Wednesday, June 30, 2021

 

ပေါင်းတည်မြို့တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်မြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်လတ် (ခ) ဇော်လတ် ဒီနေ့မနက်ပိုင်းက သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

အသက် ၄၅ နှစ်အရွယ် ဦးအောင်ဇော်လတ်ဟာ ရွာကနေ ပေါင်းတည်မြို့ဘက်ကို ဗျူဟာလမ်းအတိုင်း လင်မယားနှစ်ယောက်ဆိုင်ကယ်နဲ့ လာစဉ် အဂ္ဂရာပြည့်ကျေးရွာနားမှာ ဦးခေါင်းကို သေနတ်နဲ့ ၂ ချက်ပစ်သတ်ခံရတာဖြစ်ပြီး သူ့အမျိုးသမီးကတော့ လွတ်မြောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပေါင်းတည်မြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရတာဟာ ပထမဦးဆုံးလို့ သိရပါတယ်။

http://burmese.dvb.no/archives/472579

No comments:

Post a Comment