ပလက်ဝမြို့အနီး AA ခြေကုပ်စခန်းသုံးခုနှင့် ကာကင်းစခန်းများအားသိမ်းပိုက်ရရှိဟု တပ်မတော်သတင်းထုတ်ပြန်
နေပြည်တော်၊ မေ - ၃၁
ချင်းပြည်နယ်၊ ပလက်ဝမြို့၏ အနောက်တောင်ဘက် မီတာ ၂၅၀၀ ခန့်အကွာရှိ ပလက်ဝမြို့အား စိုးမိုးထားသည့် ပွိုင့်-၆၀၂ ၊ ပွိုင့်-၅၆၅နှင့် ပွိုင့်-၅၄၀ နေရာများမှ AA အခိုင်အမာခြေကုပ်စခန်း ၃ ခုနှင့် ကာကင်းစခန်းများကို ယနေ့နံနက် ၈ နာရီခန့်တွင် တပ်မတော်မှ အပြီးတိုင်သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။
မေ ၂၄ ရက်တွင် ပွိုင့်-၅၄၀ တောင်ကုန်းအား စတင်တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပြီး အဆင့်ဆင့်ခြေကုပ်ယူတိုက်ခိုက်ခဲ့ရာ မေ ၂၅ ရက်တွင် ၎င်းစခန်း၏ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်ရှိ ကာကင်းစခန်း ၂ ခုအားလည်းကောင်း၊ မေ ၃၀ ရက်တွင် ပွိုင့်-၆၀၂၏ ရှေ့ကာကင်းစခန်းအားလည်းကောင်း အသီးသီးသိမ်းပိုက် ရရှိခဲ့ကာ တပ်မတော်စစ်ကြောင်းများအနေဖြင့် ပွိုင့်-၅၆၅ ၊ ပွိုင့်-၆၀၂ နှင့် ၎င်းတောင်ကုန်း ၂ ခုကို အထောက်အကူပြုထားသည့် ကြားကာကင်းကုန်းတို့အား ရင်ဆိုင်ထိန်းချုပ် ထားရှိခဲ့ကြောင်း၊ ပွိုင့်-၆၀၂၊ ပွိုင့်-၅၆၅နှင့် ပွိုင့်-၅၄၀ အခိုင်အမာနေရာများနှင့် ကာကင်းစခန်း ၄ ခုတို့အား ယနေ့ မေ ၃၁ ရက် နံနက်ပိုင်းတွင် အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
AA အဖွဲ့ထံမှ အလောင်း၊ လက်နက်ကြီးများအပါအဝင် လက်နက် မျိုးစုံ၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်း ရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခ ဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တပ်မတော်၏ သတင်းထုတ်ပြန်မှုနှင့်ပတ်သက်ပြီး AA ဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမရှိသေးဘဲ ရန်ကုန်ခေတ်သစ်အနေဖြင့် AA ထံသို့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပေ။
https://www.facebook.com/khitthitnews/posts/929607740809906?__cft__[0]=AZXmeV13rkJ9_-vhbrwHDb9OJQg0MbEoy7afc6f2YQm7DpKPGuYjBIDsOqJchYiguoUtuK6e7nvVCSE3y_gSTqPyEx2b7R6R7Pymd2cwqgjZbq3wU4Gmb7i8n_qv9YTGE1W4tXye5wMA6KG-ThyugRuDEh_PhoW6z92dPFRErg6VCA&__tn__=%2CO%2CP-R
No comments:
Post a Comment