Tuesday, April 27, 2021

သီပေါမြို့ရှိ မြို့နယ်ပညာရေးမှူးရုံး မိုင်းပစ်ခွဲခံရ

 သီပေါမြို့ရှိ မြို့နယ်ပညာရေးမှူးရုံး မိုင်းပစ်ခွဲခံရ

သီပေါ l မားနဂါး l ဧပြီလ ၂၇ l ၂၀၂၁ခုနှစ်။
ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ရှိ မြို့နယ်ပညာရေးမှူးရုံးမှာ ဧပြီလ ၂၆ ရက်နေ့ မနေ့ ည ၁၂ နာရီအချိန်မှာ မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သီပေါမြို့ခံ တစ်ဦးက မားနဂါးသတင်းဌာနကို ပြောပါတယ်။
အဆိုပညာရေးမှူးရုံးမှာ မိုင်းပေါက်ကွဲမှုကြောင့် လူထိခိုက်တာမရှိဘဲ မှန်ပြတင်းတံခါးတွေတော့ထိခိုက်ပျက်စီး
ခဲ့တာဖြစ်ပါတယ်။
မိုင်းပေါက်ကွဲမှုဖြစ်စဥ်နဲ့ပတ်သက်ပြီး သီပေါမြို့ခံတစ်ဦးပြောပြချက်အရ
"မနေ့ ည ၁၂နာရီလောက်မှာဖြစ်တယ် ။ မိုင်းတစ်လုံးပစ်ဖောက်ခံရတယ်။လူထိခိုက်တာတော့မရှိဘူး။"လို့ ဒီကနေ့မားနဂါးသတင်းဌာနကိုပြောပါတယ်။
CDM လုပ်တဲ့ဝန်ထမ်းတွေကိုလစာတွေမပေးတော့ကြောင်း ပညာရေးမှူးကမနေ့ဆုံးဖြတ်လိုက်တဲ့အတွက်ကြောင့်ဖြစ်မယ်လို့ ဒေသခံတစ်ချို့ပြောကြားချက်အရသိရတယ်လို့ သူကဆက်ပြောခဲ့ပါတယ်။
https://www.facebook.com/MarnagarMultimediaNews/posts/4481224538573403?__cft__[0]=AZWl10YXY2Nno0tQNyRhW-UofdSwTvHcf9Z0NagSRlH9-hh6ubP3EHW88WuI3cJVoCm5iN2J1w6XRU1djUdOPnpnFvpCILBlV5o8BIHqYINl-X5It49WlAPn4vCJLI_cSpODQzsRbhipvZ3uvJEACDRC&__tn__=%2CO%2CP-R

No comments:

Post a Comment