မင်းပြားတွင် AA လက်နက်အဖွဲ့ဝင် ၃ ဦးကို အသေပစ်ခတ်ဖမ်းဆီး
26-Mar-2020
ရန်ကုန်၊ မတ် ၂၆
ရခိုင်ပြည်နယ်မင်းပြားမြို့နယ်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များ၏နေရာကို မိုင်းထောင်ရန်ချဉ်းကပ်လာသည့် AA လက်နက်ကိုင်အဖွဲ့ဝင်၃ဦးကို တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များက အသေပစ်ခတ်ဖမ်းဆီးလိုက်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ချက်အရသိရသည်။
မတ်လ ၂၅ ရက်နေ့ညနေပိုင်းက ရခိုင်ပြည်နယ် ၊ မင်းပြားမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် ရာမောင်တံတား၏ အရှေ့တောင်ဘက် မီတာ ၃၀ဝ၀ ခန့်အကွာတွင် အခြေပြုစဉ် AA လက်နက်ကိုင်အဖွဲ့ဝင် ၃ ဦးက ချဉ်းကပ်လာသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်းသိရသည်။
အဆိုပါနေရာကို သေးစိတ်စစ်ဆေးမှုများပြုလုပ်ရာတွင် အရပ်ဝတ် AA လက်နက်ကိုင်အလောင်း ၃ လောင်းကို မိုင်းထောင်ရာတွင် အသုံးပြုသည့် နှစ်ပင်လိမ်ဝိုင်ယာကြိုး ၃ ကိုက်ခန့် ၊ လက်ကိုင်ဖုန်း ၂လုံး ၊ လွယ်အိတ် ၁ လုံး ၊ ဖုန်းမှတ်တမ်းစာအုပ် ၁ အုပ်နှင့် အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
No comments:
Post a Comment