Monday, February 3, 2020

မြဝတီမြို့ရှိ နေအိမ်တစ်အိမ်တွင် မိုင်းပေါက်ကွဲပြီး အမျိုးသားနှစ်ဦးဒဏ်ရာရ

မြဝတီမြို့ရှိ နေအိမ်တစ်အိမ်တွင် မိုင်းပေါက်ကွဲပြီး အမျိုးသားနှစ်ဦးဒဏ်ရာရ
03-Feb-2020
ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ထိုင်း- မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့၊ (၄) ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီး၊ မင်းပဒုံမာဝန်း၊ အာရှလမ်းဘေးရှိ နေအိမ်တစ်အိမ်တွင် ဖေဖော်ဝါရီ ၃ ရက်၊ နံနက် ၇ နာရီခွဲအချိန်ခန့်က ယမ်းအားပြင်း မိုင်း၂ လုံးပေါက်ကွဲပြီး အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အရှေ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) တိုင်းဦးစီး ဗိုလ်မှူးကြီး မောင်မောင်လတ်က အတည်ပြုပြောကြားသည်။

“အိမ်ရှင်အမျိုးသားက မိုင်းစထိပြီး ပေါင်မှာဒဏ်ရာရတယ်။ နယ်မြေကတော့ အေးအေးချမ်းချမ်းပါဘဲ။ အခုလိုဖြစ်တာကလည်း သူတို့ပုဂ္ဂိုလ်ချင်း တစ်ခုခုရှိမယ်ထင်ပါတယ်။ ဒီကိစ္စကိုစုံစမ်းနေပါတယ်။”ဟု ၎င်းကဆိုသည်။

အိမ်ရှင်ဖြစ်သူ ဦးစောတင်မြင့်သည် ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ဗိုလ်မှူးဟောင်းတစ်ယောက်ဖြစ်ကြောင်း သတင်းထွက်ပေါ်လျက်ရှိသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဗိုလ်မှူးကြီး မောင်မောင်လတ်က “အိမ်ရှင်ကလည်း အရပ်သားပါဘဲ။” ဟု မှတ်ချက်ပေးသည်။

အိမ်ရှင်ဖြစ်သူ ဦးစောတင်မြင့်သည် ဝရန်တာထွက် ဆေးလိပ်သောက်နေစဉ် ဝရန်တာတိုင်ဘေးရှိ အမဲရောင်ပလက်စတစ်အိတ်ဖြင့် ထုပ်ထားသည့်အထုပ်ကို တွေ့ရှိသည့်အတွက် လွှင့်ပစ်ရာ ပေါက်ကွဲခဲ့ပြီး စက္ကန့်ပိုင်းအကြာတွင် အဆိုပါနေရာရှိ ကြိမ်ကုလားထိုင်ခုံပေါ်ရှိအထုပ်မှာလည်း ထပ်မံပေါက်ကွဲခဲ့ကြောင်း ယင်းမြို့ရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။

ယင်းပေါက်ကွဲမှုကြောင့် အိမ်ရှင် ဦးစောတင်မြင့်မှာ ဝဲဘက်ပေါင်တွင် ဒဏ်ရာရရှိပြီး ၎င်း၏မိတ်ဆွေဖြစ်သူ ဦးစိန်လင်းမှာ ဝဲဘက်ခြေသလုံးဒဏ်ရာရရှိခဲ့သည့်အတွက် မြဝတီခရိုင်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိသည်။

အဆိုပါမိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အဆိုပါနေရာကို မြဝတီမြို့နယ် အုပ်ချုပ်ရေးမှူးအဖွဲ့၊ မြဝတီခရိုင်ရဲတပ်ဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့များက စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်မှူးကြီး မောင်မောင်လတ်က ထပ်လောင်းပြောကြားသည်။
http://thevoicemyanmar.com/news/39399-mai

No comments:

Post a Comment