Monday, April 26, 2021

ကေအိုင်​အေ တပ်ရင်း ၂၅ အား စစ်​ကောင်စီက လေယာဥ်ဖြင့် တိုက်ခိုက်​နေ

 ကေအိုင်​အေ တပ်ရင်း ၂၅ အား စစ်​ကောင်စီက လေယာဥ်ဖြင့် တိုက်ခိုက်​နေ

April 27 - Kachinwaves
မိုး​မောက်မြို့နယ်၊ မြို့သစ်​ကျေးရွာအနီးက ကေအိုင်​အေ တပ်ရင်း ၂၅ အား စစ်ကာင်စီလက်နက်ကိုင်တပ်များက ​လေယာဥ်ဖြင့် တိုက်ခိုက်​နေပြီး ယခုအချိန်ထိ တိုက်ပွဲပြင်းထန်​နေ​ကြောင်း သတင်းရရှိသည်။
"တပ်ရင်း ၂၅ နယ်​မြေ​တွေကို ​လေယာဥ်​​တွေနဲ့ပစ်​နေတယ်။ မ​နေ့ည ည သန်း​ခေါင်ထိ​​တောင် ၄ ​ခေါက် ၅ ​ခေါက်ပတ်တယ်။"ဟု ​ကေအိုင်အိုဘသတင်းနှင့်ပြန်ကြား​ရေး တာဝန်ခံ ဗိုလ်မှူးကြီး​နော်ဘူကဆိုသည်။
စစ်​ကောင်စီ လက်နက်ကိုင်များက ​ခြေလျင်ဖြင့်​လှုပ်ရှားခြင်းများကို အများအပြား မ​တွေ့ရ​ကြောင်း ဆိုသည်။
​​​ကေအိုင်​အေ နှင့် စစ်​ကောင်စီ လက်နက်ကိုင်များ ယင်းနေရာတွင် တိုက်ပွဲဖြစ်ပွား​နေသည်မှာ တစ်လ​ကျော်လာပြီဖြစ်ပြီး ​လေယာဥ်ဖြင့် တိုက်ခိုက်​နေသည်မှာလည်း ၄ ရက်​ ရှိပြီဖြစ်သည်။
စစ်​ကောင်စီ လက်နက်ကိုင် တပ်များက အ​​လောဘွမ်စခန်း ဆုံးရှုံးခဲ့ရပြီး ခမရ ၃၂၀ တပ်ရင်းလည်း အသေအပျောက်များ သဖြင့် ကေအိုင်​အေကို အင်းအားတိုးချဲ့ပြီး ​လေယာဥ်​​များ အသုံးပြု၍ တိုက်ခိုက်​နေခြင်းဖြစ်သည်။

No comments:

Post a Comment