ကေအိုင်အေ တပ်ရင်း ၂၅နယ်မြေကို ယနေ့ညလည်း လေယာဉ်ဖြင့် လာပစ်၊ တိုက်ပွဲပြင်းထန်နေ
April 28 - Kachinwaves
ကေအိုင်အေ တပ်ရင်း ၁၂၅နယ်မြေ မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာအနီး စလောင်းကုန်းတဝိုက်တွင် ယနေ့ညနေ ၆ နာရီမှ စ၍ ပစ်ခတ်မှုများဖြစ်ကာ တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။
တိုက်ပွဲဖြစ်ပွားရာ နေရာတွင် စစ်ကောင်စီ လက်နက်ကိုင်များက ည ၁၀ နာရီအချိန်ခန့်၌ လေယာဥ် ၃ စင်းဖြင့် ဗုံးကျဲသွားကြောင်း သိရသည်။
စစ်ကောင်စီ လက်နက်ကိုင်များသည် ကျေးရွာများသို့လည်း လက်နက်ကြီးများ ပစ်ခတ်သဖြင့် ကုန်းလောကျေးရွာမှ ပြည်သူတစ်ဦး ဒဏ်ရာရပြီး ဆေးကုသမှုခံယူနေရကြောင်းလည်း သိရသည်။
ကေအိုင်အေ တပ်ရင်း ၂၅ နယ်မြေကို စစ်ကောင်စီလက်နက်ကိုင်များက ယနေ့မနံနက် ၄နာရီမှ မွန်းလွဲ ၁ နာရီကြားတွင်တစ်ကြိမ်၊ ညနေ ၄ နာရီတွင်တစ်ကြိမ် လေယာဉ်ဖြင့် ဗုံးကျဲခဲ့ပြီး ယခုည ၁၀ နာရီတွင် ထပ်မံဗုံးကျဲခြင်း ဖြစ်သည်။
တိုက်ပွဲကြောင့် နှစ်ဖက် ကျဆုံးမှုများ ရှိသော်လည်း အတိအကျ မသိနိုင်သေးပါ။
မိုးမောက်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်လကျော်လာပြီဖြစ်ပြီး စစ်ကောင်စီမှ လေယာဥ်ဖြင့် တိုက်ခိုက်နေသည်မှာ ၅ရက်ဆက်တိုက် ရှိနေပြီဖြစ်သည်။
ရှမ်းမြောက်က ကေအိုင်အေ တပ်မဟာ ၆ တပ်ရင်း ၉ နယ်မြေတွင်လည်း စစ်ကောင်စီ လက်နက်ကိုင်များ တက်လာသည့်အတွက် တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
source. Kachinnet
No comments:
Post a Comment