Monday, March 30, 2020

ကိုဗစ်ကပ်ရောဂါရင်ဆိုင်ရချိန် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး KNU တောင်းဆိုမှု အစိုးရနှင့် တပ်မတော် အကြောင်းမပြန်၊ ကပ်ဘေးဖြစ်ချိန် နိုင်ငံရေးဖိနှိပ်မှု မလုပ်ဘဲ လူသားဆန်ကြရန် KNU ပြော

ကိုဗစ်ကပ်ရောဂါရင်ဆိုင်ရချိန် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး KNU တောင်းဆိုမှု အစိုးရနှင့် တပ်မတော် အကြောင်းမပြန်၊ ကပ်ဘေးဖြစ်ချိန် နိုင်ငံရေးဖိနှိပ်မှု မလုပ်ဘဲ လူသားဆန်ကြရန် KNU ပြော
By ရန်ကုန်ခေတ်သစ်
ကရင်အမျိုးသားအစည်းအရုံးKNU က ကိုဗစ် ကပ်ဘေးရောဂါရင်ဆိုင်နေရချိန် တစ်နိုင်ငံလုံ းအပစ်အခတ်ရပ်စဲရန် မတ်လ ၂၆ ရက်နေ့က ကြေညာချက်ထုတ်ပြန်ပြီး အစိုးရနှင့်တပ်မတော်ကို တောင်းဆိုလိုက်သည်။ အဆိုပါတောင်းဆိုမှုနှင့်ပတ်သက်ပြီး KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးကို ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းထားပါသည်။
မေး။ ။ တပ်မတော်နဲ့ အစိုးရကို မတ်လ ၂၆ ရက်နေ့မှာ KNU ကနေပြီး ကိုဗစ်ရောဂါ အရေးပေါ်ကာလအတွင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ဖို့ တောင်းဆိုထားတဲ့အပေါ် အကြောင်းပြန်ထားတာများရှိပါသလား။
ဖြေ။ ။ မရှိဘူးခင်ဗျ။
မေး။ ။ ကိုဗစ်ရောဂါကူးစက်မှု အရေးပေါ်ကာလအတွင်းမှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လုပ်ဖို့ KNU က ဘာလို့ တောင်းဆိုတာလဲ။ တောင်းဆိုချက်ရဲ့ ရည်ရွယ်ချက်က ဘာပါလဲ။
ဖြေ။ ။ ကိုဗစ်ဖြစ်တဲ့အချိန်မှာ ကျနော်တို့နိုင်ငံကလည်း တိုက်ကြခိုက်ကြတဲ့အနေအထားအောက်မှာပဲရှိနေတာလေ။ ဒီကိုဗစ်ဖြစ်နေတဲ့အချိန်မှာ ကျနော်တို့အားလုံး လူသားဆန်ဆန်နဲ့ လူသားမျိုးနွယ်ကို ခြိမ်းခြောက်နေတဲ့ ဒီရောဂါကို ဝိုင်းပြီးတော့ တွန်းလှန်နိုင်ဖို့ လိုအပ်တာပေါ့။ ဒီအနေအထားကို အခြေခံပြီးတော့ ကျနော်တို့ အပစ်အခတ်ရပ်စဲရေး လုပ်လိုက်ရင်တော့ အထူးသဖြင့်တော့ တောနယ်ဒေသတွေနဲ့ IDP တွေအတွက်က ဒီဟာနဲ့ပတ်သက်ရင်အရမ်းကို စိုးရိမ်စရာရှိတာပေါ့။ အဲဒီအတွက်ကြောင့် တစ်ဖက်မှာလည်း တိုက်တာ ခိုက်တာတွေ ရပ်ဆိုင်းပြီးတော့ ကျနော်တို့ တကယ် လူသားမျိုးနွယ်ကို ခြိမ်းခြောက်တဲ့ ဒီ Covid 19 ကို ရှိထားတဲ့ Resources တွေကို အဲဒီဘက်ကို ဝိုင်းပြီးတော့ တွန်းလှန်ကြမယ်ဆိုရင် ပြန်ပြီးတော့ကောင်းမယ်။ ပိုပြီးတော့ ကောင်းမယ်ပေါ့။ တစ်ဖက်မှာလည်း အပစ်အခတ်ရပ်စဲရေးတွေ လုပ်လိုက်မယ်ဆိုရင် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ လမ်းကြောင်းပေါ်ကို ပြန်ရောက်လာနိုင်တာပေါ့။
မေး။ ။ အစိုးရနဲ့ တပ်မတော်ဘက်က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအတွက် အကြောင်းမပြန်တော့ ဘယ်လိုဖြစ်လာနိုင်လဲ။
ဖြေ။ ။ အဲဒါက တစ်ဦးတစ်ယောက်ရဲ့ကိစ္စမဟုတ်ဘူးလေ။ ဒီကိစ္စက အားလုံးကိစ္စဖြစ်နေတဲ့အခါကျတော့လည်း သက်ဆိုင်ရာ အကုန်လုံးက ဝိုင်းပြီးတော့ တာဝန်ယူရမယ်လို့ ကျနော်သဘောပေါက်တာပေါ့။ အဲဒီတော့ အနိမ့်ဆုံး အဆင့် ဒုက္ခသည် IDP တွေရဲ့နေရာကို ရောက်ရှိနိုင်အောင် ဒါတွေကို ကာကွယ်ပေးနိုင်တဲ့ အနိမ့်ဆုံးအဆင့် ဘယ်လိုပုံစံမျိုးနဲ့ အသိပညာပေးပြီးတော့ ကာကွယ်ရေး အဆင့်တစ်ဆင့် လုပ်နိုင်တဲ့ပုံစံမျိုးလည်း စဉ်းစားသင့်တာပေါ့။ တစ်ခါတည်းမှာပဲ အပစ်အခတ်ရပ်စဲနိုငရင်တော့ ပိုကောင်းတာပေါ့။ လူသားချင်း စာနာမှု ကိစ္စတင်မကတော့ဘဲ အမျိုးသားပြန်လည်သင့်မြတ်ရေးပါ ဦးတည်စေမှာပေါ့။
မေး။ ။ KNU အနေနဲ့ Covid 19 ကို ဘယ်လို ကာကွယ်နေလဲ။ ဘယ်လို အစီအမံတွေချပြီး လုပ်နေလဲ။
ဖြေ။ ။ ကျနော်တို့ ထဲမှာတော့ တတ်နိုင်သလောက်တော့ လုပ်ပါတယ်။ အဓိကကတော့ WHO က ပြောထားတဲ့ အဓိက လမ်းညွှန်ချက်ထဲမှာ ကျနော်တို့ ဒီ Social Distancing လို့ ခေါ်တဲ့ တစ်နေရာကနေ တစ်နေရာကို ကူးသန်းသွားလာရတဲ့ ကိစ္စတွေကို ခဏတဖြုတ်ကာလအတွင်းမှာ အတိုင်းအတာတစ်ခုအထိ ရပ်ဆိုင်းထားတာတို့ နောက်ပြီးတော့ Self Isolation လို့ ခေါ်တဲ့ တတ်နိုင်ရင်တော့ အစည်းအဝေးတွေ လုပ်တာတွေ နည်းနည်းလျှော့ပြီးတော့ မဖြစ်မနေ တွေ့ရမယ်ကိစ္စတွေဆိုရင်လည်း သတိထားပြီးတော့ အကာအကွယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးတာတို့။ ကိုယ့်အိမ်မှာပဲ နေကြဖို့ ။
နောက်ပြီး ဖြစ်နိုင်ရင်လည်း မကြာခဏ ကိုယ့်ကိုယ်ကိုယ် ပြန်စမ်းသပ်ပြီးတော့ အထူးသဖြင့် အပြင်သွားပြီးပြန်လာတာဆိုရင်လည်း အသိတရားနဲ့ ကိုယ့်ဘာကိုယ် ၁၄ ရက်နေပြီးမှ ပြန်လာဖို့ ဒါမျိုးက အစ.. အဖွဲ့အစည်းထဲမှာ ညွှန်ကြားထားရှိသလို ကျနော်တို့ ရဲ့ ကျန်းမာရေးဌာနရဲ့ ဆေးမှူးတွေကတစ်ဆင့်လည်း အစီအစဉ်တွေရှိပါတယ်။
အဲဒီအစီအစဉ်တွေကနေ ပြီးတော့ ကျေးရွတွေကို ဆင်းပြီးတော့ အသိပညာပေးတာတို့။ အထူးသဖြင့် နယ်စပ်လိုင်းမှာပေါ့။ နယ်စပ်လိုင်းမှာက တရားဝင်လမ်းကြောင်းတွေက ရပ်ဆိုင်းသွားတဲ့အခါကျတော့ ပိုပြီးတော့ စိုးရိမ်တာက ကျနော်တို့ဘက်ကို တစ်နည်းတစ်ဖုံနဲ့ ဖြတ်သန်းကူးလာတဲ့ နယ်စပ်ဖြတ်ကျော် ကိစ္စတွေမှာလည်း ပိုပြီးတော့ သတိထားဖို့ ကျနော်တို့ စာရင်းဇယားတွေ ယူထားဖို့ စသည်ဖြင့် ကျနော်တို့ လုပ်နေကြပါတယ်။
မေး။ ။ ကိုဗစ်က ဘယ်လောက် အန္တရာယ်ကြီးလဲ။
ဖြေ။ ။ ဒါက ဂရုမစိုက်ရင် ဂရုမစိုက်သလို အန္တရာယ်ကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက လူလူချင်း ကူးသွားတဲ့ ကိစ္စဖြစ်တဲ့အခါကျတော့ လူတွေက လူလူချင်း ဆက်ဆံမှုက သူ့သဘာဝအရ မဆက်ဆံဘဲ မနေနိုင်တဲ့ လူသားတွေဖြစ်တဲ့အားလျှော်စွာ ကာလတစ်ခုကတော့ လူကနေ ကူးသွားတဲ့ပုံစံတွေ မဖြစ်အောင် အရမ်းကို သတိထားဖို့လိုပါတယ်။ အခု ဥရောပဘက်မှာ ဖြစ်သွားတဲ့ကိစ္စတွေကို ကြည့်မယ်ဆိုရင် ကြောက်ခမန်းလိလိ ကိန်းဂဏန်းတွေက ။
ဆိုတော့ ဒါကြောင့် ကျနော်တို့ဘက်မှာတော့ အဓိကအားဖြင့် ကာကွယ်ရေးဆိုတဲ့အပိုင်းကို တစ်နိုင်ငံလုံးကနေပြီးတော့ အဓိက Self Isolation ပေါ့။ ကာလတစ်ခုအတွင်းမှာတော့ ကျနော်တို့ လုပ်စရာရှိလည်း အွန်လိုင်းကနေ လုပ်ကြတာက အစ အဲဒီလိုမျိုးလုပ်နိုင်တယ်ဆိုရင် လူတွေကနေ ကူးတဲ့အပိုင်း ရပ်တန့်နိုင်တာပေါ့။ ရပ်တန့်ခြင်းကနေပြီးတော့ ကာကွယ်လိုက်တာပေါ့။ လူတစ်ယောက်ကနေပြီးတော့ ရှိမယ်ဆိုရင်လည်း ရပ်တန့်သွားတာပေါ့။
မေး။ ။ KNU ဘက်က အပစ်အခတ်ရပ်စဲရေး တောင်းဆိုနေပေမယ့်လည်း ကိုဗစ်ဖြစ်နေတဲ့အချိန်မှာ စစ်ပွဲတွေ ပိုဖြစ်လာတာ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုရှိလာတာ။ ကိုဗစ်ကြောင့် လူတွေ အာရုံမရခင်မှာ နိုင်ငံရေး ဖိနှိပ်မှုတွေ တိုးလာတဲ့အပေါ်မှာ ဘယ်လို သုံးသပ်ပါသလဲ။
ဖြေ။ ။ အဲဒါကြောင့် စိတ်မကောင်းစွာပဲ ဒီကိစ္စကို ဝိုင်းပြီးတော့ ပြောကြရမှာပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ကမ္ဘာလုံးအတွက် လူသားမျိုးနွယ်တွေအတွက် ကပ်ဘေးဒုက္ခရင်ဆိုင်နေရတဲ့အချိန်မှာ လူသားဆန်ဆန် ဆက်ဆံကြဖို့ အရမ်းအရေးကြီးပါတယ်။
https://www.facebook.com/khitthitnews/photos/a.386800725090613/884580618645952/?type=3&__xts__%5B0%5D=68.ARBEmX_9R6P58RnS-SZ_jMh_Dqe5AnbccvKXLuXhR7CyOZ46WdLp3pwFWb6zKVna9sftU-MOffgWeKiYdKqDmndpE7zc2StO9Kd_yDn9yOeqquRN91iVvWjEl4bv_SMpbNBJVTUXBkHmIst5cFcW9OQICR_N3jZMAxD7HfcJ6YWXWOn1146JUiJCNrCHlJK77cbB70ev1fCHJpL0ecYnSOciPFv7dkHjwDqmn-YDd38OQm9l_qvkdDXgCEUqVQavOqp7Qy0Hejyw5wprA02fWSDj8_-9uacem2C1hTat5LUstibtL6qlaXEyo7juTAPWMawkA-QqWoHbEkXAh9FPlX0&__tn__=-R

No comments:

Post a Comment