Sunday, March 29, 2020

မင်းပြားတွင် တပ်မတော်စစ်ကြောင်းက ကျေးရွာသား ၃ဦးကိုဖမ်းဆီးခေါ်ဆောင်သွားဟု လွှတ်တော်အမတ်ပြော

မင်းပြားတွင် တပ်မတော်စစ်ကြောင်းက ကျေးရွာသား ၃ဦးကိုဖမ်းဆီးခေါ်ဆောင်သွားဟု လွှတ်တော်အမတ်ပြော
ရန်ကုန်၊ မတ် ၂၉
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ် မင်းရွာကျေးရွာတွင် တပ်မတော်စစ်ကြောင်းတစ်ခုက ထင်းခုတ်ရန်သွားသော ကျေးရွာသား ၃ဦးကို မတ်လ ၂၄ရက်နေ့ကဖမ်းဆီးခေါ်ဆောင်သွားကြောင်း မင်းပြားလွှတ်တော် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှသိန်းအောင်ကပြောဆိုသည်။
“ ကျွန်တော့်ကို မင်းရွာက ဒေသခံတစ်ယောက်ကတော့ပြောတယ်။ ၂၄ရက်နေ့တည်းက တပ်မတော်စစ်ကြောင်း ၃ယောက်လို့ပြောတယ်။ ကျွန်တော့်ကို ဖုန်းဆက်ပြီးတော့ တရားဝင်ပြောထားတာပေါ့။ အမျိုးသားတွေလို့ပြောတယ်။ ကျွန်တော်အသေးစိတ်တော့ မသိဘူး” ဟု ၎င်းကပြောဆိုသည်။
ထိုဖမ်းဆီးခံရသူ ၃ဦးမှာ ဦးသန်းကျော် အသက် ၄၈နှစ်၊ ကိုလှထွန်း အသက် ၅ဝနှစ်၊ ကိုသန်းထွန်းအောင် အသက် ၅ဝနှစ်တို့ဖြစ်ကြောင်း မင်းရွာကျေးရွာက ဒေသခံတစ်ဦးကပြောဆိုသည်။
“ သူတို့ကိုဖမ်းသွားတာ ၂၄ရက်နေ့ မနက် ၁ဝနာရီခွဲလောက်မှာ ဖမ်းသွားတယ်။ မင်းပြားအခြေစိုက် တပ်ရင်း ၃၇၉ ကဖမ်းသွားတာ သူတို့က တောထဲကိုထင်ခုတ်သွားတဲ့အချိန်မှာ အဲဒီတပ်မတော် စစ်ကြောင်းနဲ့တွေ့ပြီးတော့ မသင်္ကာတဲ့ ပုံစံမျိုးနဲ့ခေါ်သွားတာ သူတို့ကိုခေါ်သွားတဲ့ အဲဒီစစ်ကြောင်းက ဖုန်သာခွစုံရွာမှာ တစ်ညအိပ်တယ်။ အဲဒီကနေမှ သူတို့ကို ယမုံတံတားနားကိုခေါ်သွားတယ်။ ယမုံတံတားမှာ သူတို့စခန်းရှိပါတယ်။ အဲဒီကနေမှ မင်းပြားမြို့နယ်မှာရှိတဲ့ သူတို့အခြေကျတဲ့ နေရာမှာ ဖမ်းဆီးထားတယ်လို့သိရတယ်။ သူတို့ဆွေးမျိုးတွေ ဒီနေ့လိုက်သွားတယ်။ ဝင်ခွင့်မရဘူး။ တွေ့ခွင့်မရဘူးပြောတယ်” ဟု မင်းရွာကျေးရွာ ဒေသခံတစ်ဦးကပြောဆိုသည်။
ထိုသို့ ဖမ်းဆီးခံရသူများကို တပ်မတော်နှင့် သေချာစိစစ်ပြီး ပြန်လည်လွှတ်ပေးစေကြောင်း၊ မိသားစုများလည်း စိုးရိမ်သောကများဖြင့် ၎င်းတို့ အိမ်အပြန်ကို စောင့်ဆိုင်းနေရကြောင်း၊ ထိုဖမ်းဆီးခံရသူများသည် မင်းရွာကျေးရွာတွင် အခြေချနေထိုင်သော ငယ်မွေးခြံပေါက်များဖြစ်သည်ဟု ဒေသခံများကပြောဆိုသည်။
“ ကျွန်တော်တို့ကတော့ သူတို့လွတ်မြောက်ဖို့အတွက် ကျွန်တော်တို့က လွှတ်တော်ကိုယ်စားလှယ်များ အာဏာပိုင်အဖွဲ့များနှင့် ဆွေးနွေးတိုင်ပင်ပြီးတော့မှ ဘယ်လိုဆက်လုပ်ရမယ်ဆိုတာကို သူတို့ဖက်က အကြံဉာဏ်တောင်းပြီးမှ ကျွန်တော်တို့က ရှေ့ဆက်လုပ်စရာရှိတာတွေ ဆက်လုပ်သွားမယ်” ဟု အဆိုပါ ကျေးရွာဒေသခံတစ်ဦးကဆက်လက်ပြောဆိုသည်။
https://www.facebook.com/khitthitnews/photos/a.386800725090613/883575688746445/?type=3&__xts__%5B0%5D=68.ARAQ8lXNAY_eWG0D9-k0Q_AGfCQkXh5nXD8qUUkj4-Z3h21NAQfWEw38nkKNIc9xA1kONm-so6F04t01b9Oe1uZ21YLwQQVPaTmeNmZ2uhOzCOh1g6dF0aWL4_8aM9-coxT2aODooGaTFiy2actkIKomp6uo3D6EDD-ggozTEPCkNtED3tRAYwkX_PR55vO2q0hH8rrzuUqQZ2sCb3ZP_z2tE6VSwQ33rQoFxfc0mCrDUGvUvtN4jknniJ_IhMClI_KzM9KioxGsuTMwMo81ug9hm4WyMw2XxUK50gdUdDXr0DY0lrXGIsMnVTflVOn41pNJMFQBE3JFcQl46VoNL7M&__tn__=-R

No comments:

Post a Comment