ဆေးတက္ကသိုလ်(မကွေး)မှ ကျောင်းသား/သူ သုံးဦး ဖမ်းဆီးခံရပြီး ၁၂၁ ရက်အကြာ ပြန်လွတ်
By The Standard Time Daily -June 30, 2021
Share on Facebook
ဆေးတက္ကသိုလ်(မကွေး)မှ ဖမ်းဆီးခံထားရသော ကျောင်းသား၊ကျောင်းသူ သုံးဦး ဖမ်းဆီးခံရပြီး ၁၂၁ ရက်အကြာ ယမန်နေ့(ဇွန် ၂၉ရက်)က ပြန်လည်လွတ်မြာက်လာကြောင်း ဆေးတက္ကသိုလ်-မကွေး ကျောင်းသားများသမဂ္ဂထံမှ သိရသည်။
ဆေးတက္ကသိုလ်(မကွေး)မှ မသွယ်ရတီသီဦး၊ ကိုမင်းသိမ်းကျော်နှင့် ကိုစည်ဟိန်းတို့သည်(ဖေဖော်ဝါရီ ၂၈ ရက်)က မကွေးမြို့ ပင်မသပိတ်၌ ဖြိုခွင်းခံရရာမှ ဖမ်းဆီးပုဒ်မတပ်ခံခဲ့ရခြင်းဖြစ်ကြောင်း ကျောင်းသားသမဂ္ဂ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ကျောင်းသား၊ ကျောင်းသူ သုံးဦးစလုံးကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယမန်နေ့ ၁၃ ကြိမ်မြောက်ရုံးချိန်းမှသာ ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း၊ သုံးဦးစလုံး ကျန်းမာလျက်ရှိကြောင်းသိရသည်။
http://sdtimedaily.com/2021/06/30/noah01-125/
No comments:
Post a Comment