Wednesday, March 25, 2020

စစ်ဘေးရှောင်စခန်းများတွင် COVID-19 ဖြစ်ပွားလာမည်ကို လွန်စွာစိုးရိမ်မိကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား

စစ်ဘေးရှောင်စခန်းများတွင် COVID-19 ဖြစ်ပွားလာမည်ကို လွန်စွာစိုးရိမ်မိကြောင်း လွှတ်တော်ကိုယ်စားလှယ် ပြောကြား
ဓါတ်ပုံ- U Aye Saw , ကျောက်တော်မှစစ်ဘေးရှောင်များ
ဓါတ်ပုံ- U Aye Saw , ကျောက်တော်မှစစ်ဘေးရှောင်များ
PUBLISHED 25 MARCH 2020
 
သန်းလှိုင်

ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဦးရေ နေစဉ်နှင့်အမျှ တိုးလာနေသည့်အတွက် စစ်ဘေးရှောင်စခန်းများတွင် COVID-19 ဖြစ်ပွားလာမည်ကို လွန်စွာစိုးရိမ်မိကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က ပြောကြားခဲ့သည်။
ယင်းသို့တိုးလာသည့် စစ်ဘေးရှောင်များတွင် ယခုရက်ပိုင်းအတွင်း ကျောက်တော်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးရှောင် ၅ ထောင်ခန့်ရှိလာခဲ့ကြောင်းနှင့် စုပုံနေထိုင်ကြရသည့်အတွက် ရောဂါဖြစ်ပွားလာပါက ပိုမိုစိုးရိမ်စရာဖြစ်နေကြောင်း၊ သို့သော်လည်း မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်ပူးပေါင်းကာ ပြင်ဆင်စရာရှိသည်များကို ကြိုတင်ပြင်ဆင်ခြင်းများ ပြုလုပ်မှုများကို လုပ်ဆောင်နေကြောင်းလည်း သိရသည်။
“ အခုက ကျောက်တော်အထက်ပိုင်းမှာ ရွာတွေအများကြီးကနေ ထွက်ပြေးတိမ်းရှောင်ရောက်ရှိလာသူ ၅ ထောင်လောက် ရှိနေပြီဖြစ်တဲ့အတွက် တကယ်လို့သာ COVID-19 တစ်ယောက်ယောက်ဆီမှာ တွေ့ရမယ်ဆိုရင် တခြားလူတွေကိုကူးစက်ဖို့ လွယ်ကူနေပါတယ်။ ဒါကြောင့် သိပ်ပြီးစိုးရိမ်စရာ ဖြစ်နေပါတယ်။ စားသောက်နေရေး၊ နေထိုင်ရေးအပိုင်းမှာလည်း အခက်အခဲရှိနေပေမယ့် အဲဒီရောဂါကူးစက်လာမှာကို ပိုစိုးရိမ်ရမယ်။ ရခိုင်ပြည်နယ်အတွင်းက လူတွေကလည်း တရုတ်ပြည်တို့ကို သွားလာလုပ်ကိုင် နေကြသူတွေများတဲ့အတွက် ပြန်လာတဲ့သူတွေလည်းရှိမယ်။ ဆိုတော့ မဖြစ်သင့်တာတွေမဖြစ်စေဖို့ အတတ်နိုင်ဆုံးတော့ လုပ်ဆောင်နေကြပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းရေးအပိုင်းကိုလည်း လုပ်ဆောင်ပေးနေပါတယ်” ဟုလည်း ကျောက်တော်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်သန်းစိန်က ပြောကြားခဲ့သည်။
COVID-19 မြန်မာနိုင်ငံအတွင်း ရောက်ရှိနေပြီဖြစ်သဖြင့် မတ်လ ၂၄ ရက်နေ့က ကျင်းပသည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် (၁၃) ကြိမ်မြောက်ပုံမှန်အစည်းအဝေးအား ယာယီရပ်နားလိုက်ကြောင်းနှင့် လွှတ်တော်အစည်းအဝေးဒုတိယနေ့ကို ကျင်းပမည့်နေ့ကို ဆက်လက်ကြေညာသွားမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
ယင်းနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌမှ “ ကျွန်တော်တို့ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ပလက်ဝမြို့နယ်တွေဆိုရင် အင်တာနက်လည်းဖြတ်တောက်ခံထားရတဲ့အတွက် စိုးရိမ်မိပါတယ်။ အထူးသဖြင့် ဒုက္ခသည် စခန်းကိုရောက်ရှိနေကြတဲ့ ပြည်သူ တစ်သိန်းငါးသောင်းကျော်အတွက် အထူးရင်လေးမိပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။

No comments:

Post a Comment