ဒီကနေ့ ဖားကန့်သပိတ်စစ်ကြောင်းမှာ စစ်ကောင်စီအုပ်စုမှပစ်ခတ်ဖြိုခွဲမှုကြောင့်ဒေသခံ ၁ ဦးသေဆုံး| ၅ဦးဒဏ်ရာရရှိ
ဖားကန့် | မားနဂါး | မေလ ၂ရက် | ၂၀၂၁ခုနှစ် ။
ဒီကနေ့ မေလ ၂ရက်နေ့ ဖားကန့်မြို့နယ် လုံးခင်းသပိတ်စစ်ကြောင်းမှာ ရဲနဲ့စစ်ကောင်စီတပ်သားတွေ လာရောက်ဖြိုခွဲခဲ့တဲ့အတွက်ကြောင့် ဆန္ဒပြလှုပ်ရှားနေတဲ့ အမျိုးသားတစ်ဦး ကျည်ဆံထိမှန်သေဆုံးပြီး ၅ဦးထိခိုက်ဒဏ်ရရှိခဲ့တယ်လို့ ဖားကန့်မြို့နယ်ဒေသခံတစ်ဦးက မားနဂါးသတင်းဌာနကိုပြောပါတယ်။
စစ်ကောင်စီအုပ်စုပစ်ခတ်ဖြိုခွဲမှုကြောင့် လုံးခင်းကျေးရွာ ရပ်ကွက်(၁)မှာနေထိုင်တဲ့ အသက် (၃၀)နှစ်အရွယ်ရှိ ကိုဝေဖြိုးရဲ့ နောက်စေ့မှာကျည်ဆံထိမှန်ပြီး သေဆုံးသွားတယ်လို့သိရပါတယ်။
ဖားကန့်မြို့စစ်အာဏာရှင်ဆန့်ကျင်ရေးမှာပူပေါင်းပါဝင်လှုပ်ရှားတဲ့ဒေသခံတစ်ဦးပြောပြချက်အရ
"လုံခင်းနဲ့မှော်ဝမ်းသပိတ်စစ်ကြောင်းလာရောက်ပူးပေါင်းဖို့ထွက်ခွာလာစဉ်မှာ စစ်ကောင်စီအုပ်စုမှ လာရောက်ဖြိုခွဲသွားတာဖြစ်ပါတယ်။ သူတို့လာဖြိုခွဲစဉ်မှာ ဆန္ဒပြနေကြတဲ့ပြည်သူတစ်ချို့မန္တလေးကုန်မာဆိုင် မှာဝင်ပုန်းသော်လည်း သူတို့ဆိုင်ကိုဝင်ရောက်ရိုက်ခွဲပြီး လူထုတွေကို အတင်းလာဆွဲခေါ်ပြီးဖမ်းဆီးသွားတယ်။"လို့ မားနဂါးသတင်းဌာနကိုပြောပါတယ်။
ဒဏ်ရာရရှိတဲ့သူတွေကတော့ လူငယ်ပိုင်းတွေဖြစ်ကြပြီးအမျိုးသား ၄ဦးနဲ့ အမျိုးသမီးတစ်ဦးပါဝင်ပြီး လက်ဖြန့်၊ ရင်အုပ်၊ ပခုံး၊ ခြေသလုံး၊ ဝမ်းဗိုက်တွေမှာဒဏ်ရာအသီးသီးရရှိပြီး နှစ်ဦးကတော့ ဒဏ်ရာအခြေအနေပြင်းထန်တဲ့ အတွက်ကြောင့် စိုရိမ်းရတယ်လို့ သူကဆက်ပြောခဲ့ပါတယ်။
ဒီကနေ့ ဖားကန့်မြို့စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုမှာ စစ်ကောင်စီအုပ်စုမှ ဆန္ဒပြလှုပ်ရှား နေကြတဲ့ပြည်သူ လူထု အယောက် ၂ဝကျော်ဖမ်းဆီးခေါ်ဆောင်သွားပြီး ၃ဝကျော် ပျောက်ဆုံးနေတယ်လို့ ဒေသခံကနေတစ်ဆင့် သိရပါတယ်။
https://www.facebook.com/MarnagarMultimediaNews/posts/4496549810374209?__cft__[0]=AZUu5HRpkZ8IXCrd6gdPLZ8_h4CCHSXK7gcrbu4wLYDAKlC5e33gJoqidV8eBCTBYybU-krNx2AG6LwS4wSsoELRVneSAsuj7Hq3y3vbEO10iPrrxIqe5OUUzQqLHyPmqTxfOpF2p_y0EK724KBtWByy&__tn__=%2CO%2CP-R
No comments:
Post a Comment