Tuesday, June 1, 2021

 

မိုးကုတ်မြို့က ပန်းရံဆရာ ၁ ဦး ဖမ်းဆီးခံရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ပန်းမရပ်ကွက်နေ အမျိုးသား ၁ ယောက်ကို  ဇွန်လ ၁ ရက်နေ့ည ၉ နာရီဝန်းကျင်မှာအကြမ်းဖက်စစ်အုပ်စုက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖမ်းဆီးခံရသူဟာ အသက် ၅၀ ကျော်အရွယ် ဦးအောင်ဒင်ဖြစ်ပြီး   ပန်းရံဆရာတစ်ယောက်လို့လည်း သိရပါတယ်။

ဦးအောင်ဒင်နဲ့အဖွဲ့က ရပ်ကွက်အတွင်းမှာ ဆန်ဝေတာကြောင့် အဖမ်းခံရတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောကြပြီး အရင်ကလည်း သူတို့အဖွဲ့ထဲကတစ်ယောက် ဖမ်းခံရဖူးတယ်လို့ သိရပါတယ်။

ဦးအောင်ဒင်ကို အကြမ်းဖက်စစ်အုပ်စုက စစ်မေးစရာရှိလို့ဆိုပြီး နေအိမ်မှာ လာရောက်ခေါ်သွားတာဖြစ်တယ်လို့ဆိုပါတယ်။

မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်အုပ်စုက ရပ်ကွက်လမ်းတွေကို အရပ်ဝတ်နဲ့ ဆိုင်ကယ်စီးပြီး သေနတ်ကိုင်ကာ လှည့်ပတ်နေပါတယ်။

http://burmese.dvb.no/archives/467550

No comments:

Post a Comment