အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရသည့် AA အဖွဲ့အား လက်ခံထားခြင်းမပြုရန် KIAအဖွဲ့အား တပ်မတော် သတိပေး

အစိုးရအဖွဲ့က အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာထားသော ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) အား လက်ခံထားခြင်းမပြုရန် ကချင်လက်နက်ကိုင်အ ဖွဲ့ (KIA) အား တပ်မတော်က သတိပေး ထားကြောင်း သိရသည်။
ပြီးခဲ့သည့် မတ် ၂၃ ရက်နှင့် ၂၉ ရက် တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး နှင့် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) တို့ တွေ့ဆုံခဲ့ပြီးနောက် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူးက PCG အဖွဲ့မှ တစ်ဆင့်KIA အဖွဲ့အား သတိပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ သတိပေးချက်တွင် AA အဖွဲ့ ကို တပ်မတော်က စစ်ရေးအရ တိုက်ခိုက်သည့် အခါ KIA အဖွဲ့သည်လည်း တိုက်ခိုက်ခံရ နိုင်ကြောင်း အချက်ပါဝင်သည်ဟု သိရပြီး ယင်းကိစ္စနှင့်ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေး မှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “အဓိက ကတော့ ကျွန်တော်တို့ အကြမ်းဖက်ဥပဒေ အရ အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ်ပတ်သက် မှုရှိရင် အားပေးမှုရှိရင် ဒါက အကြမ်းဖက် ဥပဒေနဲ့ အကျုံးဝင်တာပဲ ဖြစ်ပါတယ်။ ဒါ ကြောင့်မို့ သတိပေးရခြင်း ဖြစ်ပါလိမ့်မယ်။ ခုနက ပြောသလိုဟာမျိုးတော့ ဒါတွေကို တော့ ကျွန်တော်တို့ ကြိုတင်သတိပေးရ ပါလိမ့်မယ်” ဟု ပြောကြားသည်။
ထိုသို့ ကြိုတင်သတိပေးရာတွင် အ ကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ် ကြေညာခြင်းခံရသောအဖွဲ့အား လက်ခံခြင်း သာမက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ် စေ အားပေးခြင်းများ၊ လှုံ့ဆော်ခြင်းများသည် လည်း အကြမ်းဖက်ဥပဒေအရ အကျုံးဝင် ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းက ပြောကြားသည်။
“ဒီအကြမ်းဖက်ဥပဒေက အကြမ်းဖက် အဖွဲ့နဲ့ ပတ်သက်ပြီး အကြမ်းဖက် အဖွဲ့လို့ ကြေညာခံထားရပြီးရင် အဲဒီအဖွဲ့နဲ့ပတ် သက်ပြီး လက်ခံတာလောက်ပဲ မဟုတ်ဘူး။ သွယ်ဝိုက်၍ သော်လည်းကောင်း၊ တိုက်ရိုက် သော်လည်းကောင်း အားပေးတာတွေ၊ တိုက် ရိုက်သွယ်ဝိုက်၍သော်လည်းကောင်း လှုံ့ ဆော်တာတွေရှိရင်တောင်မှ အကြမ်းဖက် ဥပဒေနဲ့ အကျုံးဝင်ပါတယ်။ ဒါကြောင့်မို့ သတိပေးခြင်း ဖြစ်ပါလိမ့်မယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
တပ်မတော်ဘက်က AA အဖွဲ့အား လက်ခံထားမှုနှင့်ပတ်သက်၍ KIA ဌာနချုပ်အား တိုက်ခိုက်ခံရနိုင်သည်ဟူသော သတိ ပေးချက်နှင့်ပတ်သက်၍ PCG အဖွဲ့ဝင် ဦး ဆန်းအောင်အား ဆက်သွယ်မေးမြန်းရာ တွင် တစ်ဖက်အဖွဲ့အစည်း၏ အမြင်ကိုလည်း အလေးထားရသည့်အတွက် လက်ရှိ အချိန်တွင် ပြောဆိုရန် မဖြစ်နိုင်သေးကြောင်း ပြန်လည်ဖြေကြားသည်။
သို့သော်လည်း မတ် ၂၉ ရက်တွင် PCG အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးလမိုင်ဂွန်ဂျာ က တပ်မတော်၏ အဆိုပါ သတိပေးချက် နှင့်ပတ်သက်၍ သတင်းမီဒီယာအချို့အား ပြောကြားထားပြီးဖြစ်သည်။
အစိုးရအ နေဖြင့် AA အဖွဲ့အား အကြမ်း ဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့် အတွက် ၎င်းအဖွဲ့အား လက်ခံထားပါက KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့နှင့် KIA ထိန်းချုပ် မှုအောက်ရှိ မိုင်ဂျာယန်တို့ကို တပ်မတော်က တိုက်ခိုက်နိုင်သည်ဟု သတိ ပေးခဲ့ဟု ၎င်း၏ပြောဆိုမှုအရ သိရသည်။
KIA ၊ AA၊ TNLA နှင့် MNDAA တို့သည် အစိုးရနှင့် Bilateral စာချုပ် လက် မှတ်ရေးထိုးနိုင်ရေးအတွက် တွေ့ဆုံဆွေး နွေးမှုများ ပြုလုပ်ထားသော်လည်း ပြေလည် မှုမရရှိသေးဘဲ လက်ရှိအချိန်တွင်လည်း COVID-19 ဗိုင်းရပ်စ်ရောဂါကြောင့် တွေ့ ဆုံဆွေးနွေးနိုင်ခြင်း မရှိသေးဘဲ ဖြစ်နေသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ပလက်ဝမြို့နယ်တို့တွင် ဖြစ်ပွားခဲ့သော တပ်မတော် နှင့် AA တို့၏ တိုက်ပွဲများတွင် AA အဖွဲ့၏ ဆောင်ရွက်ချက်များသည် အစိုးရ၏ အုပ်ချုပ်ရေးယန္တရားနှင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်း စိမ်အား ထိခိုက်စေသည်ဟုဆို ကာ အစိုးရက မတ် ၂၃ ရက်တွင် AA အဖွဲ့ အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာခဲ့သည်။
No comments:
Post a Comment