Monday, February 3, 2020

ဒီမိုကရေစီဖက်ဒရယ်ဖော်ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်နေချိန်တွင် တိုင်းရင်းသားပြည်သူ အားလုံး ပူးပေါင်းဆောင်ရွက်ပေးစေချင်ဟုဆို

တိုင်းပြည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်မြှင့်တင်နိုင်ရန် အတွက် ဆိုလျှင် ဒီမိုကရေစီဖက်ဒရယ် ဖော်ဆောင်ရေးလုပ်ငန်းများ ဆောင်ရွကရန် လိုအပ်နေသည့် အချိန်တွင် တိုင်းရင်းသားပြည်သူအားလုံး မေတ္တာ၊ စေတနာ ဆင်ခြင်တုံတရား သတ္တိ တို့နှင့် ပူးပေါင်းဆောင်ရွက်ပေးစေ ချင်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
ရန်ကုန်မြို့ရှိ ကျိုက္ကဆံအားကစားကွင်း၌ ကျင်းပသည့် သွေးချင်းတို့ရဲ့ပွဲတော်ဆီ ၂၀၂၀ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားစဉ် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ထည့်သွင်းပြောဆို ခဲ့ခြင်းဖြစ်သည်။
“ကျွန်မတို့နိုင်ငံကြီးကို လှပသာယာ အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အဖြစ် ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ဖို့အတွက် ပူးပေါင်းပါဝင်စေချင်ပါတယ်။ ဒီလို ပူးပေါင်းပါဝင်တဲ့နေရာမှာ ကျွန်မတို့ အားလုံးဟာ တစ်ဦးချင်း တစ်ဦးချင်း ကိုယ်ဘာလုပ် ပေးနိုင်မလဲဆိုတဲ့ စိတ်ဓာတ်လည်း ပါဝင်စေချင် ပါတယ်။ ကျွန်မတို့တစ်ယောက်ချင်း တစ်ယောက်ချင်းဟာ ကိုယ်တတ်နိုင်သလောက် ဘယ်လောက်ပဲနည်းနည်း ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးထူထောင်ဖို့ အတွက် ကျွန်မတို့နိုင်ငံမှာ စစ်မှန်တဲ့ ထာဝရ တည်တံ့ခိုင်မြဲမယ့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက် အတတ်နိုင်ဆုံး နည်းနည်း လေး လုပ်ပေးမယ်ဆိုရင် ဒီနည်းနည်းလေး နည်းနည်းလေးတွေပေါင်းခြင်း အားဖြင့် အင်အားအများကြီး ကြီးလာပြီးတော့ ကျွန်မတို့ရဲ့ လိုချင်တဲ့ပန်းတိုင်ကို မကြာခင် ရောက်မယ်လို့ ကျွန်မယုံကြည်ပါတယ်။”ဟု ဒေါ်အောဆန်းစုကြည်ကပြောသည်။
ထို့အတူယုံကြည်ချက်အတိုင်း တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့် စုစည်းပြီး ပြည်ထောင်စုတွင် ငြိမ်းချမ်းရေရရန်အတွက် ကြိုးစားနေကြောင်း ၊ ကြိုးစားမှုကိုလည်း ဝိုင်းဝန်းကူညီကြရန်၊ ထောက်ခံကြရန်၊ နှလုံးသားထဲမှ ထောက်ခံကြရန်၊ နှလုံးသားနှင့် ထောက်ခံရုံမျှမက ဉာဏ်သုံး၍ မည်သို့ အောင်မြင်အောင် လုပ်မည်ကို စဉ်းစားပေးရန် လည်း ၎င်းကပြောသည်။ ယင်းသို့သော ထောက်ခံမှုနှင့် စဉ်းစားဆင်ခြင်တုံ တရား ပူးပေါင်း၍ လက်တွေ့ကျကျ နိုင်ငံတိုးတက်ရန်၊အေးချမ်းရန်၊ဖွံ့ဖြိုးရန်အတွက် ထားဝရ ညီညီညွတ်ညွတ် သာယာသည့် ပြည်ထောင်စုကြီး အဖြစ် တည်ရှိနိုင်ရန်အတွက် အားလုံးကူညီပေးကြရန်လည်း ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံပြောကြား ခဲ့သည်။
The Ladies News
#Unicode
ဒီမိုကရေစီဖက်ဒရယ်ဖော်ဆောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်နေချိန်တွင် တိုင်းရင်းသားပြည်သူ အားလုံး ပူးပေါင်းဆောင်ရွက်ပေးစေချင်ဟုဆို
---- ---- ----
တိုင်းပြည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်မြှင့်တင်နိုင်ရန် အတွက် ဆိုလျှင် ဒီမိုကရေစီဖက်ဒရယ် ဖော်ဆောင်ရေးလုပ်ငန်းများ ဆောင်ရွကရန် လိုအပ်နေသည့် အချိန်တွင် တိုင်းရင်းသားပြည်သူအားလုံး မေတ္တာ၊ စေတနာ ဆင်ခြင်တုံတရား သတ္တိ တို့နှင့် ပူးပေါင်းဆောင်ရွက်ပေးစေ ချင်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
ရန်ကုန်မြို့ရှိ ကျိုက္ကဆံအားကစားကွင်း၌ ကျင်းပသည့် သွေးချင်းတို့ရဲ့ပွဲတော်ဆီ ၂၀၂၀ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားစဉ် ဒေါ်အောင်ဆန်းစုကြည်က ယင်းသို့ ထည့်သွင်းပြောဆို ခဲ့ခြင်းဖြစ်သည်။
“ကျွန်မတို့နိုင်ငံကြီးကို လှပသာယာ အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု အဖြစ် ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ဖို့အတွက် ပူးပေါင်းပါဝင်စေချင်ပါတယ်။ ဒီလို ပူးပေါင်းပါဝင်တဲ့နေရာမှာ ကျွန်မတို့ အားလုံးဟာ တစ်ဦးချင်း တစ်ဦးချင်း ကိုယ်ဘာလုပ် ပေးနိုင်မလဲဆိုတဲ့ စိတ်ဓာတ်လည်း ပါဝင်စေချင် ပါတယ်။ ကျွန်မတို့တစ်ယောက်ချင်း တစ်ယောက်ချင်းဟာ ကိုယ်တတ်နိုင်သလောက် ဘယ်လောက်ပဲနည်းနည်း ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးထူထောင်ဖို့ အတွက် ကျွန်မတို့နိုင်ငံမှာ စစ်မှန်တဲ့ ထာဝရ တည်တံ့ခိုင်မြဲမယ့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက် အတတ်နိုင်ဆုံး နည်းနည်း လေး လုပ်ပေးမယ်ဆိုရင် ဒီနည်းနည်းလေး နည်းနည်းလေးတွေပေါင်းခြင်း အားဖြင့် အင်အားအများကြီး ကြီးလာပြီးတော့ ကျွန်မတို့ရဲ့ လိုချင်တဲ့ပန်းတိုင်ကို မကြာခင် ရောက်မယ်လို့ ကျွန်မယုံကြည်ပါတယ်။”ဟု ဒေါ်အောဆန်းစုကြည်ကပြောသည်။
ထို့အတူယုံကြည်ချက်အတိုင်း တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့် စုစည်းပြီး ပြည်ထောင်စုတွင် ငြိမ်းချမ်းရေရရန်အတွက် ကြိုးစားနေကြောင်း ၊ ကြိုးစားမှုကိုလည်း ၀ိုင်းဝန်းကူညီကြရန်၊ ထောက်ခံကြရန်၊ နှလုံးသားထဲမှ ထောက်ခံကြရန်၊ နှလုံးသားနှင့် ထောက်ခံရုံမျှမက ဉာဏ်သုံး၍ မည်သို့ အောင်မြင်အောင် လုပ်မည်ကို စဉ်းစားပေးရန် လည်း ၎င်းကပြောသည်။ ယင်းသို့သော ထောက်ခံမှုနှင့် စဉ်းစားဆင်ခြင်တုံ တရား ပူးပေါင်း၍ လက်တွေ့ကျကျ နိုင်ငံတိုးတက်ရန်၊အေးချမ်းရန်၊ဖွံ့ဖြိုးရန်အတွက် ထားဝရ ညီညီညွတ်ညွတ် သာယာသည့် ပြည်ထောင်စုကြီး အဖြစ် တည်ရှိနိုင်ရန်အတွက် အားလုံးကူညီပေးကြရန်လည်း ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံပြောကြား ခဲ့သည်။
The Ladies News

No comments:

Post a Comment