Wednesday, April 28, 2021

မြို့နယ်အချို့၌ နိုင်ငံတော်ဆန့်ကျင်ရေးစာသား ရေးသားသူများနှင့် ဆန့်ကျင်ရေးစာသားပါ ဗီးနိုင်း၊ ပိုစတာ ကိုင်ဆောင်ဆန္ဒပြသူများအား ဖမ်းဆီးရမိ

 မြို့နယ်အချို့၌ နိုင်ငံတော်ဆန့်ကျင်ရေးစာသား ရေးသားသူများနှင့် ဆန့်ကျင်ရေးစာသားပါ ဗီးနိုင်း၊ ပိုစတာ ကိုင်ဆောင်ဆန္ဒပြသူများအား ဖမ်းဆီးရမိ

Submitted by moiuser on Thu, 04/29/2021 - 12:56


နေပြည်တော် ဧပြီ ၂၈


နိုင်ငံတော်အတွင်း ဆူပူအုံကြွမှုများ ဖြစ်ပေါ်စေရေးအတွက် နောက်ကွယ်မှ သွေးထိုးလှုံ့ဆော် နည်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ အဖျက်အမှောင့် ဆောင်ရွက်လိုသူအချို့မှလည်း နိုင်ငံတော် ဆန့်ကျင်ရေးစာသားများအား အများပြည်သူသုံးလမ်းမကြီးများ၊ နိုင်ငံတော်ပိုင်နှင့်  အများပြည်သူပိုင် အဆောက်အဦများပေါ်တွင် ရေးသားခြင်း၊ ဆန့်ကျင်ရေးစာသားပါ ဗီနိုင်းစများ၊ ပိုစတာများ၊ စာရွက်များ အား ချိတ်ဆွဲခြင်း၊ လမ်းများပေါ်တွင် ဖြန့်ကြဲခြင်းတို့ဖြင့် နိုင်ငံတော်အတွင်း မတည်မငြိမ်ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ဆူပူဆန္ဒပြမှုများနှင့် အကြမ်းဖက်မှု ဖြစ်စဉ်များအား ဥပဒေနှင့်အညီ ဖြိုခွဲထိန်းသိမ်းလျက်ရှိသကဲ့သို့ ဆန့်ကျင်စာ၊ လှုံ့ဆော်စာ၊ ရေးသား လှုံ့ဆော်ဖြန့်ဝေသူများကိုလည်း နိုင်ငံတော်တည်ငြိမ်ရေးအတွက် ရှေ့ရှု့ကာ ဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်းဆောင်ရွက်လျက်ရှိပါသည်။


ထိုသို့ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ ဆင်းရွှေလီ(၄)လမ်းမပေါ်၌ အမျိုးသား ၅ ဦး ဆူပူဆန္ဒပြနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အမှတ်(၁)ရပ်ကွက်နေ အောင်ဖြိုးဦး(ခ) အန်းကုန်း(၁၉)နှစ် (ဘ)ဦးထွန်းနိုင် အား နိုင်ငံတော်ဆန့်ကျင်ရေး လှုံ့ဆော်စာသားများပါ A-4 စာရွက်များ၊ ဆိုင်းဘုတ်များနှင့်အတူ တွေ့ရှိရသဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ပါသည်။


အထက်ပါဖြစ်စဉ်မှ ဖမ်းဆီးရမိသူအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိပါသည်။

https://www.moi.gov.mm/index.php/news/13026

No comments:

Post a Comment