Sunday, March 29, 2020

မောင်တောတွွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဒုရဲမှူးကြီးတစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးကျဆုံး၊ ရဲအချို့ ဒဏ်ရာရ

မောင်တောတွွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ကားတန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဒုရဲမှူးကြီးတစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးကျဆုံး၊ ရဲအချို့ ဒဏ်ရာရ
ရန်ကုန်၊ မတ် ၂၅
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ ကားတန်းကို မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက မိုင်းဆွဲတိုက်ခိုက်မှု တစ်ရပ်ဖြစ်ပွားခဲ့ပြီး ဒုရဲမှူးကြီးကျော်သူရအပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးခဲ့ကြောင်း ဒေသခံများနှင့်သက်ဆိုင်ရာထံမှ စုံစမ်းသိရှိရသည်။
မတ်လ ၂၄ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်တွင် လိပ်ရကျေးရွာအနီး ကျွန်းပေါက်ပြုစုကျေးရွာ အဝင်တံတားအနီးတွင် မိုင်းခွဲတိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း၊ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ဒုတိယရဲမှူးကြီးကျော်သူရအပါအဝင် ရဲ ၃ ဦး ကျဆုံးကာ တချို့ ဒဏ်ရာရရှိကြောင်း သိရှိရသည်။
ရခိုင်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်ကျော်ဇံကမူ မိုင်းခွဲမှုနှင့်ပတ်သက်ပြီး သတင်းများ ကြားရသော်လည်း အသေးစိတ်မသိရှိကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကမူ ဒုရဲမှူးကြီးကျော်သူရ အပါအဝင် ရဲ ၃ ဦး ကျဆုံးသည်ဆိုသော သတင်းကို အတည်ပြုသော်လည်း အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်းမပြုပေ။
အဆိုပါမိုင်းခွဲတိုက်ခိုက်မှုအတွက် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းကမှ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း တာဝန်ခံ ထုတ်ဖော်ကြေညာခြင်းမရှိသေးပေ။
ဓာတ်ပုံ- ဒုရဲမှူးကြီးကျော်သူရ။ Photo Credit- ဒုရဲမှူးကြီးကျော်သူရ၏ မိတ်ဆွေတစ်ဦးဖေ့စ်ဘုတ်စ်
https://www.facebook.com/khitthitnews/photos/a.386800725090613/880430405727640/?type=3&__xts__%5B0%5D=68.ARCfLTn2CBj0og9FYcNT86yQF3OkIdHCn0MqKwc-p_6dqzb2Lq0PplsF_CXuTJYVfPEz0P2GqpOdpnTStkiTzE1oykjZfx_-p9yaRBwIUXFd46-etrCD5_2hgCroEZz27-mckNlS7pP_LMq8iV6DLB54IzcvAMOhEv7MVjTIGIPERT49Q4Zn5ojWigxEuLCgLMdS5G4mtf3hB1coXq_bBjclMR0ZMImW-Du1NRj976EL4wRggM7gapRaKUQGA7Z4kESBXYTuHyieT9ZQFmxwuY4wKiNwW2eePe9me7EO3Rp0OMPYnGroMOxCOD5TgWduYUd5L3NqDa-g-n6Z4sKSffo&__tn__=-R

No comments:

Post a Comment