Monday, May 31, 2021

မြို့နှစ်မြို့ကို စစ်ကောင်စီက လေယာဉ်နှင့် ဗုံးကြဲ

 မြို့နှစ်မြို့ကို စစ်ကောင်စီက လေယာဉ်နှင့် ဗုံးကြဲ


သတင်းနှင့် မီဒီယာ ကွန်ရက်။

၂၀၂၁ ခုနှစ်၊ မေလ ၃၁ ရက်။


စစ်ကိုင်းတိုင်းဒေသကြီးရှိ ကသာမြို့နှင့် ကချင်ပြည်နယ်အတွင်းက ရွှေကူမြို့များထဲသို့ စစ်ကောင်စီ တပ်က လေ ယာဉ်ဖြင့် ဗုံးကြဲခဲ့သည်ဟု ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူများက ပြောသည်။


မေလ ၃၁ ရက်နေ့ (ယနေ့) တွင်း အဆိုပါမြို့နှစ်မြို့ထဲသို့ ပထမဆုံးအကြိမ် လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်း ဖြစ်သည် ဟု ပြောသည်။


ကသာမြို့က လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ဒီနေ့ကတော့ တိုက်ပွဲက မဖြစ်ဘူး။ လေယာဉ် နဲ့ သူတို့ကလာပစ်သွားတာ။ ဒီနေ့ လေယာဉ်လာပစ်တဲ့အချိန်က ကျနော်တို့ ၄ နာရီလောက်နော်၊ ၄ နာရီခွဲအချိန် လောက်ကို ပစ်သွားတာ။ နှစ်လုံးတည်းတခါတည်းပစ်ပြီး ဝဲပြီး ပြန်သွားလိုက်တာ။ ဘုန်းကြီးကျောင်း နောက်ပေါ့ လာ ပစ် သွားတာ။ မြေနုတောရကျောင်း၊ ဒေဝါရာမနီကျောင်း ဘက်မှာ လာပစ်သွားတာပါ။ လူတွေတော့ မထိခိုက် သွားဘူး။ လောလောဆယ် အနေအထားက ဘယ်သူမှ မထိခိုက်ဘူး။ ပြည်သူတွေက လေယာဉ်တွေလာတာနဲ့ တောထဲဝင်ပြီး ပုန်းနေလိုက်တာလေ” ဟု ပြောသည်။


ကသာ ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့အကြား ယမန်နေ့က ဖြစ်ပွားခဲ့သော်လည်း ယနေ့တွင် တိုက်ပွဲတစ်စုံတစ်ရာမရှိပဲ လေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများ က ပြောသည်။


“မြေပြင်အခြေအနေအရတော့ တိုက်ပွဲတွေဖြစ်တာပေါ့။ မနေ့ကတော့ ဘယ်အချိန်မှာဖြစ်သလဲဆိုတော့ တစ်နာ ရီခွဲ လောက်မှာ စဖြစ်တာ။ ဒီနေ့ကတော့ တိုက်ပွဲဖြစ်တာမရှိဘူး။ လက်နက်ငယ်တွေနဲ့ပဲ ခြိမ်းခြောက်ပြီး ပစ် တာလောက်ပဲ ရှိတယ်။ မနေ့ကလိုတော့ ထိပ်တိုက်မတွေ့ဘူးဗျ။ ဒီနေ့ကတော့ လေယာဉ်နဲ့လာပစ်တာပဲရှိတယ်။ ဘုန်းကြီးကျောင်းဘက်ကိုပေါ့၊ PDF တွေ ရှိတယ်ထင်ပြီးလာပစ်တာဗျ။ မနေ့က ဖြစ်တဲ့ ထိပ်တိုက် တိုက်ပွဲပြီး တာနဲ့ ဒီနေ့ကို လေယာဉ်နဲ့ လာပစ်တော့တာပဲ” ဟု အဆိုပါ ကသာဒေသခံက ဆက်ပြောသည်။


ယမန်နေ့က ကသာမြို့နယ်၊ ရွှေပြည်သစ်ကျေးရွာနှင့် ဟဲနားကျေးရွာကြားရှိ ချောင်းအနီးတွင် နှစ်ဖက်ကြား ထိပ် တိုက် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာ ရရှိမှု၊ ထိခိုက်ဒေသမှုများ ရှိခဲ့သည့် အတွက် ယနေ့တွင် လေယာဉ်နှင့် လာရောက် ပစ်ခတ်ခြင်း ဖြစ်သည်ဟု ပြောသည်။


ယမန်နေ့က ကသာမြို့က တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က သေဆုံးသူ ၄ ဦးနှင့်၊ ထိခိုက်ဒဏ်ရာ ရရှိသူ ၄ ဦး ထက်မနည်း ရှိပြီး ကသာ PDF ဘက်ကလည်း ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကသာ PDF တာဝန်ရှိသူ တစ်ဦး က ပြောသည်။


ရွှေကူမြို့နယ်ထဲ စစ်ကောင်စီတပ်က လေယာဉ်နှင့် လာရောက်ပစ်ခတ်ခဲ့သည့် အခြေအနေနှင့် ပတ်သက်၍ “ရွှေ ကူမှာက ကျောက်ကြီးဘက်မှာ ပစ်သွားတယ်။ ရွှေကူလေးတဖက်ကမ်းက ကျောက်ကြီးပေါ့၊ လေယာဉ်နဲ့ ဗုံး လာကြဲတာ၊ သုံးခေါက်လာပစ်သွားတယ်။ လေယာဉ်က ၃ စီးလား ၂ စီးလားမသိဘူး လာတာ မြင်လိုက်တယ်။ ဒီ မင်းကျောင်းကုန်းတို့၊ သာယာကုန်းတို့၊ ကျောက်ကြီးတို့ ဘက်ကို လာပြီး ပစ်ခဲ့တာပဲ။ အဲ့နားကတော့ ဒီရက်ပိုင်း တွေ စစ်တပ်ရဲ့ သင်္ဘောတွေ ခနခန ပစ်ခံနေရတဲ့ နေရာတွေဟုတ်တယ်” ဟု ရွှေကူ PDF အဖွဲ့ဝင်တစ်ဦး က ပြော သည်။


ထို့အပြင် ဖားကန့်မြို့နယ်ထဲတွင်လည်း စစ်ကောင်စီတပ်၏ လေယာဉ်များ ပျံဝဲလျှက်ရှိနေသည့်အတွက် ဒေသခံ များက စိုးရိမ်နေကြသည်။


စစ်ကိုင်းတိုင်းဒေသကြီးရှိ ကသာ PDF တပ်ဖွဲ့ဝင်များ၊ ကချင်ပြည်နယ်ထဲက ရွှေကူ PDF တပ်ဖွဲ့ဝင်များနှင့် စစ် ကောင်စီအကြား တိုက်ပွဲများ၊ ပစ်ခတ်မှုများ ဖြစ်ပွားနေသည်သာမက ကယားပြည်နယ်ထဲက ဒီးမော့ဆို PDF တပ်ဖွဲ့ဝင်များ၊ ချင်းပြည်နယ် မင်းတပ် PDF တပ်ဖွဲ့ဝင်များနှင့်လည်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျှက် ရှိ သည်။

http://www.nmg-news.com/2021/05/31/13882

No comments:

Post a Comment