ရခိုင်ပြည်နယ်အခြေစိုက် နိရဥ္စရာသတင်းဌာနက အကြီးတန်းသတင်းထောက်တစ်ဦးနဲ့ သတင်းထောက် နှစ်ဦး ကို မတ်လ ၃၁ရက် အင်္ဂါနေ့ ညနေပိုင်းက ရဲတပ်ဖွဲ့ကဖမ်းဆီးခေါ်သွားခဲ့ပါတယ်။ လက်ရှိအချိန်မှာ ဖမ်းဆီးခံရသူ တွေကို ဘယ်မှာထားတယ်ဆိုတာကို မသိရသေးဘူးလို့ နိရဥ္စရာသတင်းဌာနက ရုပ်သံအယ်တီတာ ကိုနောင်ခိုင် အောင် ကပြောပါတယ်။နောက်ဆုံးအခြေအနေကို ကိုသက်နိုင်သတင်း ပေးပို့ထား ပါတယ်။
ရခိုင်ပြည်နယ်အခြေစိုက် နိရဥ္စရာသတင်းဌာနက အကြီးတန်းသတင်းထောက်တစ်ဦးနဲ့ သတင်းထောက် နှစ်ဦး ကို မတ်လ ၃၁ ရက်အင်္ဂါနေ့ ညနေပိုင်းက ရဲတပ်ဖွဲ့ကဖမ်းဆီးခေါ်သွားခဲ့တယ်လို့ နိရဥ္စရာသတင်းဌာနက ရုပ်သံအယ်တီတာ ကိုနောင်ခိုင် အောင် ကပြောပါတယ်။
"သတင်းထောက်တွေကို ဖမ်းဆီးသွားတယ်ဆိုတာထက် သတင်းထောက်တွေကို စစ်ဆေးမေးမြန်းဖို့ ခေါ်ယူ သွားတယ်ပေါ့။ သတင်းထောက် ၃ယောက်ပါတယ်။ ကွန်ပြူတာ နှစ်လုံးပါသွားတယ်။ ဝင်စစ်တဲ့ အချိန်ကတော့ ၅နာရီခွဲလောက်မှာ ဝင်စစ်တာ။ အဓိကတော့ အဲဒီကွန်ပြူတာ ထဲမှာ ဘာတွေပါသလဲ တရားဥပဒေနဲ့ မလွတ် ကင်းတဲ့ ဟာတွေ ပါလို့ရှိရင် ဖမ်းမယ်ဆိုတဲ့သဘောပဲ။ တရားဥပဒေနဲ့ မလွတ် ကင်းတဲ့ ဟာတွေမရှိဘူး ဆိုရင်တော့ သူတို့ကို ပြန်လွှတ်ပေးမယ် ဆိုတဲ့သဘောပဲ။"
လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရတဲ့ သူတွေနဲ့ အဆက်အသွယ်မရရှိသေးသလို သူတို့ကို ဘယ်မှာဖမ်းဆီး ထားတယ်ဆိုတာကိုလည်း မသိရသေးဘူးလို့ သူကဆက်ပြောပါတယ်။
"သူတို့လာတာက ဌာနဆိုင်ရာအစုံပေါ့ ရပ်ကွက်လူကြီးရော ရဲရော ပြီးတော့SB ရော အဓိကတော့ ကျနော်တို့က ခွဲခြားလို့တော့မရဘူးပေါ့။ သူတို့က အရပ်ဝတ်တွေနဲ့ လာတယ်ဆိုတော့လေ။ သူတို့ကို ဘယ်မှာထားတယ်ဆို တာကိုတော့မသိရဘူး။ စခန်းကို ခေါ်သွားတယ် အဲဒီမှာပဲ စစ်ဆေးနေတယ်ထင်တယ်။ အယ်တီတာချုပ်တော့ မပါဘူး အဲဒီမှာ အကြီးတန်းသတင်းထောက်တစ်ယောက်နဲ့ အလုပ်သင်သတင်းထောက် နှစ်ယောက်ပါ သွား တယ်။ "
အခုလိုသတင်းထောက်တွေ ဖမ်းဆီးခံရတာနဲ့ ပတ်သတ်ပြီး ကိုနောင်ခိုင်အောင်က အခုလိုဆက်ပြောပါတယ်။
"ကျနော်တို့က ဒီလိုမျိုးမဖြစ်စေချင်ဘူးပေါ့နော်။ ကျနော်တို့ မီဒီယာ သမားတွေဆိုတာလည်း အလုပ်သဘောအရ လုပ်ရတယ်ဆက်သွယ်ရတယ် ဆိုတော့ လေ ဒါက ကျနော်တို့ အလုပ်သဘောအရလုပ်ရတာ။ သတင်းရေးရင် ကျနော်တို့ မီဒီယာကျင့်ဝတ်အရ နှစ်ဖက်မပါတော့ မကောင်းဘူးလေ အဲတာကြောင့် ဒီကိစ္စကို သက်သက်ညှာညှာနဲ့ ကိုင်တွယ်သင့်တယ်လို့ ပြောချင်ပါတယ် ခင်ဗျာ။"
ကပ်ရောဂါဖြစ်ပွားနေချိန်မှာ သတင်းတု၊ သတင်မှားတွေကို တရားဝင်သတင်းဌာနေတွေနဲ့ ပူးပေါင်း တိုက်ဖျက်ရမယ့်အစား အခုလို လုပ်ဆောင်တာဟာ မသင့်လျော်ကြောင်းနဲ့ ဒီမိုကရေစီအသွင်ကူး ပြောင်ရေးကာလနဲ့ မကိုက်ညီတဲ့ တုံ့ပြန်မှုဖြစ်ကြောင်းလည်း သတင်းမီဒီယာကောင်စီက ကြေညာချက် ထုတ်ပြန်ထားပါတယ်။
No comments:
Post a Comment