ရခိုင်လူငယ်ညီလာခံAYC ဗဟိုကော်မတီဝင် ကိုကျော်လှ ပြန်လွတ်မြောက်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
ရခိုင်လူငယ်ညီလာခံAYC ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သည့် ကိုကျော်လှသည် ယမန်နေ့ က တပ်မတော်၏ ဖမ်းဆီးမှုခံရပြီးနောက် ယနေ့တွင် ပြန်လည် လွတ်မြောက်လာကြောင်း AYC ထံမှ သိရှိရသည်။
ကိုကျော်လှကို တပ်မတော်က ပလက်ဝမြို့နယ် မီးဝကျေးရွာအနီး စက်လှေပေါ်မှ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ပြီး တစ်ရက်အကြာတွင် ပြန်လည် လွတ်မြောက်လာခြင်းဖြစ်သည်။
ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေ ၃ နာရီက စက်လှေများဖြင့် သွားရောက်နေစဉ် တပ်မတော်က တားဆီးပြီး ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ စက်လှေပေါ်ပါ ဆန်အိတ်များကိုလည်း သိမ်းဆည်းထားကြောင်း သိရှိရသည်။
"အခု သူပြန်လွတ်တာကို ကျနော် ၇၅ ရာခိုင်နှုန်း အတည်ပြုနိုင်တယ်။ အခုက သူနဲ့ စကားမပြောရသေးဘူး။ လွတ်တာကိုတော့ အတည်ပြုနိုင်ပါတယ်။ သူ ကျောက်တော်မှာ ရှိနေပါတယ်။ သူနဲ့ အနီးဆုံးမှာရှိတဲ့သူဆီက သတင်းရတာပါ။ အတည်ပြုလို့ရပါတယ်" ဟု AYC မှ လူငယ်ခေါင်းဆောင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
https://www.facebook.com/khitthitnews/photos/a.386800725090613/861895807581100/?type=3&__xts__%5B0%5D=68.ARBoeli1b8qL8MTrud68xwVI8uS0uap89zEy42ooEYxNsYA-gJ2yg_gaxTTeWtyEzlRgUelUthlcasUAcCxD0JLtE886E8hRbnN-px3yTSVBbATtYIm_KXC4TC_4cCOwcoJY4rioBP5FtwvxLn-Le7LTR4w_7c8rE-yX7PSDUi-4weD8rNygdyUF2wlSOypbTyBmo_oS0r5YYysVQ8f_d7fmMqde0ZcoJO48wksAiJVZ_BsUzPDFQRMhm89RtS0qR3lKR85Cxcb9PVZyri5LRXnV8JnygmP-FmR392LkJ_DejOvTgQ1WWSvDxlRJMnpUQ93KHRQxpRcYXA0UXS1C6pc&__tn__=-R
No comments:
Post a Comment