Tuesday, June 1, 2021

 

မိုးကုတ်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၅ ဦးဖမ်းဆီးခံရ

မန္တလေးတိုင်း၊ မိုးကုတ်မြို့ ၊ ပြောင်ခေါင်းဒေသမှာ ဇွန်လ ၂ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၅ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက နေအိမ်တွေမှာ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဒီမနက်အစောပိုင်းက အုပ်ချုပ်ရေးမှူးဟောင်း ဦးမောရှေကို ဖမ်းဆီးပြီးနောက်ပိုင်းမှာ ထပ်မံလာရောက်ဖမ်းဆီးတာဖြစ်တယ်လို့ ဆိုပါတယ်။  ဦးမောရှေကို အကြမ်းဖက်စစ်အုပ်စုက ရိုက်နှက်ထားတယ်လို့သိရပြီး ဒီနေ့ ဖမ်းခံရသူတွေက ကျေးရွာအတွင်းက ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သူတွေလို့ သိရပါတယ်။

​အဖမ်းခံရသူထဲမှာ အကြမ်းဖက်စစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးရဲ့ သားပါ ပါတယ်လို့လည်း  ဒေသခံတွေက ပြောပါတယ်။

http://burmese.dvb.no/archives/467700

No comments:

Post a Comment