အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) နှင့် ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC)တို့အား သီးခြားစီတွေ့ဆုံ
Submitted by moiuser on Mon, 04/26/2021 - 19:19
နေပြည်တော် ဧပြီ ၂၆
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီနှင့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) တို့တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉နာရီတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ကော်မတီဝင်များ၊ ကော်မတီအတွင်းရေးမှူး နှင့်အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(အငြိမ်းစား) တို့တက်ရောက်ကြပြီး ဒီမိုကရေစီအကျိုးပြု ကရင် တပ်မတော်(DKBA) မှစောမိုရှေး ဦးဆောင်သည့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် နှင့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) မှ စောမိုရှေး တို့က နှုတ်ခွန်းဆက်စကားများပြောကြားကြသည်။
အလားတူ မွန်းလွဲပိုင်းတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)တို့ ဆက်လက်တွေ့ဆုံ ဆွေးနွေးခဲ့ရာ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ကော်မတီဝင်များ၊ ကော်မတီ အတွင်းရေးမှူးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီဝင် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဉီး(အငြိမ်းစား) တို့တက်ရောက် ကြပြီး ကရင် အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC) အတွင်းရေးမှူးချုပ် နော်ကပေါ်ထူး ဉီးဆောင်သည့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
https://www.moi.gov.mm/index.php/news/12959
No comments:
Post a Comment