ကျောက်တော်တွင် ကျည်ထိ၍ အမျိုးသမီး ၁ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ၊ ရသေ့တောင်တွင် အိမ်တစ်လုံး မီးရှို့ဖျက်ဆီးခံရပြီး ကျောင်းဆရာမတစ်ဦး ကျည်ထိဟုဆို
ရန်ကုန်၊ ဖေဖော်ဝါရီ ၃
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့တွင် ယနေ့ နံနက် ပိုင်း မြို့ထဲသို့ လက်နက်ကြီးထိမှန်၍ အမျိုးသမီး တစ်ဦး သေဆုံးပြီး အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ရခိုင်တပ်မတော် AA က သတင်းထုတ်ပြန်သည်။
AA၏ သတင်းထုတ်ပြန်ချက်တွင် ကျောက်တော်မြို့နယ်၊မဟာကံကြီးရှင်ဘုရားတွင်လချီကြာမြင့်စွာစခန်းချနေထိုင်နေသော မြန်မာ့တပ်မတော်၏ တပ်မ (၅၅) မှ အင်အား(၂၃၀) ခန့်ပါ စစ်ကြောင်းတစ်ခုသည် ကျောက်တော်မြို့ထဲကိုလက်နက်ကြီးငယ်များဖြင့် ဖေဖော်ဝါရီလ(၃) ရက်နေ့ နံနက်(၈) နာရီခန့်အချိန်တွင်ပစ်ခတ်သောကြောင့်အရပ်သား(၃)ဦးပြင်းထန်ဒဏ်ရာရပြီးအမျိုးသမီးတစ်ဦးသေဆုံးခဲ့ကြောင်း AAက သတင်းထုတ်ပြန်သည်။
သေဆုံးသူအမျိုးသမီးမှာဦးကျော်လှမောင်၏ သမီး အသက်(၂၄) နှစ်အရွယ်ရှိသော ဒေါ်အေးအေးခိုင် ဖြစ်ပြီးတပ်မ(၅၅) မှပစ်ခတ်တိုက်မှုကြောင့် ဦးခေါင်း နှင့် ညာဖက်ပေါင်ရင်းတွင်ထိမှန်ပြီးသေဆုံးခဲ့ရခြင်းဖြစ်သည်။ သားတစ်ယောက်၊သမီးတစ်ယောက်၏မိခင်လည်းဖြစ်သည်။
ထို့အတူ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်၊ လမ်း(၅) တွင်နေထိုင်သူ အသက် (၆၁) နှစ်အရွယ်ရှိဦးစောမောင်လှ/အဖဦးမောင်ရွှေခိုင်၏သားတွင်လည်း ညာဖက်လက်မောင်းဆုံ နှင့် ကျောကုန်းတွင် လည်းကောင်း၊ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်၊ လမ်း(၅) တွင်နေထိုင်သည့် အခြားတစ်ဦးဖြစ်သော ဦးသောက်ကြာဖြူ၏သား အသက်(၄၇) နှစ်အရွယ် ဦးကျော်သိန်းထွန်း ၏လိင်အင်္ဂါ နှင့် ဆီးခုံ တွင်လည်းကောင်း၊ ကျောက်တော်မြို့နယ်၊ ဘိုမင်းရွာဇာတိ၊ပိုက်သည် ကစ္ဆပရပ်ကွက်တွင်အလုပ်လုပ်နေသော ဦးထွန်းချေ၏သား အသက်(၁၇) နှစ်အရွယ်ရှိ၊ စည်ပင်ဝန်ထမ်း မောင်စောဖြူ၏ညာဖက်တင်သားတွင်လည်းကောင်း အသီးသီးဒဏ်ရာရရှိခဲ့ကြကြောင်းသိရှိရသည်။
အလားတူ ရသေ့တောင်မြိုနယ်အတွင်းရှိ မျက်တောင်ကျေးရွာ အနီးတွင် ဖေဖော်ဝါရီလ ၂ရက်နေ့က တပ်မတော် နှင့်ရခိုင့်တပ်မတော်(AA)တို့တိုက်ပွဲဖြစ်ပြီးနောက် တပ်မတော်သား အင်အား၃၀၀ခန့်က ရေမျက်ကျေးရွာ ရွာဟောင်းသို့ ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ်တစ်လုံး မီးလောက်ပျက်စီးခဲ့သည်ဟု မယူကမ်းဒေသဖွံဖြိုးရေးအသင်း ဥက္ကဌက ဦးစိုးဝင်းကပြောသည်။
“ဟုတ်တယ်စစ်တပ်ကနေအိမ်တစ်လုံးမီးရှို့သွားတယ်။ အဲဒီမှာစစ်တပ်ကဝင်လာပြီးတော့ ရွာထိပ်ကအိမ်ကို မီးရှို့ပြစ်ခဲ့တယ်။ အိမ်ကတော့ တစ်အိမ်ပဲရေမျက်ကျေးရွာဆိုတာက ရွာဟောင်းရွာသစ်ရှိတယ်။ရွာဟောင်းမှာ အိမ်တစ်အိမ်တော့ မီးရိူ့ခံရတယ်။ အဲဒီလောက်ပဲသိတယ်။ ဘယ်တပ်ကလည်း ဆိုတာကတော့မသိဘူး။ အင်အား၃၀၀၀န်းကျင်လောက်ရှိတယ်လို့ပြောတယ်။ လက်ရှိကတော့ စစ် ကြောင်းကတော့ မရှိတော့ဘူး။ အဲဒီနေကဝင်လာပြီးတော့ပြန်ထွက်သွားတယ်။ ထိခိုက်ဒဏ်ရာတော့မရှိဘူး။” ဟုလို့ ဦးစိုးဝင်းကပြောသည်။
ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က“အဲဒီရွာမှာလူတွေကတော့မရှိတော့ဘူး။ ရွာကနှစ်ရွာပါ။ ဒီဘက်မှာကအိမ်ခြေတစ်ရာလောက်ရှိတယ်။အဲဒီမှာ အိမ်နှစ်အိမ်လောက်မီးရိူ့ခံရတယ်လို့ ပြောတာပဲအဲဒီရွာသားတွေက အဲဒီရွာမှာတော့ထိခိုက်ဒဏ်ရာတော့ မရှိဘူး။ တစ်ခြားရွာတွေမှာတော့ရှိတယ်။ မြင်တဲ့လူတွေ သွားကြည့်တဲ့ လူတွေရှိတယ်။ အဲဒီရွာနဲ့အနီးနားက ရွာတွေမှာတော့ လူတွေမရှိဘူး။ တစ်ချို့မပြေးနိုင်တဲ့ သက်ကြီးရွယ်အို နည်းနည်းနဲ့ အမျိုးသမီးအကြီး တွေပဲရှိတယ်။ အဲဒီဒေသခံတွေတော့ ပြောတာပဲ ရေမျက်လေ ရေမျက်က ရွာနှစ်ရွာရှိတာကို တိုက်ပွဲဖြစ်တာတော့ အဲဒီရွာတော့မဟုတ်ဘူး။ တိုက်ပွဲဖြစ်ပြီး အဲဒီရွာထဲကိုဝင်တာပါ။ ညနေ ၆နာရီလောက်မှ ဝင်တာလို့ပြောတယ်။ ဖြစ်တာကတော့ အစောပိုင်းလေ မျက်တောင်ရွာနဲ့ ရွာတစ်ဝိုက်မှာ ဖြစ်တာ” ဟု ဦးခင်မောင်လတ်ကပြောသည်။
ရခိုင်မျိုးနွယ်စုများအစည်းအရုံး(REC) ကလည်း ရသေ့တောင်မြို့နယ်၊ အမျက်တောင်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားပြီးနောက် ယင်းကျေးရွာနှင့် (၁) မိုင်ခန့်ဝေးသော ရေမျက်ရွာဟောင်း ကျေးရွာသို့ မြန်မာစစ်တပ်မှ စစ်ကြောင်းတစ်ကြောင်းဝင်ရောက်လာပြီး နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း REC မြေပြင်အခြေစိုက် စောင့်ကြည့်ရေးအဖွဲ့ဝင်၏ သတင်းပေးပို့ချက်အရ သိရသည်ဟု ၎င်း၏ Facebook စာမျက်နှာတွင် ထုတ်ပြန်ထားသည်။
ထို့ပြင် ရသေ့တောင်ရခိုင်ပြည်နယ်မြောက်ပိုင်း၊ရသေ့တောင်မြို့နယ်၊သမီးလှတန်း ကျေးရွာအတွင်းသို့ ယနေ့ညပိုင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းဆရာမတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊လက်နက်ကြီးထိမှန်ခံရသူ ကျောင်းဆရာမ ဒေါ်ခင်ဌေးဝင်း ရသေ့တောင်မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
တပ်မတော်သတင်းနှင့်ပြန်ကြား ရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့ကို ရန်ကုန်ခေတ်သစ်သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းပြန်လည်ဖြေဆိုခြင်းမရှိပါ။
https://www.facebook.com/khitthitnews/photos/a.386800725090613/843753829395298/?type=3&__xts__%5B0%5D=68.ARAs4sUbfVM2hjBUVp7t-E0xW5TqHGip-jsqT94XDtjNnMrKi7BgyKGtQMh9vljs0naLPXoUQlWnAvxDHQSBzZmp3lMbTZ1LvJbTs7LAvC9Hr0u6voJcT9f6ARSsS3HO2BDAcrn70dT7hKyliP-J_hyVOROGdXVP2dF2v0vf_MODyaB6SVtfTr8Rg0AUjTOQ5IWuys01DgDV_owS9A7k9l6SR_ntIfA9AL1T5ESLyMtaxbsnbcuYhrQBTAvdYmQ0zFqpDY15jWT12BHcbWq_nyRvtLqcN5O6I97Jv-0BK7pZhfhH3WSTDtQVzOkmHC3agoR4LzOoA36tyf0G_1l-qSo&__tn__=-R
No comments:
Post a Comment