လိုင်ဇာအနီးရှိ ကေအိုင်အေစခန်းများကို စစ်ကောင်စီလက်နက်ကိုင်တွေက တိုက်လေယာဥ်ဖြင့် လာပစ်
May 1 - Kachinwaves
ကေအိုင်အိုဌာနချုပ် လိုင်ဇာနှင့်နီးသည့် ကေအိုင်အေ တပ်ရင်း (၁၉) နှင့် (၂၄)များကို ယနေ့ည ၇နာရီကျော်အချိန်တွင် စစ်ကောင်စီ လက်နက်ကိုင်များမှ လေယာဥ်ဖြင့် ၄ကြိမ် လာရောက်ပစ်ခတ်သွားကြောင်း သတင်းရရှိသည်။
"တပ်ရင်း ၁၉နယ်မြေမှာလည်း ကျတယ်။ ၂၄ဘက်မှာလည်း တစ်ခုကျတယ်လို့ကြားတယ်။"ဟု ကေအိုင်အိုသတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ဆိုသည်။
လိုင်ဇာကနေလည်း လေယာဥ်ဗုံးသံများ ကြားရကြောင်း ဒေသခံများကဆိုသည်။
မိုးမောက်မြို့နယ်က ကေအိုင်အေ တပ်ရင်း ၂၅နယ်မြေဘက်လည်း ယနေ့လည်းလေယာဉ်ဖြင့် ဆက်လက်တိုက်ခိုက်နေဆဲဖြစ်သည်။
မိုးမောက်မြို့နယ်တွင် ကေအိုင်အေ နှင့် စစ်ကောင်စီလက်နက်ကိုင်များ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၁လကျော်လာပြီဖြစ်သည်။
Photo. ပုံဟောင်း
No comments:
Post a Comment