဖြစ်သူ ဂျူးသက်ကလျာအောင် (၄) နှစ်နှင့် ဒေါ်မိစောစန္ဒာ(၃၂)နှစ်တို့ ဖြစ်ကြပြီး ၎င်းတို့၏ ဇာတိမှာ မန္တလေးတိုင်းဖြစ်ကြောင်း ၎င်းကျေးရွာ၏ စာရေးက ပြောကြားသည်။
“ ဒီနေ့မနက် ၈ နာရီလောက်က ရပ်မိရပ်ဖတွေနဲ့ သွားရောက်ပြီး အပ်နှံခဲ့ပါတယ်။ သူတို့ကို မနေ့က ညနေ ၅ နာရီလောက်မှာ ကျွန်တော်တို့ ရွာကို ရောက်လာပါတယ်။ ရွာမှာ အေအေတပ်ဖွဲ့က လာအပ်ပါတယ်။ ကျွန်တော်တို့ ရွာသားတွေကလည်း သူတို့ကို ကောင်းမွန်စွာ စောင့်ရှောက်ကျွေးမွေးပြီး ဒီကနေ့ မနက် ၈ နာရီခန့်မှာ စေတီပြင် နယ်ခြားစောင့် စခန်းကို သွားရောက်အပ်နှံခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
ဒေါ်ရွှေဇင်၏ ယောက်ျားဖြစ်သူတပ်သားအောင်ကိုမင်းနှင့် ဒေါ်မိစောစန္ဒာ၏ ယောကျ်ားဖြစ်သူ တပ်သား ညီညီလွင်တို့မှာ AA က ဆက်လက်ဖမ်းဆီးထားဆဲဟု သိရကြောင်း ပြောကြားသည်။
အောက်ကျောင်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးကလည်း နယ်ခြားစောင့်တပ်ဖွဲ့ဝင်နှစ်ဦး၏ ဇနီးနှစ်ဦးနှင့် သမီးတစ်ဦးတို့ကို စေတီပြင် နယ်ခြားစောင့်ရဲစခန်းတွင် အပ်နှံလိုက်ကြောင်းကို အတည်ပြု ပြောကြားသည်။
၎င်းအမျိုးသမီးတို့သည် သဇင်မြိုင်နယ်ခြားစောင့်ကင်းစခန်းကို မေလ ၂၉ ရက် နံနက် ၃ နာရီက AA တပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်စဉ် တစ်ခြားရဲတပ်ဖွဲ့ဝင် ၆ ဦးနှင့် အတူ ဖမ်းဆီးခံခဲ့ကြရသူများ ဖြစ်ကြသည်။
-----------------------------
Unicode -
သဇင်မြိုင်နယ်ခြားစောင့်စခန်းမှ ဖမ်းဆီးခေါ်ဆောင်ခံရသူအမျိုးသမီးနှစ်ဦးနှင့် ကလေးငယ်တစ်ဦးတို့ကို စေတီပြင်ရဲစခန်းတွင်အပ်နှံ
နိရဉ်စရာ၊ မေ ၃ဝ/ ၂ဝ၂ဝ
သဇင်မြိုင်နယ်ခြားရဲစခန်းမှ AA မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် အမျိုးသမီးနှစ်ဦးနှင့် ၄ နှစ်အရွယ် မိန်းခလေးငယ်တစ်ဦးတို့ကို ရသေ့တောင်မြို့နယ်၊ အောက်ကျောင်းတောင်ကျေးရွာ ရပ်မိရပ်ဖများက ယနေ့နံနက် ၈ နာရီအချိန်တွင် စေတီပြင်နယ်ခြားစောင့်စခန်းတွင် အပ်နှံခဲ့သည်ဟုသတင်းရရှိသည်။
၎င်းအမျိုးသမီးများမှာ ဒေါ်ရွှေဇင်(၂၆) နှစ်၊ သူမ၏ သမီးဖြစ်သူ ဂျူးသက်ကလျာအောင် (၄) နှစ်နှင့် ဒေါ်မိစောစန္ဒာ(၃၂)နှစ်တို့ ဖြစ်ကြပြီး ၎င်းတို့၏ ဇာတိမှာ မန္တလေးတိုင်းဖြစ်ကြောင်း ၎င်းကျေးရွာ၏ စာရေးက ပြောကြားသည်။
“ ဒီနေ့မနက် ၈ နာရီလောက်က ရပ်မိရပ်ဖတွေနဲ့ သွားရောက်ပြီး အပ်နှံခဲ့ပါတယ်။ သူတို့ကို မနေ့က ညနေ ၅ နာရီလောက်မှာ ကျွန်တော်တို့ ရွာကို ရောက်လာပါတယ်။ ရွာမှာ အေအေတပ်ဖွဲ့က လာအပ်ပါတယ်။ ကျွန်တော်တို့ ရွာသားတွေကလည်း သူတို့ကို ကောင်းမွန်စွာ စောင့်ရှောက်ကျွေးမွေးပြီး ဒီကနေ့ မနက် ၈ နာရီခန့်မှာ စေတီပြင် နယ်ခြားစောင့် စခန်းကို သွားရောက်အပ်နှံခဲ့တာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
ဒေါ်ရွှေဇင်၏ ယောက်ျားဖြစ်သူတပ်သားအောင်ကိုမင်းနှင့် ဒေါ်မိစောစန္ဒာ၏ ယောကျ်ားဖြစ်သူ တပ်သား ညီညီလွင်တို့မှာ AA က ဆက်လက်ဖမ်းဆီးထားဆဲဟု သိရကြောင်း ပြောကြားသည်။
အောက်ကျောင်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူးကလည်း နယ်ခြားစောင့်တပ်ဖွဲ့ဝင်နှစ်ဦး၏ ဇနီးနှစ်ဦးနှင့် သမီးတစ်ဦးတို့ကို စေတီပြင် နယ်ခြားစောင့်ရဲစခန်းတွင် အပ်နှံလိုက်ကြောင်းကို အတည်ပြု ပြောကြားသည်။
၎င်းအမျိုးသမီးတို့သည် သဇင်မြိုင်နယ်ခြားစောင့်ကင်းစခန်းကို မေလ ၂၉ ရက် နံနက် ၃ နာရီက AA တပ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်စဉ် တစ်ခြားရဲတပ်ဖွဲ့ဝင် ၆ ဦးနှင့် အတူ ဖမ်းဆီးခံခဲ့ကြရသူများ ဖြစ်ကြသည်။
https://www.facebook.com/narinjara.info/posts/3277554832256571?__cft__[0]=AZU6fOajMEygi4DTWFU_ap3EdE0T6zOvnwBpbRIsCpBbpDTaDeFy8UWNL_bnWFc_pXBzYE7CuQ8ovLiirVDWtbh1-5B0F5XdBZFFjuQbO20hidrSHlFGMuw037cFiCZ8uJSTovWx1HCJulepoWQRKueGcwJAm2quCKbsamc4Nnkz8w&__tn__=%2CO%2CP-R