Saturday, March 28, 2020

ကောင်းခါးပြည်သူ့စစ်စခန်းကို မြန်မာစစ်တပ်သိမ်းပိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်က ကောင်းခါးပြည်သူ့စစ်စခန်းတခုကို မြန်မာစစ်တပ်ကသိမ်းပိုက်လိုက်ပြီး မူးယစ်ဆေးအများအပြားဖမ်းဆီးရမိတဲ့အခြေအနေကို နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။
ကွတ်ခိုင်မြို့နယ်အတွင်း ကောင်းခါးပြည်သူ့စစ်စခန်းတခုဖြစ်တဲ့ လွယ်ခန်းစခန်းကို မြန်မာ တပ်မတော်လုံခြုံရေးအဖွဲ့ တွေက သိမ်းဆီးထားတယ်လို့ ကောင်းခါးဒေသခံတဦးကပြောပါတယ်။
“ကောင်းခါးပြည်သူ့စစ်ရှိတယ် အဲဒီလွယ်ခမ်ပေါ့။ အရင်ကအဲဒီမူးယစ်ဆေးဝါးအများအပြားသူတို့ ဖမ်းဆီးရမိတဲ့နေရာ တွေလေ။ အဲဒီမှာတော့သူတို့ တပ်ရော လုံထိန်း ရဲတွေရောအများကြီးဘဲ။ တပ်မ(၉၉)နဲ့လုံထိန်းရဲလေ။ အခုကွတ်ခိုင် ဗျူဟာကနေသူတို့ နေရာချထားပေးတယ်လေ။ အခြေစိုက်တပ်တွေကတော့ ကျွန်တော်တို့လမ်းဘေးမှာပေါ့။ ပြည်ထောင်စု လမ်းဘေးမှာနေရာယူထားတယ်။”
ကောင်းခါးပြည်သူ့စစ်စခန်းကို မတ်လ(၂၄)ရက်နေ့မှာ မြန်မာစစ်တပ် ကဝင်ရောက်စီးနင်းပြီး မူးယစ်ဆေး လက်နက်တွေနဲ့အတူ အဖွဲ့တာဝန်ရှိသူတွေကိုပါ ဖမ်းဆီးထားတယ်လို့ အဆိုပါဒေသခံက ဆက်ပြောပါတယ်။
“လက်နက်ကတော့များတော့များတယ်။ ဒါပေမဲ့သူတို့တရားဝင်မကြေညာဘူးပေါ့လေ။ ဒီလက်နက်တွေလဲသိမ်းထား တယ်။ နောက် တချို့ဆိုလို့ရှိရင်သူတို့ကတော့ ပြည်သူ့စစ်အနေနဲ့ တော့မပြဘူးပေါ့လေ။ သူတို့ကနာမည် ဖေါ်ပြ ပြီးတော့ သိမ်းဆီးရမိတာ။ သူတို့အဲဒီလိုဘဲပြောတာကိုး။ ဥပမာ ဦးလောက်ဂျာဆို သူကတပ်မဟာမှူးဗျာ။ သူတို့က တပ်မဟာမှူးနာမည်မဖေါ်ပြဘူးလေ။ တနေ့က သူ့အိမ်တအိမ်ထဲကို သူတို့(၁၆)လက်လောက်ဖမ်းမိတာ အဲဒီလိုရှိ တယ်။ ခုလောလောဆယ် လူကြီးပိုင်းကလဲ သူတို့ရမခမှာ ခေါ်ယူထိန်းသိမ်းထားတယ်ပေါ့လေ။”
လက်ရှိမှာကောင်းခါးရွာ အဝင်အထွက်လမ်းတွေကို တပ်မတော်က ပိတ်ထားလိုက်ပြီးတော့ သွားလာမှုတွေကို တင်းတင်းကြပ်ကြပ်စစ်ဆေးမှုတွေလုပ်နေတယ်လို့ ကွတ်ခိုင်ဒေသခံတွေက ပြောပါတယ်။
နယ်မြေရှင်းလင်းရေးလုပ်ရာမှာ မနေ့ကတော့ ကောင်းခါးကျေးရွာဘက်မှာ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ် ပစ္စည်းတစ်မျိုးစုစုပေါင်းခန့်မှန်း တန်ဖိုးငွေကျပ်၂၉ ဘီလီယံ ကျော်ဖမ်းဆီးရတယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့အတွင်းရေးမှူးဗိုလ်မှူးချုပ် ဇော်မင်းထွန်းကပြော ပါတယ်။
“ကွတ်ခိုင်ဘက်မှာကျွန်တော်တို့နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ လွယ်ခမ်ကောင်းခါးရဲ့ အရှေ့ဖက်မိတာ(၁၀၀၀) လောက်မှာ အဆောက်ဦးပျက်တလုံးကနေ WYစိတ်ကြွ ဆေးပြား(၁၃၉)သိန်းကျော်ပေါ့မိတယ်။ ICE(၆၈)ကီလို ကဖင်း က(၄၈၀) ကီလို ဆေးပြား ရိုက်တံ(၁၅၀)ချောင်းပေါ့။ စုစုပေါင်းတန်ဖိုးကတော့ (၂၉.၃၄) ဘီလီယံပေါ့။ ပိုင်ရှင်မဲ့ သိမ်းရ မိတာရှိပါတယ်ဗျ။”
တပ်မတော်ဘက်ကတော့ ကောင်းခါးပြည်သူ့စစ်အဖွဲ့စခန်းကိုထိန်းသိမ်းထားလိုက်တယ်ဆိုတဲ့ မေးခွန်းကို တိုက်ရိုက် ဖြေဆိုတာမျိုးမရှိခဲ့ပေမဲ့ မူးယစ်ဆေးနဲ့ပက်သက်တဲ့ ပြည်သူ့စစ်ခေါင်းဆောင် တချို့ကို စစ်ဆေးမှုရှိနေတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။
“ဟုတ်ကဲ့ ဆက်စပ်မှုရှိတဲ့အနေအထားတော့တွေ့ရပါတယ်။ ဆက်စပ်မှုရှိပါလိမ့်မယ်။ ကျွန်တော်တို့ဒီပါဝင်ပက်သက်မှု ရှိတဲ့လူနဲ့ပက်သက်ပြီး သတင်းပေးရန်ပျက်ကွက်တဲ့သူတွေကို ကျွန်တော်တို့အနေနဲ့က ဥပဒေအရဆောင်ရွက် သွားဖို့တော့ရှိပါတယ်ဗျ။”
လတ်တလောမှာ ထိန်းသိမ်းခံထားရတဲ့ခေါင်းဆောင်ပိုင်းနဲ့ တပ်ဖွဲ့ဝင် ဆယ်ဦးကျော်တယ်လို့ ဒေသခံတွေက ခန့်မှန်း နေကြပါတယ်။
“မုူယစ်ဆေးဝါးထုတ်လုပ်တဲ့သူတိုင်းတွေက လက်နက်ကိုင်နဲ့ပက်သက်တာတွေရှိတယ်။ တပ်မတော်ကတော့ ဖမ်းဆီး ရမိ တဲ့အချိန်မှာ ပိုင်ရှင်မဲ့ဆိုပြီးကြေညာတဲ့ဟာတော့ သူတို့ဂုဏ်သိက္ခာကိုထိပါးမှာကို သူတို့စိုးရိမ်တယ်လို့မြင်မိတယ်။ ဘာဖြစ်လဲဆိုတော့ ပြည်သူ့စစ်ဆိုတာကတပ်မတော်ရဲ့လက်အောက်ခံ လက်နက်ကိုင်အုပ်စုတွေဖြစ်တယ်။
KDA အသွင်ပြောင်း ကောင်းခါးပြည်သူ့စစ်အဖွဲ့ဟာ တပ်မတော်အစိုးရလက်ထက် ၁၉၉၁ တုန်းက ငြိမ်းချမ်းရေး ယူထားတဲ့အဖွဲ့ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၂၈ ရက်ကနေ မတ်လ ၁၅ ရက်နေ့အထိ လက်နက်ခဲယမ်းများ၊ ငွေကျပ် ၂၉၂ ဘီလီယံ တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေကို တပ်မတော်နှင့် လုံခြုံရေး တပ်ဖွဲ့ ဝင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့လဲ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

No comments:

Post a Comment