Thursday, April 2, 2020

ဖာပွန်မြို့နယ် အတွင်း လမ်းလုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည့် တပ်မတော် စစ်ကြောင်းအား KNU အဖွဲ့က နှောင့်ယှက် ပစ်ခတ်

ဖာပွန်မြို့နယ် အတွင်း လမ်းလုံခြုံရေးဆောင်ရွက်ပေးလျက်ရှိသည့် တပ်မတော် စစ်ကြောင်းအား KNU အဖွဲ့က နှောင့်ယှက် ပစ်ခတ် 
နေပြည်တော် ဧၿပီ ၂ 
ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ် အတွင်းနှင့် ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် အတွင်း ဒေသဖွံ့ဖြိုးရေးကို အထောက်အကူ ပြုနိုင်သော လမ်းများပေါ်ပေါက်လာစေရေး နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် ပုံမှန် ရိက်္ခာ စုပုံရန် လမ်းကြောင်းများ ပြုပြင်အသုံး ပြုရေးတို့အတွက် တပ်မတော်အနေဖြင့် ဆိုင်ရာအဖွဲ့အစည်းများသို့ ကြိုတင်ညှိနှိုင်း ၍ တပ်မတော်အင်ဂျင်နီယာတပ်ဖွဲ့ဝင်များ ဖြင့် လမ်းဖောက်လုပ်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး တပ်မတော် စစ်ကြောင်း များက လည်း လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင် ရွက်နေမှုများကို KNU အဖွဲ့က မိုင်းထောင် ဖောက်ခွဲခြင်း၊ နှောင့်ယှက်ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်းကို ဇန်နဝါရီ ၂၉ ရက်နှင့် ၃၀ ရက်တို့ တွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။ တပ်မတော်ဘက်မှ ကြိုတင်ညှိနှိုင်းထားပြီး လမ်းကြောင်းပြုပြင်အသုံးပြုမှုကို KNU အဖွဲ့ အနေဖြင့် တပ်မတော် စစ်ကြောင်း များ၊ ယာဉ်များကို နှောင့်ယှက်ပစ်ခတ် တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းများ ဆောင်ရွက်လျက် ရှိရာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှ ယနေ့အထိ ထိတွေ့တိုက်ခိုက်မှု ၄၀ ကြိမ်၊ မိုင်းနင်းမိုင်းကွဲမှု ၂၃ ကြိမ်၊ မိုင်းထောင် ဖောက်ခွဲတိုက်ခိုက်မှု သုံးကြိမ်၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဒေသန္တရမိုင်းများ ဖော်ထုတ်သိမ်းဆည်းနိုင်မှု ၁၈ကြိမ် (မိုင်း ၂၅လုံး)ရှိကြောင်း သိရှိရသည်။ တပ်မတော် အနေဖြင့်လည်း ဇန်နဝါရီ ၃၀ ရက်တွင် သတင်းထုတ်ပြန် ခဲ့သော တပ်ရင်းမှူး တစ်ဦး မိုင်းစထိမှန် ဒဏ်ရာများဖြင့် ကျဆုံးခဲ့သည့် အပြင် အရာရှိ၊ စစ်သည်အချို့ ကျဆုံး၊ ဒဏ်ရာများ ရှိကြောင်း သိရှိရသည်။ ထိုသို့ KNU အဖွဲ့၏ မိုင်းထောင်ဖောက် ခွဲခြင်း၊ နှောင့်ယှက်ပစ်ခတ်ခြင်းများကို သက်ဆိုင်ရာတိုင်း စစ်ဌာနချုပ်၊ ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့် ကြည့်ရေးကော်မတီ (JMC-S) ၊ လုံခြုံရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန တို့က KNU ဗဟိုနှင့် သက်ဆိုင်ရာသို့ သတိပေးကန့်ကွက် စာ၊ အကြောင်းကြားစာစုစုပေါင်း ၉၄ ကြိမ် ပေးပို့ ထားပြီး တပ်မတော်မှ လိုအပ်သည့် လုပ်ငန်းများအား ဆက်လက်ဆောင်ရွက် လျက်ရှိသည်။ ထိုသို့ ဆောင်ရွက် လျက် ရှိစဉ် ဧပြီ ၁ ရက် နံနက်ပိုင်းတွင် ဘော်စဲခို- လွယ်မူပလောလမ်း လုံခြုံရေး ဆောင်ရွက် လျက်ရှိသော တပ်မတော် စစ်ကြောင်းတစ်ခုကို ဘော်စဲခို၏ အနောက်မြောက်ဘက် မီတာ ၈၀၀၀ ခန့်အကွာ၌ KNU အဖွဲ့မှ အင်အား ခုနစ်ဦး ခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်နှောင့် ယှက်ပစ် ခတ်ခဲ့သဖြင့် တပ်မတော် စစ်ကြောင်းက ပြန်လည် ပစ်ခတ်ခဲ့ရာ ၎င်းအဖွဲ့များသည် အရှေ့ဘက်သို့ ဆုတ်ခွာသွားခဲ့သည်။ လာရောက် ပစ်ခတ်ခဲ့သည့် နေရာ အား အသေးစိတ်စစ် ဆေးခဲ့ရာ KNU အဖွဲ့မှ အရပ်ဝတ် ဝတ်ဆင်ထားသည့်အလောင်း တစ်လောင်း၊ အေကေ-၄၇ ကျည် ၁၄ တောင့်၊ ဒီတိုနေတာ နှစ်ခုနှင့် အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်း ရမိခဲ့ သည်။ တပ်မတော် အနေဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် လိုအပ်သည့် လုံခြုံရေး လုပ်ငန်းများကို ဆက်လက် ဆောင် ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment