Monday, February 3, 2020

ဘင်္ဂါလီအမျိုးသမီးများကို AA တပ်ဖွဲ့ဝင်များက အဓမ္မပြုကျင့်ကာ၊ ရွာကိုမီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း တပ်မတော် သတင်းထုတ်ပြန်

ဘင်္ဂါလီအမျိုးသမီးများကို AA တပ်ဖွဲ့ဝင်များက အဓမ္မပြုကျင့်ကာ၊ ရွာကိုမီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း တပ်မတော် သတင်းထုတ်ပြန်

ဘူးသီးတောင်မြို့နယ်၊ ဘုရားပြင်သိန်းတန်အုပ်စု၊ သိန်းတန်ကျေးရွာတွင် နေထိုင်သော ဘင်္ဂါလီအမျိုးသမီးများကို AA တပ်ဖွဲ့ဝင်များက အဓမ္မပြုကျင့်ပြီး၊ ရွာကိုလည်း မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း တပ်မ တော်မှ သတင်းထုတ်ပြန်သည်။
ဖေဖေါ်ဝါရီလ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်ထဲတွင် သိန်းတန်ရွာ သို့ ဇန်နဝါရီလ ၃၁ ရက် ညနေပိုင်းက AA အကြမ်းဖက် သောင်းကျန်းသူ ၄ ဦး ရောက်ရှိလာပြီး ကျေးရွာတွင် နေထိုင်သော ဘင်္ဂါလီအမျိုးသမီး များအား မဖွယ်မရာ မုဒိန်းကျင့်ပြီး ရိုက်နှက်သဖြင့် ကျေးရွာအတွင်းရှိ ရွာသူရွာသားများက ဝိုင်းဝန်း တားဆီးခဲ့ရာမှ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည် ဟု ဖေါ်ပြထားသည်။
ထိုသို့ဖြစ်ပွားပြီးနောက်တွင် AA တပ်ဖွဲ့ဝင် ၄ ဦး ရွာအတွင်းမှ ပြန်ထွက် သွားခဲ့ကြောင်း၊ ညနေပိုင်းတွင်မူ AA အကြမ်းဖက် သောင်းကျန်သူ ၃၀ ဦး ထပ်မံရောက်ရှိလာပြီး ရွာကို မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ကာ ဝိုင်းပတ်ပိတ်ဆို့ထားသည့်အတွက် ရွာရှိ ရပ်မိရပ်ဖများက တပ်မတော် စစ်ကြောင်းကို စာရေးသားပေးပို့ကာ အကူအညီ တောင်းခံကြောင်း ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ပြုလုပ်ခဲ့သော တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့ပြီး အကူအညီ တောင်းခံစာကိုလည်း မီဒီယာများကို ဖတ်ပြခဲ့သည်။
တပ်မတော်စစ်ကြောင်းများ အနေဖြင့် အကူအညီတောင်းခံစာ ရလျှင်ရချင်း ၎င်းနေ့ညနေပိုင်းတွင် စနစ်တကျ စုဖွဲ့ပြီး လုံခြုံရေး အထူးဂရုစိုက်ကာ လုံခြံုရေးတပ်ဖွဲ့ဝင်များနှင့်အတူ ဖြစ်စဉ်ဖြစ်ပွားရာ ကျေးရွားသို့ ချက်ချင်း သွားရောက်ခဲ့ရာ ဖေဖေါ်ဝါရီလ ၂ ရက် နံနက်အစောပိုင်းတွင် ရောက်ရှိခဲ့ပြီး ဦးစွာ အကြမ်းဖက်ခံရသူများကို လိုအပ်သည့် ကျန်မားရေး စောင့်ရှောက်မှုများ ဆောင်ရွက် ပေးသည်ဟု တပ်မ တော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက `တပ်မ တော်စစ်ကြောင်း မရောက်ခင်မှာ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ ည ၈ နာရီလောက်မှာ ကျေးရွာကို ထပ်ရောက် လာတယ်။ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ၊ မျက်မြင်သက်သေ အမျိုးသမီးရယ် ကျေးရွာ ဆယ်အိမ်မှူး လေးယောက်ကို ထပ်ဖမ်းတယ်။ ဖမ်းပြီးတော့ကျတော့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး AA အကြမ်းဖက် သောင်းကျန်သူတွေရဲ့ အကြမ်းဖက် လုပ်ဆောင်မှု မဟုတ်ပါဘူး ဆိုတာကို ပြောခိုင်းတယ်။ သူတို့ကို ရွာသားတွေက ပြောခိုင်းလို့ သူတို့ပြောရတာပါ ဆိုပြီးတော့ အတင်းအကျပ်ပြောခိုင်းတယ်။ အဲဒါကို ဗွီဒီယို မှတ်တမ်းတင်တယ်။ အဲလိုမှ လုပ်မပေးဘူးဆိုရင် သူတို့ သိန်းတန်ကျေးရွာ တစ်ခုလုံးကို မီးရှို့မယ်။ တစ်ရွာလုံး သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်` ဟု ပြောကြားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး The Ladies News က AA မှ ပြောရေး ဆိုခွင့်ရှိသူ ခိုင်သုခထံသို့ ဆက်သွယ် မေးမြန်းသော်လည်း ယခု သတင်းရေးသားနေသော အချိန်အထိ ဆက်သွယ်၍ မရသေးပေ။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲများ နေ့စဉ်ရက်ဆက် ဆိုသလို ဖြစ်ပွားနေသည်မှာ တစ်နှစ်ကျော် ကြာပြီဖြစ်ပြီး တိုက်ပွဲ များကြာင့် ဒေသခံအရပ်သားများ ထိခိုက်ဒဏ်ရာရ သေဆုံးမှုများလည်း ရှိနေကာ၊ စစ်ဘေးရှောင် ဦးရေမှာလည်း တစ်သိန်းကျော်အထိ ရှိလာနေကြောင်း အရပ်ဖက်အဖွဲ့အစည်းများ၏ စာရင်းများအရ သိရသည်။
အောင်ရဲနောင်
The Ladies News
#Unicode
ဘင်္ဂါလီအမျိုးသမီးများကို AA တပ်ဖွဲ့ဝင်များက အဓမ္မပြုကျင့်ကာ၊ ရွာကိုမီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း တပ်မတော် သတင်းထုတ်ပြန်
--- --- ---
ဖေဖေါ်ဝါရီလ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်ထဲတွင် သိန်းတန်ရွာ သို့ ဇန်နဝါရီလ ၃၁ ရက် ညနေပိုင်းက AA အကြမ်းဖက် သောင်းကျန်းသူ ၄ ဦး ရောက်ရှိလာပြီး ကျေးရွာတွင် နေထိုင်သော ဘင်္ဂါလီအမျိုးသမီး များအား မဖွယ်မရာ မုဒိန်းကျင့်ပြီး ရိုက်နှက်သဖြင့် ကျေးရွာအတွင်းရှိ ရွာသူရွာသားများက ၀ိုင်းဝန်း တားဆီးခဲ့ရာမှ ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည် ဟု ဖေါ်ပြထားသည်။
ထိုသို့ဖြစ်ပွားပြီးနောက်တွင် AA တပ်ဖွဲ့ဝင် ၄ ဦး ရွာအတွင်းမှ ပြန်ထွက် သွားခဲ့ကြောင်း၊ ညနေပိုင်းတွင်မူ AA အကြမ်းဖက် သောင်းကျန်သူ ၃၀ ဦး ထပ်မံရောက်ရှိလာပြီး ရွာကို မီးရှို့ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ကာ ဝိုင်းပတ်ပိတ်ဆို့ထားသည့်အတွက် ရွာရှိ ရပ်မိရပ်ဖများက တပ်မတော် စစ်ကြောင်းကို စာရေးသားပေးပို့ကာ အကူအညီ တောင်းခံကြောင်း ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ပြုလုပ်ခဲ့သော တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ သတင်းစာ ရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့ပြီး အကူအညီ တောင်းခံစာကိုလည်း မီဒီယာများကို ဖတ်ပြခဲ့သည်။
တပ်မတော်စစ်ကြောင်းများ အနေဖြင့် အကူအညီတောင်းခံစာ ရလျှင်ရချင်း ၄င်းနေ့ညနေပိုင်းတွင် စနစ်တကျ စုဖွဲ့ပြီး လုံခြုံရေး အထူးဂရုစိုက်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်အတူ ဖြစ်စဉ်ဖြစ်ပွားရာ ကျေးရွားသို့ ချက်ချင်း သွားရောက်ခဲ့ရာ ဖေဖေါ်ဝါရီလ ၂ ရက် နံနက်အစောပိုင်းတွင် ရောက်ရှိခဲ့ပြီး ဦးစွာ အကြမ်းဖက်ခံရသူများကို လိုအပ်သည့် ကျန်မားရေး စောင့်ရှောက်မှုများ ဆောင်ရွက် ပေးသည်ဟု တပ်မ တော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်ထဲတွင် ဖေါ်ပြထားသည်။
ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက `တပ်မ တော်စစ်ကြောင်း မရောက်ခင်မှာ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ ည ၈ နာရီလောက်မှာ ကျေးရွာကို ထပ်ရောက် လာတယ်။ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ၊ မျက်မြင်သက်သေ အမျိုးသမီးရယ် ကျေးရွာ ဆယ်အိမ်မှူး လေးယောက်ကို ထပ်ဖမ်းတယ်။ ဖမ်းပြီးတော့ကျတော့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး AA အကြမ်းဖက် သောင်းကျန်သူတွေရဲ့ အကြမ်းဖက် လုပ်ဆောင်မှု မဟုတ်ပါဘူး ဆိုတာကို ပြောခိုင်းတယ်။ သူတို့ကို ရွာသားတွေက ပြောခိိုင်းလို့ သူတို့ပြောရတာပါ ဆိုပြီးတော့ အတင်းအကျပ်ပြောခိုင်းတယ်။ အဲဒါကို ဗွီဒီယို မှတ်တမ်းတင်တယ်။ အဲလိုမှ လုပ်မပေးဘူးဆိုရင် သူတို့ သိန်းတန်ကျေးရွာ တစ်ခုလုံးကို မီးရှို့မယ်။ တစ်ရွာလုံး သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်` ဟု ပြောကြားသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး The Ladies News က AA မှ ပြောရေး ဆိုခွင့်ရှိသူ ခိုင်သုခထံသို့ ဆက်သွယ် မေးမြန်းသော်လည်း ယခု သတင်းရေးသားနေသော အချိန်အထိ ဆက်သွယ်၍ မရသေးပေ။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA တို့ တိုက်ပွဲများ နေ့စဉ်ရက်ဆက် ဆိုသလို ဖြစ်ပွားနေသည်မှာ တစ်နှစ်ကျော် ကြာပြီဖြစ်ပြီး တိုက်ပွဲ များကြာင့် ဒေသခံအရပ်သားများ ထိခိုက်ဒဏ်ရာရ သေဆုံးမှုများလည်း ရှိနေကာ၊ စစ်ဘေးရှောင် ဦးရေမှာလည်း တစ်သိန်းကျော်အထိ ရှိလာနေကြောင်း အရပ်ဖက်အဖွဲ့အစည်းများ၏ စာရင်းများအရ သိရသည်။
အောင်ရဲနောင်
The Ladies News

No comments:

Post a Comment