ပုဒ်မ ၁၉ ဖြင့် မတရားဖမ်းဆီး ထောင်ချခံထားရသော ဗသများအဖွဲ့ချုပ်၀င်ကျောင်းသား ကျောင်းသူများထဲမှ ကျောင်းသားကျောင်းသူ (၆)ဦးမနက်ဖြန် (၃ .၄.၂၀၂၀) ရက်နေ့တွင် ထောင်မှလွှတ်မည်
====================================
ရခိုင်ပြည်နယ်တွင်း အင်တာနက်ဖြတ်တောက်မှု သတင်းအမှောင်ချမှုများ ချက်ချင်းရပ်ရန်နှင့် မူလတန်းကျောင်းအပေါ် လက်နက်ကြီးကျရောက်မှုနှင့် ပက်သက်၍ တာ၀န်ယူမှု တာ၀န်ခံမှုရှိရန် တောင်းဆိုဆန္ဒပြခဲ့သော ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားကျောင်းသူ(၇)ဦးထဲမှ ကျောင်းသား(၄)ဦး ကျောင်းသူ (၂)ဦး ကို
အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၁)လပြည့်သည့်
အတွက် မနက်ဖြန် (၃.၄.၂၀၂၀)ရက်နေ့တွင်
အင်းစိန်းထောင်ထဲမှ လွှတ်လာမည်ဖြစ်သည်။
မတရားဖမ်းစီးခံရပြီး အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၁)လ ရက်စေ့ပြီးနောက်လွှတ်မြောက်မည့်
ကျောင်းသားကျောင်းသူများ
(၁)ကိုအောင်ပြည့်စုံဖြိုး - ဒု-ဥက္ကဌ(ဗကသများအဖွဲ့ချုပ်) ဥက္ကဌ(ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
(၂)ကိုနောင်ထက်အောင် - ဘဏ္ဍာရေးမှူး (ဗကသများအဖွဲ့ချုပ်)
(၃)မနှင်း - ဘဏ္ဍာရေးမှူး (ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)
(၄)မအေးမြတ်မွန်ကျော် - သတင်းနှင့်ပြန်ကြားရေး(ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)
(၅)ကိုသုတစိုး(ရန်ကင်းပညာရေးကောလိပ်
ကျောင်းသားများသမဂ္ဂ)
(၆)ကိုဇော်ထက်နိုင်(ခ)ဆစ်နိုင် (ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ)
ရဲတပ်ဖွဲ့မှ ထပ်တိုးဖမ်းစီးသွားသော ဗ.က.သများအဖွဲ့ချုပ်ကျောင်းသားထုအခွင့်အရေးတာဝန်ခံ
ကိုသက်တင်အောင်(တောင်ငူတက္ကသိုလ်)
(၁)ဦးကို နောက်ထပ် (၁၀)ရက်ကြာမှ ထောင်
မှလွှတ်မြောက်လာမည်ဖြစ်သည်။
#သတင်းနှင့်ပြန်ကြားရေး
#ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်
photo -crd
https://www.facebook.com/asunion.tcom/posts/1766786533464288?__tn__=-R
No comments:
Post a Comment