Wednesday, April 29, 2020

ရခိုင်နဲ့ ချင်းမှာ ရာဇဝတ်မှုကျူးလွန်တဲ့ စွပ်စွဲချက်တွေ စုံစမ်းဖို့ ယန်ဟီးလီတောင်းဆို

ရခိုင်နဲ့ ချင်းမှာ ရာဇဝတ်မှုကျူးလွန်တဲ့ စွပ်စွဲချက်တွေ စုံစမ်းဖို့ ယန်ဟီးလီတောင်းဆို
29 ဧပြီ၊ 2020
ဗွီအိုအေ (မြန်မာပိုင်း)
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီ
ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီ
မျှဝေပါ
 Print

(Zawgyi/Unicode)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တွေမှာ ဆက်ဖြစ်နေတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုင်ရာ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီက တောင်းဆိုလိုက်ပါတယ်။

တကမ္ဘာလုံး COVID-19 ကပ်ရောဂါဘေး ရင်ဆိုင်ဖြေရှင်းနေရချိန်မှာ မြန်မာစစ်တပ်ကတော့ ရခိုင်ပြည်နယ်ထဲက အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ တိုးလုပ်လာနေတယ်လို့ မစ္စယန်ဟီးလီက ဧပြီလ ၂၉ ရက်နေ့မှာပဲ ပြောဆိုခဲ့တာပါ။

မြန်မာ့ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးသူအဖြစ် သူ့ရဲ့တာဝန် ပြီးဆုံးတော့မှာဖြစ်တဲ့ ပါမောက္ခယန်ဟီးလီက ရခိုင့်တပ်မတော် AA အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ အပစ်အခတ်ရပ်စဲရေး တောင်းဆိုချက်ကိုလည်း အလေးမထားကြတဲ့အပြင် မြန်မာတပ်မတော်ရဲ့ လက်ချက်ကြောင့် ရခိုင်နဲ့ ချင်းပြည်နယ်ထဲက ပြည်သူတွေ အကြီးအကျယ် ထိခိုက်နေရတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

တိုက်ပွဲကြောင့် အိုးအိမ်စွန့်ထွက်ပြေးရပြီး စေတီဝန်းထဲတွင် ခိုလှုံနေရသည့် မြို တိုင်းရင်းသားတချို့။ (ဇန်နဝါရီ ၂၅၊ ၂၀၁၉ )
SEE ALSO:
ရခိုင်နဲ့ချင်းပြည်နယ်က တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူ ဦးရေတိုး
လူသားချင်းစာနာမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာက စောင့်ထိန်းရမယ့် အခြေခံပြဌာန်းချက်တွေနဲ့ လူ့အခွင့်အရေးတွေကို တပ်မတော်က စနစ်တကျ ချိုးဖောက်နေတဲ့အတွက် ရခိုင်နဲ့ ချင်းပြည်နယ်ထဲက အရပ်သားတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ တိုးလာနေတယ်လို့လည်း အထူးကိုယ်စားလှယ် ယန်ဟီးလီက ပြောဆိုခဲ့ပါတယ်။

AA အပါအဝင် လက်နက်ကိုင်တပ်ဖွဲ့အားလုံး အရပ်သားတွေကို ကာကွယ်ပေးဖို့လည်း သူက တိုက်တွန်းသွားပါတယ်။ ပဋိပက္ခ အဆုံးသတ်ရေးအတွက် တာဝန်ခံမှု တာဝန်ယူမှုရှိဖိ့ု အလွန်အရေးကြီးတယ်လို့လည်းပြောပါတယ်။ တာဝန်ခံမှု၊ တာဝန်ယူမှုှမရှိတဲ့ မြန်မာတပ်မတော်အနေနဲ့ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရနေတဲ့အတွက်ကြောင့်လည်း မြန်မာအရပ်သားတွေအနေနဲ့ တပ်မတော်ရဲ့ ရည်ရွယ်ချက်နဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဆယ်စုနှစ်တွေနဲ့ချီ ရင်ဆိုင်ခံစားနေရတယ်လိုလည်း ပါမောက္ခ ယန်ဟီးလီရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂအဖွဲ့အစည်းတွေအနေနဲ့ ရခိုင်နဲ့ ချင်းပြည်နယ်ထဲက အရပ်သားတွေကို အကာအကွယ်တိုးပေးဖို့လည်း မစ္စယန်ဟီးလီက တိုက်တွန်းတောင်းဆိုထားပါတယ်။

ရခိုင်နဲ့ ချင်းမှာ ရာဇဝတ်မှုကျူးလွန်တဲ့ စွပ်စွဲချက်တွေ စုံစမ်းဖို့ ယန်ဟီးလီတောင်းဆို EMBED SHARE
ရခိုင်နဲ့ ချင်းမှာ ရာဇဝတ်မှုကျူးလွန်တဲ့ စွပ်စွဲချက်တွေ စုံစမ်းဖို့ ယန်ဟီးလီတောင်းဆို
by ဗွီအိုအေ
 EMBED SHARE
The code has been copied to your clipboard.
<iframe src="https://burmese.voanews.com/embed/player/0/5397091.html?type=audio" frameborder="0" scrolling="no" width="100%" height="144" allowfullscreen></iframe>

The URL has been copied to your clipboard
Facebook တွင်ဖြန့်ဝေရန်
Twitter တွင်ဖြန့်ဝေရန်
https://burmese.voanews.com/a/myanmar-un/5397091.html

No media source currently available

0:001:27
0:00
 တိုက်ရိုက် လင့်ခ်
 သီးခြားခွဲထုတ်၍ နားဆင်နိုင်ပါသည်။
[Unicode Version]






ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် တိမ်းရှောင်ထွက်ပြေးလာခဲ့ကြသော စစ်ရှောင်များ (သတင်းဓာတ်ပုံ - Rakhine Ethnics Congress)
SEE ALSO:
မင်းပြားပစ်ခတ်မှု အရပ်သား ၄ ဦး သေဆုံး


https://burmese.voanews.com/a/myanmar-un/5397045.html

No comments:

Post a Comment