Friday, March 27, 2020

TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ဝင် လေးဦးနှင့် လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိ

TNLA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ဝင် လေးဦးနှင့် လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိ
နေပြည်တော်  မတ်  ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)    မိုးမိတ်မြို့နယ်အတွင်း တပ်မတော် စစ်ကြောင်းများက နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိရာ မတ်လ ၂၅ ရက် နံနက်ပိုင်းတွင်  ဟဲထင်ကျေးရွာအတွင်း ဝင်ရောက်စဉ်     နေအိမ်တစ်လုံးပေါ်မှ   မသင်္ကာဖွယ် အမျိုးသမီးတစ်ဦးက ၎င်း၏ လက်ကိုင်ဖုန်းဖြင့် စစ်ကြောင်းများ သွားလာမှုအား  ဗီဒီယိုမှတ်တမ်းတင်ရိုက်ကူးနေသည်ကို တွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းခဲ့သည်။  ထိုသို့စစ်ဆေးရာတွင် ဗီဒီယိုမှတ်တမ်းတင် ရိုက်ကူးနေသူမှာ ဒေါ်မိုးဟိန်း(ဘ) ဦးအိုက်ပီဖြစ်ပြီး   ၎င်း၏ ဖုန်းအတွင်းမှ TNLA အကြမ်းဖက် သောင်းကျန်းသူများနှင့် ရိုက်ကူးထားသော ဗီဒီယိုဖိုင်များအား တွေ့ရှိရသဖြင့် ဆက်လက် စစ်ဆေးရန် ထိန်းသိမ်း ခေါ်ဆောင်ခဲ့သည်။
ထို့နောက် နယ်မြေလုံခြုံရေး ဆက်လက် ဆောင်ရွက်ခဲ့ရာ ပန်းတင်ကျေးရွာသို့ ရောက်ရှိစဉ်   ဒေသခံပြည်သူများ၏ သတင်းပေးချက်အရ TNLA  အကြမ်းဖက် သောင်းကျန်းသူ သုံးဦးအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့အား စစ်ဆေးဖော်ထုတ်ချက်အရ အကြမ်းဖက် သောင်းကျန်းသူ တစ်ဦးနှင့် ပန်းတင်ကျေးရွာရှိ တိုက်နယ်မှူး အဆင့်ရှိသော တာလူးဆန်း၏ နေအိမ်အတွင်းနှင့်   ကျေးရွာအတွင်းတို့မှ    အေကေ-၄၇ သေနတ်ငါးလက်၊ အမ်-၂၂ သေနတ် ၂၈ လက်၊ ကေအို-၉ သေနတ်လေးလက်၊    ကာဘိုင်သေနတ် တစ်လက်၊ စုစုပေါင်း လက်နက်မျိုးစုံ ၃၈ လက်၊ အမ်-၂၂ ကျည်အိမ်ငါးခု၊ အမ်-၂၂ ကျည် ၈ဝ တောင့်၊  လက်ပစ်ဗုံးသုံးလုံး၊ လမ်းလျှောက်စကားပြော စက်တစ်လုံး၊ TNLA ဘက်တံဆိပ်ပါ   ယူနီဖောင်းရှစ်စုံ၊ ကျည်ကာဦးထုပ်တစ်လုံး၊   ဒီတိုနေတာ ငါးချောင်း၊ ဝိုင်ယာကြိုး နီ/နက် ၃ဝ ကိုက်ခန့်နှင့်   ယမ်းမှုန့် ၁ ပိဿာခန့်တို့အား သိမ်းဆည်း ရမိခဲ့သည်။
လက်နက်၊ ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသော TNLA အကြမ်းဖက် သောင်းကျန်းသူ လေးဦးနှင့် မသင်္ကာဖွယ် အမျိုးသမီး တစ်ဦးတို့ကို လိုအပ်သည့် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပြီး   တပ်မတော်စစ်ကြောင်းများက နယ်မြေလုံခြုံရေး လုပ်ငန်း များ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။ 

No comments:

Post a Comment