Wednesday, March 25, 2020

ပလက်ဝ-ဇိုရမ်ပူ ကားလမ်း ဖောက်လုပ်နေသော C & C ကုမ္ပဏီမှ အိန္ဒိယနိုင်ငံသား ရှစ်ဦး အပါအဝင် လူ ၁၅ ဦးကို AA အဖွဲ့က ဖမ်းဆီး ခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့သော်လည်း ကျပ် သိန်း ၁၀၀ ကျော် ယူဆောင်ထွက်ပြေးခဲ့ဟု တပ်မတော်သတင်းထုတ်ပြန်

ပလက်ဝ-ဇိုရမ်ပူ ကားလမ်း ဖောက်လုပ်နေသော C & C ကုမ္ပဏီမှ အိန္ဒိယနိုင်ငံသား ရှစ်ဦး အပါအဝင် လူ ၁၅ ဦးကို AA အဖွဲ့က ဖမ်းဆီး ခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့သော်လည်း ကျပ် သိန်း ၁၀၀ ကျော် ယူဆောင်ထွက်ပြေးခဲ့ဟု တပ်မတော်သတင်းထုတ်ပြန်
PUBLISHED 25 MARCH 2020
 
မင်းနိုင်စိုး

ပလက်ဝ-ဇိုရမ်ပူ ကားလမ်းဖောက်လုပ်နေသော C & C ကုမ္ပဏီမှ အိန္ဒိယနိုင်ငံသား ရှစ်ဦးအပါအဝင် လူ ၁၅ ဦးကို မတ် ၂၃ ရက် နံနက်ပိုင်းတွင် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)  က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့သော်လည်း ငွေကျပ်သိန်း ၁၀၀ ကျော်နှင့် လက်ဝတ်ရတနာများ အပါအဝင် ပစ္စည်းအချို့အား ယူဆောင်ထွက်ပြေးသွားခဲ့သည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက မတ် ၂၃ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။
ဖြစ်စဉ်မှာ ပလက်ဝ-ဇိုရမ်ပူကားလမ်း ဖောက်လုပ်နေသော ချင်းပြည်နယ် ပလက်ဝမြို့၏ အရှေ့ဘက် ကုလားတန်မြစ်ကမ်းပေါ် ရှိ  C & C ကုမ္ပဏီဝင်းအတွင်းသို့ မတ် ၂၃ ရက် နံနက် ၁ နာရီခန့်တွင် AA အဖွဲ့ အင် အား ၄၀ ဦးခန့် ရောက်ရှိလာပြီး အိန္ဒိယနိုင်ငံသား ရှစ်ဦး၊ စကားပြန်နှစ်ဦးနှင့် လုပ်သားငါးဦးတို့အားအကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကုမ္ပဏီအဆောက်အအုံ၏ တံခါးမကြီး လေးချပ်နှင့် ပြတင်းပေါက်ခြောက်ချပ် တို့ကို ဖျက်ဆီးသွားခဲ့သည်ဟု တပ်မတော်က သတင်းထုတ်ပြန်သည်။
အဆိုပါဖမ်းဆီးခံရသူများကို နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် AA  အဖွဲ့က ပြန်လည် စေလွှတ်ပေးခဲ့ပြီး ပြန်လည်ရောက်ရှိလာသူ များ၏ ပြောကြားချက်အရ မတ် ၂၃ ရက် နံနက် ၁ နာရီခန့်တွင် AA အဖွဲ့ဝင်များရောက် ရှိလာပြီး ၎င်းတို့အား အရှေ့တောင်ဘက်ရှိ တောင်ကြောပေါ်သို့ မျက်နှာများအား အဝတ်များစည်းကာ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
၎င်းတို့ကို AA အဖွဲ့က အစိုးရဌာန ဆိုင်ရာများအား သတင်းပေးပို့ခြင်း ရှိ၊ မရှိ မေးမြန်းပြီး ၎င်းတို့တွင်ပါရှိသည့် တယ်လီဖုန်းများနှင့် ကွန်ပျူတာများအား အသေးစိတ်စစ် ဆေးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ထိုသို့ စစ် ဆေးခြင်းများဆောင်ရွက်နေစဉ် တပ်မတော် စစ်ကြောင်းများ၏ ဝေဟင်မှ နယ်မြေလုံခြုံ ရေးကြည့်ရှုစစ်ဆေးမှုများအား တွေ့ရှိသဖြင့် ၎င်းတို့အားပြန်လည်စေလွှတ်ပေးကာ ၎င်းတို့ အဖွဲ့တွင်ပါရှိသည့် ငွေကျပ် သိန်း ၁၀၀ ကျော် နှင့် လက်ဝတ်ရတနာများအပါအဝင် ပစ္စည်းအချို့အား အတင်းအဓမ္မယူဆောင် ထွက်ပြေး သွားကြောင်း တပ်မတော်က သတင်းထုတ်ပြန် သည်။
AA အနေဖြင့် ပလက်ဝတံတားစီမံကိန်းနှင့် ပလက်ဝ-ဇိုရမ်ပူလမ်းစီမံကိန်းများ ပျက်ပြားစေရန် ရညရွယ်၍ ၂၀၁၉ ခုနှစ်၊ မတ်နှင့် နိုဝင်ဘာလတို့တွင် ချောင်းမြောင်း ပစ်ခတ် ဖျက်ဆီးခြင်း၊ နိုဝင်ဘာ ၄ ရက်တွင် EPI ကုမ္ပဏီနှင့် RPP ကုမ္ပဏီမှ အိန္ဒိယနိုင်ငံသား ငါးဦး အပါအဝင် စုစုပေါင်း ၁၀ ဦးအား ဖမ်းဆီး ခေါ်ဆောင်သွားခြင်းများ ပြုလုပ်ခဲ့ကြောင်း တပ်မတော်၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
ထို့ပြင်ဒီဇင်ဘာ ၁ ရက်တွင် ကျောက်တော်မြို့နယ် တင်းမကျေးရွာအနီး  ပင်လယ်မင်းသမီး ဇက်ရေယာဉ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ကာဇက်ရေယာဉ်နှင့်အတူလိုက်ပါလာသည့် ရေယာဉ် အမှုထမ်းများအား ဖမ်းဆီးစစ်ဆေးပြီး ၎င်းတို့၏ အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်း ယူဆောင်ခြင်းများ ပြုလုပ်ခဲ့ကြောင်းလည်း တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

No comments:

Post a Comment