JMC-S(ကရင်) အရပ်သားကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး
..............................................
ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ [JMC-S(ကရင်)] ၏ ဒုတိယဥက္ကဋ္ဌ (၂) စောစံယဉ် ဦးဆောင်သော JMC-S(ကရင်)နှင့် JMC-L(ဖာပွန်)၏ ကော်မတီဝင် အရပ်သား ကိုယ်စားလှယ်များသည် မတ်လ ၃ ရက်က JMC ဆိုင်ရာကိစ္စရပ်များ အလွတ်သဘောအစည်းအဝေးကျင်းပ၍ ဆွေးနွေးခဲ့ကြပါသည်။
.
JMC-S(ကရင်) ရုံး၌ပြုလုပ်သည့် အဆိုပါအစည်းအဝေး၌ ဒုဥက္ကဋ္ဌ (၂) က အဖွင့်နုတ်ခွန်းဆက်စကားပြောကြား ပြီး ပြီးခဲ့သည့်သတ္တမအကြိမ် JMC ဆိုင်ရာကိစ္စရပ်များ အလွတ်သဘော တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေးတွင် ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များနှင့်မှတ်တမ်းများအား ပြန်လည်သုံးသပ်ဆွေးနွေးခြင်း၊ အကောင်အထည် ဖော်ဆောင်ရွက်မည့် လုပ်ငန်းများအား ဆွေးနွေးခြင်းနှင့် အထွေထွေကိစ္စရပ်များကို အသီးသီးဆွေးနွေးခဲ့ကြသည်။
.
အစည်းအဝေးသို့ JMC-S(ကရင်) ဒုတိယဥက္ကဋ္ဌ (၂) စောစံယဉ်၊ ကော်မတီဝင် အရပ်သားကိုယ်စားလှယ် နန်းအေးမြိုင်၊ စောဘိုးနီ၊ နန်းမြင့်တင်၊ နန်းစေအွာ၊ စောသိန်းရွှေ၊ စောခရစ္စတိုဖာ၊ နန်းလှယဉ်မေ၊ JMC-L(ဖာပွန်) ဒုတိယဥက္ကဋ္ဌ (၂) နော်မေးလာထူးတို့နှင့် TSC-S(ကရင်) အထောက်အကူပြုဝန်ထမ်း စုစုပေါင်း (၁၂) ဦး တက်ရောက်ခဲ့ကြသည်။
.
#JMC #JointCeasefireMonitoringCommittee
#JMC_S_Kayin
https://www.facebook.com/JointCeasefireMonitoringCommittee/posts/1033554560350981?__tn__=-R
No comments:
Post a Comment