Tuesday, April 27, 2021

နယ်စပ်ဒေသ လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် တပ်မတော်၏အင်အားနည်းစခန်းများကို KNLA တပ်မဟာ(၅) က NCA သဘောတူညီချက်များကို ချိုးဖောက်တိုက်ခိုက်လာခဲ့

 နယ်စပ်ဒေသ လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် တပ်မတော်၏အင်အားနည်းစခန်းများကို KNLA တပ်မဟာ(၅) က NCA သဘောတူညီချက်များကို ချိုးဖောက်တိုက်ခိုက်လာခဲ့

Submitted by moiuser on Wed, 04/28/2021 - 11:32


နေပြည်တော် ဧပြီ ၂၇


KNLA တပ်မဟာ(၅)အနေဖြင့် KNU ဗဟိုဦးစီးကော်မတီ၏ အမိန့်ကိုနာခံမှု မရှိဘဲ NCA စာချုပ်ပါ အချက်များအား ချိုးဖောက်၍ မြန်မာနိုင်ငံ၏ နယ်စပ် လုံခြုံရေးစခန်းဖြစ်သည့် ထီးမူထစခန်းအား မတ်လ ၂၇ ရက်တွင် တိုက်ခိုက်လာခဲ့သည်။ ထိုသို့ တိုက်ခိုက်လာခဲ့သည့်အတွက် မတ်လ ၂၈ ရက် တွင် ဖြစ်စဉ်အကြောင်းအရာနှင့် လုံခြုံရေးအရ လိုအပ်သည့် အရေးယူမှုများ ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ပြီးဖြစ်သည်။


ယနေ့နံနက် ၅ နာရီခန့်တွင်လည်း KNLA တပ်မဟာ(၅) အနေဖြင့် တပ်မတော်၏ သောင်ရင်းမြစ် ကြောင်းလုံခြုံရေးစခန်းဖြစ်သည့် သော်လဲထနှင့် ဥသုတစခန်းများအား သာလွန်အင်အားများဖြင့် တိုက်ခိုက်မီးရှို့လာခဲ့သည်။ KNLA တပ်မဟာ(၅) အနေဖြင့် KNU ဗဟိုဦးစီးကော်မတီ၏ အမိန့်ကို နာခံမှုမရှိဘဲ NCA စာချုပ်အား ချိုးဖောက်လျက် ငြိမ်းချမ်းရေးလမ်းစဉ် ပျက်စီးစေရန် ဆက်တိုက် လုပ်ဆောင်လျက်ရှိပြီး တပ်မတော်စစ်ကြောင်းများအား မိုင်းထောင်၊ မိုင်းဆွဲ တိုက်ခိုက်ခြင်း၊ ဒေသ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် လမ်းကြောင်းများ ဖောက်လုပ်ရာတွင် နှောင့်ယှက် တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များသို့ လက်နက်ကြီးများဖြင့် အဝေးမှပစ်ခတ်တိုက်ခိုက်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိသည်။


ထိုကဲ့သို့ KNLA တပ်မဟာ(၅)အနေဖြင့် KNU ဗဟိုဦးစီးကော်မတီ၏ အမိန့်ကို နာခံမှုမရှိဘဲ NCA စာချုပ်အားချိုးဖောက်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပျက်စီးရာ ပျက်စီးကြောင်းများကိုသာ ဆက်တိုက် လုပ်ဆောင်လျက်ရှိခြင်းကြောင့် တပ်မတော်အနေဖြင့် နယ်စပ်ဒေသလုံခြုံရေးနှင့် လိုအပ်သည့် သောင်းကျန်းမှု နှိမ်နင်းရေးစစ်ဆင်ရေးများကို ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

https://www.moi.gov.mm/news/13004

No comments:

Post a Comment