Wednesday, April 1, 2020

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်နှစ်ဦး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်ခံရ

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်နှစ်ဦး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အမှုဖွင့်ခံရ
01-Apr-2020

ရန်ကုန်၊ဧပြီ ၁

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ တွဲဖက်အတွင်းရေးမှုးဖြစ်သူ  ဦးသာလွန်ဇောင်းထက် နှင့်  အဖွဲ့ဝင် ဦးခိုင်မြတ်ကျော်ကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် မတ္လ ၃၀ ရက္က အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီမှ တွဲဖက်အတွင်းရေးမှုးဖြစ်သူ  ခတ္သစ္မီဒီယာ၏ အယ်ဒီတာချုပ် ဦးသာလွန်ဇောင်းထက်  နှင့်  ကောင်စီဝင်တစ်ဦး ဖြစ်သူ နီရဉ္စရာသတင်းဌာနမှ အယ်ဒီတာချုပ်ဦးခိုင်မြတ်ကျော်တို့ကို မတ္လ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။



မန္တလေး  အခြေစိုက် VOM သတင်းဌာနတွင် AA  အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ နှင့် VOM ၏ ရခိုင်ဒေသအခြေစိုက် သတင်းထောက် ခိုင်လင်းစံ နှင့် ဆက်သွယ်မေးမြန်းထားမှု မတ္လ ၂၇ ရက်နေ့တွင်ဖော်ပြခဲ့ရာ Voice Of Myanmar သတင်းဌာနမှ အယ်ဒီတာချုပ် ဦးနေမျိုးလင်းကိုလည်း မတ္လ ၃၀ ရက်နေ့က အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က)၊၅၂(က)၊အမှုဖွင့်ဖမ်းဆီးခဲ့ပြီးနောက် အဆိုပါ သတင်းကို ထပ်ဆင့်ကူးယူဖော်ပြသော ခတ္သစ္မီဒီယာ ၏ အယ်ဒီတာချုပ် ဖြစ်သူ ဦးသာလွန်ဇောင်းထက်ကိုပါ  ယင်းဥပဒေဖြင့် ထပ္မံ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

ခေတ်သစ်မီဒီယာ၏ အယ်ဒီတာချုပ် ဦးလှိုင်းသစ်ဇင်ဝေ(ခ) ဦးသာလွန်ဇောင်းထက်ကို သတင်းရဲတပ်ဖွဲ့က စမ်းချောင်း မြို့နယ် ရဲစခန်းတွင်  (ပ)အမှတ်၂၇၅၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(က) ၊၅၂(က)တို့ဖြင့် အမှုဖွင့်ထားခြင်း မွာ မှန်ကန်ပြီး လက်ရှိ အချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသေးကြောင်း စမ်းချောင်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။



"ဒီအတိုင်းပဲ ဘာမှအဆက်အသွယ်မရသေးဘူး၊ အဖမ်းခံရလား၊မရလားဆိုတာ အတည်ပြုလို့ မရေသးဘူး၊ မနေ့ညက လာရှာတယ်လို့ပဲကြားရတယ်။ သူတို့ကို တွေ့လား၊မတွေ့လားလဲမသိရသေးဘူး၊ ဖုန်းအဆက် အသွယ် မရပဲ ပြတ်သွားတာ၊လက်ရှိအခြေအနေနဲ့ သတင်းသမားတွေကို ဒီလိုမျိုးဖမ်းတာကတော့ မကောင်း ဘူး ပေါ့။ လွတ်လပ်စွာသတင်းရယူခွင့်ကို ပိတ်ပင်တဲ့သဘောပဲ၊ ကျနော်တို့ အနေနဲ့ကတော့ဒီလိုမျိုးဖမ်းတာကို ကန့်ကွက်တယ်။ ဒီကိစ္စကို သတင်းမီဒီယာ ကောင်စီအနေနဲ့ထိထိ ရောက်ရောက်လုပ်စေချင်တယ်။" ရန်ကုန် ခေတ်သစ် သတင်းဌာနသို့ သတင်းများရေးသားပေးပို့ နေသည့်အလွတ်တန်းသတင်းထောက် ကိုဇော်မင်းက ပြောကြားသည်။


လက်ရှိအခြေအနေတွင် Covid-19 ရောဂါကြောင့် တိုင်းပြည်တွင်သောကရောက်နေသည့် အခြေအနေတွင် သတင်းသမားများအားကိုးရာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်နှစ်ဦးကို တရားစွဲဆိုခြင်းသည် သတင်းသမားအများစုရဲ့ဘဝလုံ ခြုံမှုမရှိသလိုခံစားရကြောင်း ရခိုင်ပြည်နယ် DMG သတင်းဌာနမှ သတင်းထောက်တစ်ဦးက ပြောသည်။

Covid-19 ရောဂါကြောင့်သတင်းတု၊ သတင်းမှားများကို  တရားဝင် သတင်းမီဒီယာများနှင့် ပူးပေါင်းတိုက်ဖျက်ရမည့် အချိန်တွင်  ယခုကဲသို့ ဖမ်းဆီးအမှုဖွင့်ခြင်းမှာလုံးဝ မသင့်တော်သည့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ ကကြေညာချက်ထုတ်ပြန်လိုက်သည်။ 
ဒီမိုကရေစီအသွင်ကူးပြောင်းရေး ၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးတို့ အတွက် ကြိုးစားနေချိန်တွင် မဆီလျော် မအပ်စပ်သောတုံပြန်မှုဖြစ်သောကြောင့် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အနေဖြင့် ဥပဒေနှင့် အညီ ဆက်လက်ဆောင်ရွက်သွားမည်ဟု  ယင်းထုတ်ပြန်ချက်တွင်ဖော်ပြသည်။

"သတင်းသမား က သူ အလုပ္ကို သူလုပ္တာ ကို  အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အေရးယူတာ လက်မခံဘူး။စာနယ်ဇင်းကောင်စီက တဆင့်အရေး ယူမယ်ဆိုပြီး အခုလိုလုပ္တာ သတင်းသမားတွေကို သက်သက်မလုပ်ရဲမကိုင်ရဲအောင်လုပ်တာ"ဟု MJI မွ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးနိုင်မင်းဝေက ပြောသည်။ 

No comments:

Post a Comment